၁။ ၂၀၁၉ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၂ခုနှစ်များအတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ် မေလ ၆ ရက်နေ့တွင် နေပြည်တော် မြို့တော်ခန်းမအနီးရှိ လဟာပြင်ကဇာတ်ရုံ၌ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်သတင်းရယူနိုင်ရေး အသိပေးကြေညာခြင်း
၁။ ၂၀၁၉ ခုနှစ် ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၂ ခုနှစ်များအတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ် မေလ ၆ ရက်နေ့တွင် နေပြည်တော်၊ မြို့တော်ခန်းမအနီးရှိ လဟာပြင်ကဇာတ်ရုံ၌ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
မြန်မာ့ရုပ်ရှင်လောကကြီး ပြန်လည်သက်ဝင်လှုပ်ရှားရေး
၂၀၁၉၊ ၂၀၂၀ နှင့် ၂၀၂၂ ခုနှစ်တို့အတွက် သုံးနှစ်စာစုပေါင်းကာ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးပွဲကို မတ် ၁၀ ရက်က ရန်ကုန်မြို့ ရုပ်ရှင်မြှင့်တင်ရေး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲ၌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းက အမှာစကားပြောကြားရာတွင် “မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ခြင်းထက် မြန်မာ့ရုပ်ရှင်လောကကြီးစင်မြင့်ပေါ် ပြန်လည်ရောက်ရှိရန်အရေးကြီးကြောင်း၊ ရုပ်ရှင်လောကကြီးပြန်လည်အသက်ဝင်လှုပ်ရှားရန် အချိန်အခါရောက်ပြီဖြစ်ကြောင်း။” ထည့်သွင်းပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်များအတွက် စာအုပ်လှူဒါန်းပွဲသို့တက်ရောက်၊ “ပြည်ချစ်သားမွန် တေးသဝဏ်” တေးဂီတဖျော်ဖြေပွဲ ပွဲစဉ် (၃) ကြည့်ရှုအားပေး
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့မရမ်းကုန်းမြို့နယ်ရှိ Hotel Yangon ၌ စာရေးဆရာ မြင်းခြံကျော်အောင်(ခ)သန်းထက်စံ၏ “ဘဝဇာတ်ခုံဖြစ်ရပ်စုံ” စာအုပ်များ ပြန်ကြားရေးဝန်ကြီးဌာနသို့ ပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်သည်။
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဦးအောင်နိုင်ဦးနှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်တို့ မန္တလေးရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာရှင်များနှင့် တွေ့ဆုံဆွေးနွေး
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်တို့သည် ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးမြို့တော်ခန်းမ၌ မန္တလေးမြို့ရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတအနုပညာရှင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ ဆွေးနွေးကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၂၀၂၃ ခုနှစ်အတွက် လုပ်ငန်းလမ်းညွှန်ချက်ခံယူခြင်းအခမ်းအနား ကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံမှ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ၂၀၂၃ ခုနှစ်အတွက် လုပ်ငန်းလမ်းညွှန်ချက် ခံယူခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
၂ဝ၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲ ဆုရရှိသူများစာရင်း ထုတ်ပြန်
၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲကို ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်မှစ၍ဖိတ်ခေါ်ခဲ့ပြီး ဒီဇင်ဘာ ၂၈ ရက် ညနေ ၄ နာရီတွင် နောက်ဆုံးပေးပို့ရန် ဖိတ်ခေါ် ကျင်းပခဲ့သည်။
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့် စာပေအနုပညာပြပွဲ အောင်မြင်စွာကျင်းပပြီးစီး၊ ကျောင်းသား/ကျောင်းသူများ၊ လူငယ်များနှင့်ကလေးများ၊ စိတ်ပါဝင်စားစွာ လာရောက်လေ့လာကြည့်ရှုကြသူများဖြင့် အထူးစည်ကား
၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေး နေ့အထိမ်းအမှတ် လူငယ်နှင့် စာပေအနုပညာပြပွဲ စတုတ္ထနေ့ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ ၌ ဆက်လက်ကျင်းပရာ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် မိသားစုများ၊ ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊ ကလေးများနှင့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးကိုယ်စားပြု ပါဝင်ကပြဖျော်ဖြေကြမည့် ယဉ်ကျေးမှုအကအဖွဲ့များ စိတ်ပါဝင်စားစွာဖြင့် လာရောက်လေ့လာ ကြည့်ရှုကြသဖြင့် အထူးစည်ကားခဲ့သည်။
လူငယ်နှင့် စာပေအနုပညာပြပွဲသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ်ချီးမြှင့်ခံရသူများ တက်ရောက်ကြည့်ရှုအားပေး
၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်း အမှတ် လူငယ်နှင့် စာပေအနုပညာ ပြပွဲ နောက်ဆုံးနေ့အဖြစ် ယနေ့တွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ (MICC II) ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
