Dec 24, 2025
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မူပိုင်ခွင့်ဦးစီးဌာန၏ (၅) နှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၃) ညီလာခံခန်းမ၌ ကျင်းပသည်။
Dec 24, 2025
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့ရှိ ဒေါ် ပိုက်မိဘိုးဘွားရိပ်သာသို့ သွားရောက်၍ ရိပ်သာမှ တာဝန်ရှိသူများ၊ ဘိုးဘွားများနှင့် တွေ့ဆုံသည်။
Dec 24, 2025
လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကျင်းပရေးဦးစီးကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် M Gallery ဟိုတယ်၌ ကျင်းပရာ လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ကော်မတီဝင်များ၊ ဦးစီးကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူမှုရေးရာဝန်ကြီးများက Video Conferencing ဖြင့် တက်ရောက်ကြသည်။
Dec 24, 2025
ကိုဗစ်-၁၉ အထူးချေးငွေဦးဆောင်ကော်မတီအစည်းအဝေး (၁/၂၀၂၅) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ် (၄၆) ရှိ ပြည်တွင်းအခွန်များဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ကိုဗစ်-၁၉ အထူးချေးငွေဦးဆောင်ကော်မတီဥက္ကဋ္ဌ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
Dec 23, 2025
ဆန္ဒပြုမဲပေးခြင်းသည် နိုင်ငံသားများ၏ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်ရာ ရွေးကောက်ပွဲမှတစ်ဆင့် ပိုမိုအားကောင်းသော အနာဂတ်ကို ဖော်ဆောင်နိုင်ရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာနက နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များနှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပရေး လှုံ့ဆော်မှု(Campaign)ကို နိုင်ငံတစ်ဝန်း၌ စီစဉ်ဆောင်ရွက်လျက်ရှိသည်။
Dec 21, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာ လူထုအားကစားလ (တတိယပတ်) စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ စုစုပေါင်းအင်အား ၃၆၀၀ ကျော် ပျော်ပျော်ရွှင်ရွှင် စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲကြသည်။
Dec 21, 2025
ပြန်ကြားရေးနှင့် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ရုပ်ရှင်၊ ဂီတအနုပညာရှင်များနှင့်အတူ ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ ကျောက်မဲမြို့နှင့် သီပေါမြို့နယ်တို့မှ ပြည်သူများအား ယနေ့တွင် ဆက်လက်ဖျော်ဖြေတင်ဆက်ကြသည်။
Dec 21, 2025
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းက လှိုင်သာယာမြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ် (West Yangon Technological University- WYTU) ရောက်ရှိပြီး ပါမောက္ခချုပ်နှင့်အတူ နိုင်ငံတော်အကြီးအကဲ၏ ခရီးစဉ်လမ်းညွှန်မှာကြားချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မှာကြားချက်များအတိုင်း တိကျစွာလိုက်နာဆောင်ရွက်သွားရန် ပြောကြားသည်။
Dec 21, 2025
ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး ဆွာချောင်းတံတား ရေတိုက်စားကမ်းပြိုကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ထားရှိမှု၊ ဆင်သေချောင်း ရေကြီးရေလျှံမှု လျော့ပါးရေးလုပ်ငန်း၊ ဥယျာဉ်တံတား အဝင်ရေလမ်းပိုင်းနှင့် သိုက်ချောင်းတံတား ရေလမ်းပိုင်းသောင်တူးဖော်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
Dec 20, 2025
(၄၈)ကြိမ်မြောက် တက္ကသိုလ်ဝင်ခွင့် အရည်အချင်းစစ်စာမေးပွဲ အောင်မြင်ပြီး စိုက်ပျိုးရေးတက္ကသိုလ်(ရေဆင်း)တွင် တတိယနှစ်သင်တန်း တက်ရောက်ခွင့်ရရှိကြသည့် စိုက်ပျိုးရေးဒီပလိုမာ အောင်မြင်ပြီးသူများ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေးတက္ကသိုလ်(ရေဆင်း) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
Dec 20, 2025
အဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးခဲ့သော နေပြည်တော်ကောင်စီနယ်မြေအတွင်း ဝန်ထမ်းအိမ်ရာများပြုပြင်နေမှုနှင့် နိုင်ငံတော်ကအိမ်ရာအသစ်များ တည်ဆောက်ပေးနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
Dec 20, 2025
အွန်လိုင်းအသုံးပြုလိမ်လည်မှုတိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အပြည်ပြည်ဆိုင်ရာညီလာခံကို ဒီဇင်ဘာ ၁၇ ရက်မှ ၁၈ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Intercontinental Bangkok ဟိုတယ်၌ ကျင်းပသည်။
Dec 20, 2025
စက်သုံးဆီကို ကိုယ်တိုင်ချက်လုပ်သုံးစွဲနိုင်ခြင်း မရှိသည့်အတွက်ကြောင့် ပြည်သူများအနေဖြင့် တွေ့ကြုံနေရသည့် အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ရန် စီမံဆောင်ရွက်လျက်ရှိရာ ယခုသန်လျင်ရေနံချက်စက်ရုံစီမံကိန်းသည် ပထမခြေလှမ်းဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ယနေ့ပြောကြားသည်။
Dec 20, 2025
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စက်မှုနည်းပညာ လေ့ကျင့်သင်ကြားရေးသင်တန်းကျောင်း (SITE) ရှိ IoT Lab ခန်း၊ Pneumatics & Electro-Pneumatics Lab ခန်း၊ Factory Automation Lab ခန်း၊ Applied Machine Learning Lab ခန်း၊ CNC Lab ခန်းတို့ကို ကြည့်ရှုစစ်ဆေးသည်။
Dec 20, 2025
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အကောက်ခွန်ဦးစီးဌာန (ရုံးချုပ်)သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Dec 20, 2025
နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး အထောက်အပံ့အဖြစ် ရုရှားနိုင်ငံ RUMA Organic ကုမ္ပဏီနှင့် အောင်သန်းထိုက် Agriculture Development ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်သည့် ရုရှား - မြန်မာ သဘာဝရွက်ဖျန်းမြေဩဇာစက်ရုံ ပန္နက်တင်မင်္ဂလာနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် အလျင်လိုကျေးရွာအုပ်စု အကွက်အမှတ်(၁၆၆၂)၌ ကျင်းပသည်။
Dec 20, 2025
လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌနှင့် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၁)၊ ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းသည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်သူလူထုနှင့် စက်မှုဇုန်များ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ပိုမိုထုတ်လုပ်ဖြည့်ဆည်းပေးနိုင်ရန်အတွက် စီမံဆောင်ရွက်နေသော သီလဝါဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် သဘာဝဓာတ်ငွေ့ရည် သိုလှောင်သင်္ဘော (Floating Storage Unit – FSU)၊ သဘာဝဓာတ်ငွေ့ရည်အား ဓာတ်ငွေ့ပြန်လည်ပြုလုပ်သော စက်ရုံ (Regasification Unit) နှင့် သန်လျင် ၂၀၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံမှ ကနဦးဓာတ်အား ပမာဏ ၁၅၀ မဂ္ဂါဝပ်ထုတ်လုပ်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Dec 20, 2025
ပြန်ကြားရေးနှင့် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်း ဖော်ဆောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ရုပ်ရှင်၊ ဂီတအနုပညာရှင်များနှင့်အတူ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ပြည်သူများအား ဖျော်ဖြေတင်ဆက်ရန်အတွက် ယနေ့နံနက်ပိုင်းက နေပြည်တော်မှထွက်ခွာရာ ညနေပိုင်းတွင် ကျောက်မဲမြို့သို့ ရောက်ရှိကြသည်။
Dec 19, 2025
လူငယ်ငြိမ်းချမ်းရေးဖိုရမ် (၂၀၂၆) (Youth Peace Forum 2026) ဖိတ်ကြားရေးလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ရုံးအမှတ် (၃၁) ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်လူမှုရေးရာဝန်ကြီးများက Virtual စနစ်ဖြင့် တက်ရောက်ကြသည်။
Dec 19, 2025
နေပြည်တော် ဒီဇင်ဘာ ၁၈ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ၏ ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၌ ကျင်းပသည်။
