ဒသမအကြိမ်မြောက် အာဆီယံဉာဏ်စမ်းပဟေဠိ - ဒေသတွင်းအဆင့် (10th ASEAN Quiz -Regional Level) ပြိုင်ပွဲကျင်းပရေး အကြိုညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက Video Conferencing စနစ်ဖြင့် ပြုလုပ်ရာ မြန်မာနိုင်ငံ ပြန်ကြားရေး ဆပ်ကော်မတီ (SCI - Myanmar) ဥက္ကဋ္ဌ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် ဦးဆောင်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ တာဝန်ရှိသူများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိ သူများနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ASEAN Quiz (Regional Level) ပြိုင်ပွဲအတွက် နိုင်ငံအဆင့်ကိုယ်စားပြု ဆောင်ရွက်ကြမည့် စီမံကိန်းတာဝန်ခံများ စုစုပေါင်း ၃၄ ဦး တက်ရောက်ဆွေးနွေးကြသည်။
အသိပညာပေးလုပ်ငန်းများကို တတ်နိုင်သရွေ့ ထဲထဲဝင်ဝင် ကြိုးစားဆောင်ရွက်
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက်ပိုင်းတွင် ချောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၊ ရေနံချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးနှင့် စာကြည့်တိုက်တို့ကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
ပြည်သူ့ကြားက ပြည်သူ့စကားအစီအစဉ် ထုတ်လွှင့်မည်
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှု တားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက် စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “မုံရွာမြို့အတွင်း PDF အမည်ခံ အကြမ်းဖက်သမားများ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် သံဃာတော်တစ်ပါး ထိခိုက်ဒဏ်ရာရရှိပြီး အမျိုးသားနှစ်ဦး သေဆုံး” ခေါင်းစဉ်ဖြင့် အောက်တိုဘာ ၁၉ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့် တင်ဆက်ပေးသွားမည်ဖြစ်သည်။
အာဆီယံဒေသတွင်း သတင်းတု၊ သတင်းမှား တိုက်ဖျက်မှုဆိုင်ရာလုပ်ငန်းအဖွဲ့ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ အွန်လိုင်းမှတစ်ဆင့် ပါဝင်တက်ရောက်
အာဆီယံဒေသတွင်း သတင်းတု၊ သတင်းမှား တိုက်ဖျက်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး (1st Meeting of the ASEAN Task Force on Fake News-1st TFFN) ကို ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ JW Marriott Hotel Hanoi ၌ ယနေ့ မွန်းလွဲပိုင်းတွင် ကျင်းပသည်။
ပြည်တွင်းရုပ်ရှင်ဇာတ်ကား၊ ဇာတ်လမ်းတွဲ၊ နိုင်ငံခြားဇာတ်ကား၊ ဇာတ်လမ်းတွဲများအား ဗီဒီယိုဆင်ဆာ စိစစ်ခွင့်ပြုချက်ရယူပြသရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
မြန်မာအသံနှင့်ရုပ်မြင်သံကြားနှင့် ဆက်စပ်ပြီး ရုပ်မြင်သံကြား ထုတ်လွှင့်ဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီများနှင့် Content Provider များအနေဖြင့် ပြည်တွင်းရုပ်ရှင် ဇာတ်ကား၊ ဇာတ်လမ်းတွဲ၊ နိုင်ငံခြား ဇာတ်ကား၊ ဇာတ်လမ်းတွဲများအား ဗီဒီယိုဆင်ဆာ စိစစ်ခွင့်ပြုချက်ရယူပြီးမှ ပြသရေးညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကုက္ကိုင်းရိပ်သာလမ်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ၌ ကျင်းပသည်။
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် မြန်မာစာနှင့် ပါဠိစာလုံးများ အသံထွက်ဖတ်ကြားနည်း သင်တန်းဖွင့်လှစ်
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ နေ့စဉ်ထုတ်လွှင့်လျက်ရှိသော ရုပ်သံလိုင်းများနှင့် ရေဒီယိုလိုင်းများတွင် အသံလွှင့်သူများ၊ သတင်းဖတ်ကြားသူများနှင့် အစီအစဉ် တင်ဆက်သူများကို မြန်မာစာ/မြန်မာစကား၊ ပါဠိစာလုံးများ အသံထွက်မှန်ကန်မှုနှင့် စကားလုံး အထားအသို အရေးအသား မှန်ကန်မှုရှိစေရန်အတွက် မြန်မာစာနှင့် ပါဠိစာလုံးများ အသံထွက်သင်တန်းကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား Auditorium ခန်းမ၌ ဖွင့်လှစ်သည်။
အာဆီယံမီဒီယာမိတ်ဖက်များဖိုရမ်သို့ မြန်မာကိုယ်စားလှယ် အွန်လိုင်းဖြင့် ပါဝင်တက်ရောက်
၂၀၂၂ ခုနှစ် အာဆီယံမီဒီယာမိတ်ဖက်များဖိုရမ် (2022 ASEAN Media Partners Forum) ကို ယနေ့နံနက်ပိုင်းက တရုတ်နိုင်ငံ နန်နင်းမြို့ Wuxiang Resort ၌ ကျင်းပသည်။
ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုပေးမှုအခြေအနေ
ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၄) ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် လုပ်ငန်းအသိအမှတ်ပြု လက်မှတ်လျှောက်ထားလာပါက ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများနှင့်အညီ စိစစ်၍ လုပ်ငန်းအသိအမှတ်ပြု လက်မှတ်များကို ခွင့်ပြုပေးလျက်ရှိပါသည်။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သင်တန်းသားများ နေပြည်တော် MRTV ၌ ကြည့်ရှုလေ့လာ
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်လျက်ရှိသော ဓာတ်ပုံရိုက်ကူး တည်းဖြတ်နည်းသင်တန်းမှ သင်တန်းသား ၂၀ သည် ယနေ့နံနက်ပိုင်းက နေပြည်တော် တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ရုပ်သံထုတ်လွှင့်မှုဆိုင်ရာများနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စိန်ရတုပြတိုက်၌ ကြည့်ရှုလေ့လာကြသည်။
ရွှေသွေးဂျာနယ်ထွက်ရှိ
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။