Skip to main content

Apr 27, 2022

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဓာတ်အားခွဲရုံများ တည်ဆောက်/ မောင်းနှင်/ ပြုပြင်ထိန်းသိမ်းခြင်း သင်တန်းအမှတ်စဉ် (၂)နှင့် အင်ဂျင်နီယာများစီမံခန့်ခွဲရေး သင်တန်းအမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ နေပြည်တော် ဗဟိုသင်တန်းကျောင်း၌ Covid- 19 ကာကွယ်ရေးနည်းစနစ်များနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 27, 2022

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၏ စီစဉ်မှုဖြင့် “လမ်းပေါ်နေကလေးများ လျော့နည်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေးစီမံချက်” တွင် ပါဝင်ဆောင်ရွက်မည့် စေတနာ့ဝန်ထမ်း Volunteer များကို အသိပညာပေး သင်တန်းကို ဧပြီ ၂၅ ရက်မှ ၂၇ ရက်အထိ Online အစီအစဉ်ဖြင့် ဖွင့်လှစ်လျက်ရှိရာ ဧပြီ ၂၆ ရက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးက စေတနာ့ဝန်ထမ်း Volunteer များကို Online ဖြင့်တွေ့ဆုံ၍ အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 27, 2022

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း နှင့် ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် တို့သည် ဧပြီ (၂၅) ရက် မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်)သို့ ရောက်ရှိစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 27, 2022

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထိန်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ဧပြီ ၂၄ ရက် နံနက်ပိုင်းတွင် ပုသိမ်ခရိုင် ငပုတောမြို့နယ်ရှိ ခွဲကျောက် အမာခံခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေသည့် ဇီးချိုင်-ကံချိုင်လမ်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ရေရှည်တည်တံ့ခိုင်မြဲရေး ပြင်ဆင်ထိန်းသိမ်းခြင်းနှင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန် မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 27, 2022

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိရစ္ဆာန်ရောဂါ ရှာဖွေရေးဓာတ်ခွဲခန်း(ရန်ကုန်)၏ တိရစ္ဆာန်ကူးစက်ရောဂါများ စူးစမ်းရှာဖွေခြင်းနှင့် အတည်ပြုပေးခြင်းလုပ်ငန်းများ၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ ကျန်းမာရေးထောက်ခံချက်လက်မှတ် ထုတ်ပေးခြင်းလုပ်ငန်းများ၊ ရောဂါတုံ့ပြန်နိုင်မှု တိုင်းတာပေးခြင်း၊ ရောဂါစစ်ဆေးရန် ကွင်းဆင်းနမူနာကောက်ယူခြင်း၊ ရောဂါသုတေသနပြု ဆောင်ရွက်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး တိရစ္ဆာန်ကျန်းမာရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန် လိုအပ်ချက်များနှင့် နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းအဆင့်(ISO/IEC 17025:2017)ရရှိရေးတို့ကို မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 27, 2022

“AHA Centre မှ တစ်ဆင့် လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူ အညီစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ (Task Force) ၏ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 26, 2022

မြန်မာနိုင်ငံ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ ဥက္ကဋ္ဌ၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ၊ တရားရေးဝန်ကြီး၊ H.E.Mr.Somsak Thepsutin ၏ ဖိတ်ကြားချက်အရ မြန်မာ-ထိုင်း နှစ်နိုင်ငံမူးယစ်ဆေးဝါးပူးပေါင်း ထိန်းချုပ်ရေးကိစ္စရပ်များ တိုးမြှင့် ဆောင်ရွက်ရန် ဧပြီ ၂၂ ရက် နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာအမျိုးသားလေကြောင်းဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက် မြို့သို့ ထွက်ခွာသွားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 26, 2022

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် ယနေ့၊ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတ မြို့နယ်ရှိ မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်း၊ ကမ်းလွန်ရေနံအခြေစိုက်စခန်း၏ လုပ်ငန်းဆောင်ရွက်မှုကို သွားရောက်ကြည့်ရှု စစ်ဆေး သည်။

ဆက်လက်ဖတ်ရှုရန်

Apr 26, 2022

ကမ္ဘာ့မူပိုင်ခွင့်နေ့ (၂၀၂၂) အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညီလာခံခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 26, 2022

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 26, 2022

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့် တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် ယမန်နေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဧည့်ခန်းမ၌တွေ့ဆုံ၍ ပဲခူးတိုင်းဒေသကြီးအတွင်း ဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လူမှုဝန်ထမ်း လုပ်ငန်းများနှင့်ပတ်သက်၍ အရှိန်အဟုန်မပြတ် ထိရောက်မြန်ဆန်စွာ ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ဆောင်ရမည့်အချက်များကို ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 26, 2022

