နေပြည်တော် စက်တင်ဘာ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့မှ ကုန်ပစ္စည်းများတင်ဆောင်၍ ချင်းတွင်းမြစ်ကြောင်းအတိုင်း မောင်းနှင်လာသည့်ရေယာဉ်များအနက် ကြယ်မင်း(၄)ရေယာဉ်သည် စက်တင်ဘာ ၁၉ ရက်နံနက် ၉ နာရီ ၅၅ မိနစ်ခန့်တွင် မင်းကင်းမြို့နယ်၊ ပန်းဆက်ကျေးရွာအနီးသို့အရောက်၌ ရေဝဲအတွင်းသို့ရောက်ရှိကာ နစ်မြုပ်သွားခဲ့ကြောင်း သိရှိရသည်။
အဆိုပါရေယာဉ်နစ်မြုပ်တိမ်းမှောက်မှုကြောင့် ကုမ္ပဏီဝန်ထမ်း ၃ ဦးနှင့် အရပ်သူ အရပ်သား ၆ ဦး၊ လုံခြုံရေးလိုက်ပါလာသည့် လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦးတို့ မျောပါပျောက်ဆုံးခဲ့သဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။