နေပြည်တော် စက်တင်ဘာ ၁၄
အာရှ-ပစိဖိတ်ဒေသတွင်း ရုပ်သံလွှင့်လုပ်ငန်းဖွံ့ဖြိုးရေးဆိုင်ရာ အဖွဲ့အစည်း Asia-Pacific Institute for Broadcasting Development (AIBD)က ကျင်းပသည့် အားကစားသတင်း အစီအစဉ်ထုတ်လွှင့်မှုနှင့် သတင်းအတတ်ပညာ အခြေခံသဘောတရားဆိုင်ရာ အွန်လိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက ကျင်းပရာ မြန်မာအသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများ တက်ရောက်ကြသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ဒစ်ဂျစ်တယ်စနစ်ဖြင့် အားကစားသတင်း ထုတ်လွှင့်ခြင်းနှင့် သတင်းအတတ်ပညာတွင် ထိရောက်သော သတင်းတင်ဆက်မှု၏ အဓိကမူဝါဒဆိုင်ရာများ မိတ်ဆက်တင်ပြခြင်း၊ တိုက်ရိုက်ထုတ်လွှင့်မှုများတွင် အားကစားဝေဖန်သုံးသပ်ချက်များ နောက်ခံပြောကြားခြင်း၊ တိုက်ရိုက်ထုတ်လွှင့် တင်ဆက်ခြင်း၊ Sideline Reporting၊ အားကစားသတင်းတင်ဆက်ရာတွင် မရှိမဖြစ်ပါဝင်ရမည့်အချက်များ ထည့်သွင်းတင်ဆက်ခြင်း၊ သတင်းရယူမှုများတွင် ထိထိ ရောက်ရောက် ပေါင်းစပ်နိုင်စေရန် ကျွမ်းကျင်မှုများဖြင့် တည်ဆောက် ခြင်း၊ သမားရိုးကျမီဒီယာနှင့် အွန်လိုင်းမီဒီယာများမှတစ်ဆင့် အကျိုးသက်ရောက်သော Content များဖန်တီးခြင်း၊ Content များဝယ်ယူခြင်း၊ နည်းလမ်းအမျိုးမျိုးနှင့် အရည်အသွေးမြင့်မားပြီး ဆွဲဆောင်မှုရှိသော ရုပ်/သံလွှင့်အစီအစဉ်များ ဖန်တီးမှုဆိုင်ရာ မဟာဗျူဟာများ ဆွေးနွေးခြင်းနှင့် အားကစားသတင်းများမှ ဖျော်ဖြေရေးအထိ Content များအကြား ကွဲပြားချက်များစသည်ဖြင့် ဆွေးနွေးကြသည်။
သတင်းစဉ်