နေပြည်တော် စက်တင်ဘာ ၁၄
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အကြိမ်(၂၀)မြောက် အာဆီယံလေတပ်ဦးစီး ချုပ်များအစည်းအဝေး 20th ASEAN Air Chiefs Conference (20th AACC)ကို တက်ရောက်လာကြသည့် လေတပ်ဦးစီးချုပ်များ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် သူရဲကောင်းဗိမာန် (နေပြည်တော်)သို့သွားရောက်၍ သူရဲကောင်းဗိမာန်အတွင်းရှိ အထိမ်းအမှတ်ကျောက်တိုင်ရှေ့၌ ဂုဏ်ပြုပန်းခြင်းများဖြင့် နိုင်ငံတော်နှင့်တပ်မတော်အတွက် အသက်စွန့်လွှတ်ခဲ့ကြသူများအား အလေးပြုကြပြီး ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ် ရေးထိုးကြသည်။
လှည့်လည်ကြည့်ရှုလေ့လာ
မွန်းလွဲပိုင်းတွင် တပ်မတော်လေယာဉ်ဖြင့် ပြင်ဦးလွင်မြို့သို့သွားရောက်၍ အမျိုးသားကန်တော်ကြီး ဥယျာဉ်အတွင်းရှိ လိပ်ပြာပြတိုက်နှင့် ဥယျာဉ်အတွင်း လှည့်လည်ကြည့်ရှု လေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြသည်။ ထိုမှတစ်ဆင့် ပြင်ဦးလွင်မြို့တွင်း လှည့်လည်ကြည့်ရှုကာ The View Resort သို့ သွားရောက်၍ အမှတ်တရဓာတ်ပုံများ ရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်