အာဆီယံ - ကိုရီးယားဗဟိုဌာန၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ ကိုရီးယားခရီးသွားလုပ်ငန်း အဖွဲ့နှင့် Travie Magazine တို့မှ ကြီးမှူး၍ “Seminar on ASEAN-Korea Culture and Tourism” ဆွေးနွေးပွဲကို “ဒီဂျစ်တယ် နည်းပညာဖြင့် ရေရှည်တည်တံ့ခိုင်မြဲပြီး ကြံ့ကြံ့ခံ တုံ့ပြန်နိုင်စွမ်းရှိသော ခရီးသွားလုပ်ငန်းများဖော်ဆောင်ခြင်း” ခေါင်းစဉ်ဖြင့် ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် တာဝန်ရှိသူများနှင့်အတူ အွန်လိုင်းမှ ပါဝင်တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 26, 2022

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ ဝတ္ထုရှည် ပထမဆုရရှိသည့် စာရေးဆရာ ညိမ်းညို၏ “မလင်းဘယ်ခါ ရှိပါ့မယ်” စာအုပ်ကို ဖြန့်ချိရောင်းချလျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 26, 2022

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က စာပေဗိမာန်စာမူဆု လူငယ်စာပေ ပထမဆုရရှိသည့် စာရေးဆရာမ ယဉ်ယဉ် (ဘက်ရဲ)၏ “ကြယ်မကြွေသော ထိုကောင်းကင်” စာအုပ်ကို ဖြန့်ချိ ရောင်းချလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 26, 2022

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး ပုလဲမြို့သစ် နွယ်ခွေယန္တရားဝင်းသို့ ရောက်ရှိပြီး စက်၊ ယာဉ်၊ ယန္တရားများ လုံခြုံရေး အထူးဂရုပြုရန်၊ ကျူးကျော်တဲများ ချဉ်းကပ်မှု မရှိစေရေး ဝန်ထမ်းအင်အား လုံလောက်စွာ စုဖွဲ့ တာဝန်ပေးအပ်ရန် မှာကြားကာ လုံခြုံရေးဂိတ်၊ ပစ္စည်းဟောင်း ဂိုဒေါင်နေရာများ၊ စက်ပြင်/စက်မောင်းဝန်ထမ်းလိုင်းခန်းနေရာနှင့် စက်ယာဉ် ယန္တရားများ ထိန်းသိမ်းထားရှိမှုနှင့် နွယ်ခွေ ယန္တရားဝင်း ပတ်လမ်းတစ်လျှောက် လိုက်လံကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 26, 2022

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ပန်းခင်းစီမံချက်လုပ်ငန်းစဉ်နှင့် မဲစာရင်းမှန်ကန်စေရေး ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 25, 2022

ကျန်မာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ရှိသူများ နှင့်အတူ ယမန်နေ့ နံနက်ပိုင်းက သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်(မန္တလေး)သို့ သွားရောက်ပြီး သင်ကြားရေး လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် အဆောက်အဦများ ထိန်းသိမ်းထားရှိမှု၊ ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် ဝန်ထမ်းရေးရာ ဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 25, 2022

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု၊ ဖြန့်ဖြူးလျက်ရှိသည့် ဓာတ်အားစနစ်ရှိ ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာများ၌ ဓာတ်အား ပျောက်ဆုံးမှု လျော့နည်းကျဆင်းစေရေး၊ ရောင်းချထားသော ဓာတ်အားခများရရှိရေးတို့နှင့် ပတ်သက်၍ ခရိုင်လျှပ်စစ်မန်နေဂျာ/ ခရိုင်လျှပ်စစ်အင်ဂျင်နီယာများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 25, 2022

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ ဝန်ထမ်းများ လုပ်ငန်း စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၈)နာရီခွဲ တွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ (Multipurpose Hall) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 25, 2022

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်နှင့် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းတို့သည် ဧပြီ ၂၄ ရက် နံနက်ပိုင်းတွင် မြောက်ဥက္ကလာပမြို့နယ် (ည) ရပ်ကွက်ရှိ ဘုမ္မာ(၁၂)လမ်း သာသနာ့လင်းရောင်ခြည်ဓမ္မာရုံနှင့် မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးတို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ၊ မိတ်ဖက် အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ဆန်နှင့် ဂျုံများကို ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးနေမှုကို ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်