Skip to main content

(၁၆) ကြိမ်မြောက် အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့- အပြည်ပြည်ဆိုင်ရာစာရင်းရှင်းလင်းရေးဘဏ်တို့၏ အဆင့်မြင့်အရာရှိများဆွေးနွေးပွဲနှင့် (၂၂)ကြိမ်မြောက် အရှေ့တောင်အာရှဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများအစည်းအဝေး ကျင်းပ

နေပြည်တော် စက်တင်ဘာ ၁၉

အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့ (The South East Asian Central Banks-SEACEN Centre)၊ အပြည်ပြည်ဆိုင်ရာစာရင်းရှင်းလင်းရေးဘဏ်(Bank for International Settlements-BIS)နှင့် ကမ္ဘောဒီးယားနိုင်ငံဗဟိုဘဏ်တို့မှ ကြီးမှူးကျင်းပသည့် (၁၆)ကြိမ်မြောက် အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့- အပြည်ပြည်ဆိုင်ရာစာရင်းရှင်းလင်းရေးဘဏ်တို့၏ အဆင့်မြင့်အရာရှိများ ဆွေးနွေးပွဲ (16th SEACEN-BIS High Level Seminar) ကို ယမန်နေ့နံနက် ၈ နာရီခွဲတွင်လည်းကောင်း၊ (၂၂)ကြိမ်မြောက် အရှေ့တောင်အာရှဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများအစည်းအဝေး (22nd SEACEN Executive Committee -EXCO Meeting) ကို ယနေ့နံနက် ၉ နာရီခွဲတွင်လည်းကောင်း ကျင်းပသည်။

တက်ရောက်

အဆိုပါဆွေးနွေးပွဲနှင့် အစည်းအဝေးများသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်က Virtual စနစ်ဖြင့် တက်ရောက်သည်။

ယမန်နေ့ကကျင်းပသည့် အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့-အပြည်ပြည်ဆိုင်ရာ စာရင်းရှင်းလင်းရေးဘဏ်တို့ အဆင့်မြင့်အရာရှိများဆွေးနွေးပွဲ (SEACEN-BIS High Level Seminar)တွင် ကမ္ဘောဒီးယားနိုင်ငံဗဟိုဘဏ်ဥက္ကဋ္ဌ Madam. Chea Serey ၊ SEACEN Centre ၏ အမှုဆောင်ဒါရိုက်တာ Dr. Mangal Goswami နှင့် အပြည်ပြည်ဆိုင်ရာ စာရင်းရှင်းလင်းရေးဘဏ်၏ Chief Representative ဖြစ်သူ Mr. Tao Zhang တို့က ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့သည်။ ထို့နောက် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပခဲ့ရာ “Monetary Tightening, Financial Stability and Geopolitical Fragmentation” ခေါင်းစဉ်နှင့်စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၏ ဒုတိယဦးဆောင်ညွှန်ကြားရေးမှူး Mr. Bo Li က ဆွေးနွေး ပြောကြားသည်။

ထို့နောက် “Lessons learned from Recent US and European Banking Stress” ခေါင်းစဉ်နှင့်စပ်လျဉ်း၍ NYU Stern မှ Mr. Viral Acharya က Lead Speaker အဖြစ်ဆောင်ရွက်ပြီး အပြည်ပြည်ဆိုင်ရာစာရင်းရှင်းလင်းရေးဘဏ်မှ စီးပွားရေးဌာနမှူး Mr. Ilhyock Shim က Moderator အဖြစ်လည်းကောင်း၊ ဟောင်ကောင်ငွေကြေး အာဏာပိုင်အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ Mr. Kenneth Hui နှင့် သီရိလင်္ကာနိုင်ငံဗဟိုဘဏ်၏ ဒုတိယဥက္ကဋ္ဌ Mr. Yvette Fernando တို့က Panel Speaker များအဖြစ် ဆွေးနွေးကြသည်။ ယင်းနောက် “Geopolitical Fragmentation and Financial Sector Stability Risks” ခေါင်းစဉ်နှင့်စပ်လျဉ်း၍ ဟောင်ကောင်တက္ကသိုလ်မှ Dr. Cheng Li နှင့် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့မှ Mr. Mahvash Qureshi တို့က Speaker များအဖြစ်ဆောင်ရွက်ပြီး အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့၏ ဒုတိယညွှန်ကြားရေးမှူး Mr. Roger Nord က Moderator အဖြစ်ဆောင်ရွက်၍ ဆွေးနွေးကြသည်။

