May 23, 2022
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယမန်နေ့ ညနေပိုင်းတွင် နေပြည်တော် ဥတ္တရသီရိဟိုတယ်၌ ကျင်းပသည့် နေပြည်တော် ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း စတင်ဖွဲ့စည်းတည်ထောင်ခြင်း (၁၁)နှစ်ပြည့်မြောက်သည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းအခမ်းအနားနှင့် အသင်းသားစုံညီ မိတ်ဆုံညစာစားပွဲသို့ တက်ရောက်သည်။
May 23, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါက်တာဗညားအောင်မိုး၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ မေ ၂၀ ရက်မှစ၍ လေပြင်းများတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရေကြီး ရေလျှံမှုများ၊ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် မော်လမြိုင်မြို့နယ်၊ ချောင်းဆုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ သထုံမြို့နယ်၊ ပေါင်မြို့နယ်တို့ရှိ ရေဘေးသင့်ပြည်သူများ၊ မွန်ပြည်နယ် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား ယနေ့ နေ့လယ်ပိုင်းတွင် မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမ၌ သွားရောက်တွေ့ဆုံ အမှာစကားပြောကြားသည်။
May 23, 2022
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့မွန်းလွဲ ၃ နာရီတွင် လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးသည်။
May 23, 2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ကြီးမှူးကျင်းပသော (၇၄)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည် အရှင်သူမြတ် အပါး ၂၀ တို့အား ချီးကျူးပူဇော်ပွဲနှင့် အောင်လက်မှတ် ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သိရိမင်္ဂလာကမ္ဘာအေး ကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။

May 22, 2022
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ ယမန်နေ့တွင် ရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်)၊ ထောက်ရှာပင်/ ကမ်းနီရေနံမြေနှင့် မန်းရေနံမြေ အခြေအနေတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
May 22, 2022
ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့နှင့် အခြားဆက်စပ်မြို့များတွင် မေ (၁၂)ရက်မှ (၂၃)ရက်အထိ ကျင်းပပြုလုပ်နေသည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာအားကစားသမားအဖွဲ့သည် ယနေ့ညနေ ၄ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မြန်မာ့လေကြောင်း စင်းလုံးငှားလေယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ အနုပညာရှင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများ၏ မိဘဆွေမျိုးများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ၊ မိဘပြည်သူများက အိုးစည်၊ ဒိုးပတ်များ၊ ပန်းစည်းများဖြင့် သောင်းသောင်းဖျဖျ ဂုဏ်ပြုကြိုဆိုကြသည်။
May 22, 2022
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် မြန်မာနိုင်ငံ စာရေးဆရာအသင်း တတိယအကြိမ် ညီလာခံသို့ တက်ရောက်အမှာစကား ပြောကြားသည်။

ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို မြို့အသီးသီးရှိ အားကစားကွင်း/ အားကစားရုံများ၌ ကျင်းပလျက်ရှိရာ ယနေ့ ညနေပိုင်းတွင် ဟနွိုင်းမြို့ရှိ Soc Son အားကစားရုံ၌ ဗိုဗီနမ်အားကစားနည်းမှ Male Leg Attack Technique 04 Males, Each Performs 2 Legs Attack Technique (လေးယောက်တွဲ)အပြပွဲစဉ်၌ မောင်အောင်ခိုင်လင်း၊ မောင်ရာဇာထွန်း၊ မောင်ဟိန်းထက်အောင်နှင့် မောင်ကျော်သူစိုးအောင်တို့က (၉)ခုမြောက် ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန် ထပ်မံဆွတ်ခူးရယူပေးနိုင်ခဲ့ပြီး၊ (60)ကီလိုတန်း(အတိုက်)ပွဲစဉ်၌ မရွှေသက်ထားက ကြေးတံဆိပ်ဆုကို လည်းကောင်း၊ Bac Ninh Gymnasium အားကစားရုံ၌ လက်ဝှေ့အားကစားနည်းမှ (-57)ကီလိုတန်းပွဲစဉ်၌ မောင်နိုင်လတ်က ငွေတံဆိပ်ဆုကို လည်းကောင်း ထပ်မံဆွတ်ခူး ရရှိခဲ့ကြသည်။
May 22, 2022
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမိုးဇော်ထွန်းတို့နှင့်အတူ မေ ၂၁ ရက် နံနက် ၁ နာရီ မိနစ် ၄၀ တွင် ဘဝနတ်ထံပျံလွန်တော်မူသွားသည့် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ကြီးပွားရေးရပ်ကွက်ပုညနိမ္မိတာရာမရွှေသုဝဏ်ကျောင်းတိုက်၏ဦးစီးပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တသဒ္ဓိယမဟာထေရ်မြတ်ကြီး သက်တော်(၈၄)နှစ်၊ သိက္ခာတော် (၆၄)ဝါ၏ ဥတုဇရုပ်ကလာပ်တော်အား ဖူးမြော်ကြည်ညိုသည်။
May 21, 2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်၊ အိမ်ယာကြီးကျေးရွာ၌ မဟာဓါတ်အားလိုင်း ပြင်ပအမျိုးသားလျှပ်စစ်ဓါတ်အားရရှိရေးစီမံကိန်းဖြင့် ဆောင်ရွက်ခဲ့သည့်ဆိုလာအသေးစားဓါတ်အားပေးစနစ်မီးလင်းရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျေးရွာ၌ကျင်းပရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
May 21, 2022
ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို မြို့အသီးသီးရှိ အားကစားကွင်း/အားကစားရုံများ၌ ကျင်းပလျက်ရှိသည်။
May 21, 2022
ပြန်ကြားရေးဝန်ကြီးဌာနက မင်္ဂလာလူငယ်ဖွံဖြိုးရေးပရဟိတဂေဟာရှိ ကျောင်းသား၊ ကျောင်းသူများအတွက် နေ့လယ်စာအလှူငွေနှင့် စာအုပ်စာစောင်များလှူဒါန်းပွဲကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး တွံ့တေးမြို့ ဘုရားကြီးစံပြကျေးရွာရှိ အဆိုပါလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၌ ကျင်းပပြုလုပ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၄)ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲကို ၂၀၂၂ ခုနှစ်၊ မေ ၁၉ ရက် မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်းအစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများက သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြား သည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနက ဦးစီးကျင်းပ သည့် ကမ္ဘာ့ပျားနေ့ (World Bee Day)အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ရှိ ပျဉ်းမနားမြို့နယ် တာဝန်ခံရုံး၌ ကျင်းပသည်။
May 20, 2022
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုသည် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယနေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့ ကြီးမှူးကျင်းပသည့် အနဂ္ဃရတနာမြေ -မြောက်ဦး တတိယအကြိမ် ဓာတ်ပုံပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ဖွင့်လှစ်ပေးသည်။
May 20, 2022
အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဗဟိုအဖွဲ့ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။