ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအား Borderless Broadcast Co., Ltd နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် China Rocket Co., Ltd မှ တာဝန်ရှိသူများက ဂြိုဟ်တုနည်းပညာပိုင်းဆိုင်ရာ ဝန်ဆောင်မှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းကို ယနေ့ နံနက် ၁၀ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း (မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ဒေသများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ်ကြေညာချက်များထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။
ရွှေသွေးဂျာနယ်ထွက်ရှိ
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
ပြည်ထဲရေးဝန်ကြီးဌာန ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဖတ်ပူဇော်မှု ပြိုင်ပွဲကျင်းပ
ပြည်ထဲရေးဝန်ကြီးဌာနဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဖတ်ပူဇော်မှုပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့အရိန္ဒမာခန်းမ၌ ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ မြန်မာရုပ်မြင်သံကြား(ရန်ကုန်)တွင် လုပ်ငန်း ဆောင်ရွက်မှုများ ကြည့်ရှုစစ်ဆေးပြီး သုဝဏ္ဏဘောလုံးကွင်းတွင် မိုခါမုန်တိုင်း သဘာဝ ဘေးအန္တရာယ် ပြန်လည်ထူထောင်ရေး လေးပွင့်ဆိုင်ရန်ပုံငွေ ဘောလုံးပြိုင်ပွဲ ကြည့်ရှုအားပေး
ပြန်ကြားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ နေ့လည်ပိုင်းက မြန်မာ့ရုပ်မြင်သံကြား(ရန်ကုန်)တွင် လုပ်ငန်းဆောင်ရွက်မှုများ ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားပြီး မွန်းလွဲပိုင်းတွင် သုဝဏ္ဏဘောလုံးကွင်း၌ကျင်းပသည့် မိုခါမုန်တိုင်း သဘာဝ ဘေးအန္တရာယ် ပြန်လည်ထူထောင်ရေး လေးပွင့်ဆိုင်ရန်ပုံငွေ ဘောလုံးပြိုင်ပွဲအား ကြည့်ရှု့ အားပေးသည်။
ရွှေသွေးဂျာနယ်ထွက်ရှိ
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပြန်ကြားရေးလုပ်ငန်း များ ကြည့်ရှုစစ်ဆေး
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဓနုဖြူမြို့နယ်၊ ဇလွန်မြို့နယ်နှင့် ဟင်္သာတခရိုင်ရုံးတို့ကို သွားရောက်ကြည့်ရှုစစ်ဆေး၍ ပြန်ကြားရေးလုပ်ငန်းများနှင့် အသိပညာပေးလုပ်ငန်းများအား တိုးမြှင့်ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဓနုဖြူမြို့နယ်ရုံး ၊ ဇလွန်မြို့နယ်ရုံးနှင့် ဟင်္သာတခရိုင်ရုံးတို့သို့ ရောက်ရှိ၍ ဝန်ထမ်းများနှင့် တွေ့ဆုံ ကာ ၎င်းတို့၏ လိုအပ်ချက်များအား မေးမြန်းဖြည့်ဆည်းပေးခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ပန်းတနော်မြို့နယ် တောကြီးစာဖြူစု ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းဆောင်သစ်ဖွင့်ပွဲ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် တောကြီးစာဖြူစုကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) နှစ်ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲ တွင် ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့ တက်ရောက်၍ ဖွင့်လှစ်ပေးကြသည်။ ရှေးဦးစွာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အလှူရှင်များက ကျောင်းဆောင်သစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ပြီး ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။
မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မည်
၂၀၁၉ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၂ ခုနှစ်များအတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ မေ ၆ ရက် (စနေနေ့)၊ ညနေ ၆ နာရီခွဲတွင် နေပြည်တော် မြို့တော်ခန်းမ လဟာပြင်ကဇာတ်ရုံ၌ ခမ်းနားထည်ဝါစွာ စီစဉ်ကျင်းပသွားမည်ဖြစ်သည်။