ညနေပိုင်းတွင် “Monetary and Fiscal Policy: Safeguarding Stability and Trust” ခေါင်းစဉ်နှင့်စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာစာရင်းရှင်းလင်းရေးဘဏ်၏ ငွေကြေးမူဝါဒနှင့် စီးပွားရေးရာဌာနအကြီးအမှူး Mr. Claudio Borio က Lead Speaker အဖြစ် ဆောင်ရွက်ပြီး အပြည်ပြည်ဆိုင်ရာ စာရင်းရှင်းလင်းရေးဘဏ်မှ Mr. Tao Zhang က Moderator အဖြစ် ဆောင်ရွက်ကာ မလေးရှားနိုင်ငံ ဗဟိုဘဏ်၏ ဒုတိယဥက္ကဋ္ဌ Mr. Marzunisham Omar မှ Panel Speaker အဖြစ် ဆောင်ရွက်သည်။ ထို့နောက် “Financial Sector Development and Stability Issues in Asia” ခေါင်းစဉ်နှင့်စပ်လျဉ်း၍ IMF Singapore Training Institute မှ Director Mr. Alfred Schipke က လည်းကောင်း၊ IMF ၊ အာရှ-ပစိဖိတ်ဌာန၏ ဒုတိယညွှန်ကြားရေးမှူး Mr. Thomas Helbling ကလည်းကောင်း Speaker များအဖြစ် ဆောင်ရွက်ပြီး အိန္ဒိယနိုင်ငံဗဟိုဘဏ်၏ ဒုတိယဥက္ကဋ္ဌ Mr. MD Patra မှ Guest Speaker အဖြစ်ဆောင်ရွက်၍ ဆွေးနွေးကြသည်။ ထို့နောက် တက်ရောက်လာကြသည့် SEACEN အဖွဲ့ဝင်ဗဟိုဘဏ် ၁၉ ဘဏ်တို့မှ ဒုတိယဥက္ကဋ္ဌများ၊ SEACEN အမှုဆောင်ဒါရိုက်တာနှင့် အစည်းအဝေးတက်ရောက်လာသူများက ၎င်းတို့၏ အတွေ့အကြုံအသိအမြင်များကို အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

ယနေ့တွင် (၂၂) ကြိမ်မြောက် အရှေ့တောင်အာရှဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများအစည်းအဝေး (22nd SEACEN Executive Committee - EXCO Meeting) ကို ဆက်လက်ကျင်းပရာ အစည်းအဝေးတွင်လာမည့် ၂၀၂၄ ခုနှစ်တွင် ဆောင်ရွက်မည့် ဦးစားပေးလုပ်ငန်းများ၊ ၂၀၂၄ ခုနှစ်အတွက် ဘတ်ဂျက်လျာထားမှု၊ SEACEN စင်တာမှ ကြီးမှူးဆောင်ရွက်လျက်ရှိသည့် မဟာဗျူဟာမြောက်စီမံကိန်းများဆောင်ရွက်မှု၊ AMRO နှင့် Asia School of Business တို့မှ SEACEN မဟာဗျူဟာမိတ်ဖက်အဖွဲ့အစည်းများအဖြစ် ပါဝင်ဆောင်ရွက်နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ SEACEN စင်တာတွင် ဝန်ထမ်းခန့်အပ်မှုဆိုင်ရာကိစ္စရပ်များ၊ SEACEN စင်တာ၏ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ SEACEN အမှုဆောင် ဒါရိုက်တာ Dr. Mangal Goswami နှင့် ကမ္ဘောဒီးယားနိုင်ငံ ဗဟိုဘဏ်၏ဥက္ကဋ္ဌ Madam. Chea Serey တို့က တင်ပြ ဆွေးနွေးခဲ့ရာ SEACEN အဖွဲ့ဝင်ဗဟိုဘဏ် ၁၉ ဘဏ်၏ ဒုတိယဥက္ကဋ္ဌများက ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အကြုံပြုဆွေးနွေးကာ လမ်းညွှန်မှုများပေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်