ဝေါ ဇန်နဝါရီ ၃
ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ကလေးသူငယ် အသိပညာဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းတို့ ပူးပေါင်းစီစဉ်ကျင်းပသော ကလေးစာပေပွဲတော် (ဝေါ) စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈နာရီက ဝေါမြို့ မင်းလမ်းရှိ မြို့နယ်ခန်းမရှေ့၌ ကျင်းပသည်။