Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့် အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ကိုင်ဆောင်ထားသူများအား Biometric Enrolment Application ရိုက်သွင်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

မန္တလေး စက်တင်ဘာ ၁၄

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ဒေါနဘွားရပ်ကွက်ရှိ ပင်မစစ်လက်နက်ပစ္စည်းတပ် အစည်းအဝေးခန်းမ၌ အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်ထားသူများအား Biometric Enrolment Application ရိုက်သွင်းဆောင်ရွက်နေမှု၊ ဓာတ်ပုံ ရိုက်ခြင်း၊ မျက်လုံး Scan ဖတ်ခြင်း၊ လက်ဗွေ Scan ဖတ်ခြင်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုအားပေးသည်။

ထို့နောက် မဟာအောင်မြေမြို့နယ်ရုံး၌ EID စနစ် ရိုက်သွင်းနေမှု၊ Online စနစ်ဖြင့် နိုင်ငံခြားသား ရောက်ရှိတိုင်ကြားမှုလုပ်ငန်း အခြေအနေများကို လှည့်လည်ကြည့်ရှုသည်။ ဆက်လက်၍ ချမ်းမြသာစည်မြို့နယ် ၆၂ လမ်းပေါ်ရှိ သူနာပြုတက္ကသိုလ် (မန္တလေး) Multi Purpose Hall ၌ ကျောင်းသား ကျောင်းသူများအား EID စနစ် ရိုက်သွင်းဆောင်ရွက်နေမှုများကို ကြည့်ရှုကာ ကျောင်းသား ကျောင်းသူများအား တွေ့ဆုံနှုတ်ဆက်သည်။

ထည့်သွင်းပြီးဖြစ်

ယင်းနောက် ဒုတိယဝန်ကြီးသည်တိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံဟောင်း၌ တိုင်းဒေသကြီး အတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များမှ ဦးစီးမှူးများ၊ ဝန်ထမ်းများနှင့် တာဝန်ရှိသူများအား တွေ့ဆုံ၍ Biometric ကောက်ယူသည့်လုပ်ငန်းသည် တိုင်းပြည်အတွက် အလွန်အရေးကြီးကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးရှိ နိုင်-၄ မှတ်တမ်း ၅၂ သန်းကျော်နှင့် အိမ်ထောင်စု ၁၃ သန်းကျော်ကို data base အတွင်း ထည့်သွင်းပြီးဖြစ်ကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကို digital စနစ် ဖြစ်အောင်ဆောင်ရွက်နေသဖြင့် ဝန်ထမ်းများ IT ကျွမ်းကျင်နားလည်ရန်လိုအပ်သကဲ့သို့ cyber security ကိုလည်း ဂရုစိုက်ရန်လိုကြောင်း၊ မိမိတို့ဌာနသည် public services ပေးသည့်ဌာနဖြစ်၍ ဝန်ထမ်းများအနေဖြင့် ပြည်သူလူထုကို အကောင်းဆုံးဝန်ဆောင်မှု ပေးရန်လိုကြောင်း မှာကြားသည်။

သတင်းစဉ်