နေပြည်တော် စက်တင်ဘာ ၁၉
အာရှ-ပစိဖိတ်ဒေသတွင်း ရုပ်သံလွှင့်လုပ်ငန်းဖွံ့ဖြိုးရေးဆိုင်ရာအဖွဲ့အစည်း Asia-Pacific Institute for Broadcasting Development (AIBD)က ကျင်းပသည့် လူမှုမီဒီယာနှင့်သတင်းတုသတင်းမှားများ ဖြစ်ပေါ်နေသည့်ခေတ်တွင် သတင်းထောက်များ စိတ်ပျော်ရွှင်စွာဖြင့် ဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့် စပ်လျဉ်းသည့် အွန်လိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းကကျင်းပရာ မြန်မာအသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများ တက်ရောက်ကြသည်။
အဆိုပါဆွေးနွေးပွဲတွင် သတင်းထောက်များ၏ စိတ်ပိုင်းဆိုင်ရာခံနိုင်ရည်ရှိမှုနှင့် ယင်းတို့အပေါ် သက်ရောက်မှုများအတွက် အသိပညာမြှင့်တင်ခြင်း၊ သတင်းသမားများလုပ်ငန်းခွင်အတွင်း စိတ်ဖိစီးမှုနှင့် အခြားစိန်ခေါ်မှုများကို စီမံခန့်ခွဲရန် လက်တွေ့ကျသောလုပ်ငန်းစဉ်များ၊ မဟာဗျူဟာများနှင့်စပ်လျဉ်း၍ စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ သတင်းသမားများအကြား စိတ်ပိုင်းဆိုင်ရာ ပွင့်လင်းမြင်သာမှု ယဉ်ကျေးမှုကိုမြှင့်တင်ရန်နှင့် စိတ်ဓာတ်ကြံ့ခိုင်ရေးအတွက် ပံ့ပိုးပေးရန် မီဒီယာအဖွဲ့အစည်းများကို တိုက်တွန်းခြင်း၊ ထိရှလွယ်သောကိစ္စရပ်များနှင့်စပ်လျဉ်း၍ သတင်းတင်ဆက်ခြင်း၏ ကျင့်ဝတ်ဆိုင်ရာများ ထည့်သွင်းစဉ်းစားခြင်း ခေါင်းစဉ်များဖြင့် အာရှ-ပစိဖိတ်ဒေသတစ်ဝန်းမှ အကောင်းဆုံးအတွေ့အကြုံများကို မျှဝေဆွေးနွေးကြကြောင်း သိရသည်။
သတင်းစဉ်