Skip to main content

တေးသီချင်းဗီဒီယိုများ ရိုက်ကူးထုတ်လွှင့်ပြသမှုများနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရန် အသိပေးကြေညာခြင်း

တေးသီချင်းဗီဒီယိုများကို နည်းလမ်းမျိုးစုံဖြင့် ရိုက်ကူးထုတ်လွှင့်ပြသခြင်းများ ဆောင်ရွက်ခြင်းမပြုမီ ရုပ်ရှင်ဥပဒေ၊ ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေတို့အရ ရုပ်ရှင်ဆင်ဆာနှင့် ဗီဒီယိုဆင်ဆာအဖွဲ့တို့သို့ တင်ပြပြီး စစ်ဆေးခွင့်ပြုချက် ရယူဆောင်ရွက်သွားရမည် ဖြစ်ကြောင်းကို ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် အသိပေးကြေညာခဲ့ပြီး ဖြစ်ပါသည်။

ယခုအခါ တေးသီချင်းဗီဒီယိုများကို ထုတ်လုပ်သူများက ၎င်းတို့၏ တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် ဆောင်ရွက်လိုကြောင်းတင်ပြမှုများ ရှိသည့်အတွက် အောက်ပါဆင်ဆာမူဝါဒများအား ထိခိုက်စေနိုင်ခြင်းမရှိစေရေး မိမိတို့ကိုယ်တိုင် တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် စိစစ်ပြီး ရိုက်ကူးထုတ်လွှင့်ပြသမှုများ ဆောင်ရွက်နိုင်ကြောင်းနှင့် တင်ပြခွင့်ပြု ချက်ရယူပြီး ဆောင်ရွက်လိုပါကလည်း အမြန်ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း အသိပေးကြေညာ အပ်ပါသည်-

(က) နိုင်ငံရေး၊

(ခ) ဘာသာရေး၊

(ဂ) တိုင်းရင်းသားချစ်ကြည်ရေး၊

(ဃ) အမျိုးသားယဉ်ကျေးမှုထိန်းသိမ်းရေး၊

(င) ရက်စက်ကြမ်းကြုတ်မှုများ ပါဝင်မှုမရှိစေရေး၊

(စ) ကာမရာဂလှုံ့ဆော်မှုများ ပါဝင်မှုမရှိစေရေး။

သို့ဖြစ်ပါ၍ တေးသီချင်းဗီဒီယိုများကို နည်းလမ်းမျိုးစုံအသုံးပြု၍ ရိုက်ကူးထုတ်လွှင့်ပြသ သူများအနေဖြင့် အထက်ပါဆင်ဆာမူဝါဒများကို လိုက်နာခြင်းမရှိဘဲ ရိုက်ကူးထုတ်လွှင့်ပြသမှုများ ဆောင်ရွက်ပါက ရိုက်ကူးသူ ဒါရိုက်တာအပါအဝင် ပါဝင်သရုပ်ဆောင်သူများ၊ ထုတ်လွှင့်ပြသသူများ အားလုံးကို တည်ဆဲဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။    

ပြန်ကြားရေးဝန်ကြီးဌာန