ယနေ့အချိန်အခါသည် မီဒီယာခေတ်ဖြစ်၍ မီဒီယာကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း၊ နိုင်ငံတော်မီဒီယာအနေဖြင့် ပြန်ကြားပေးရန်၊ ဖျော်ဖြေပေးရန်နှင့် အသိပညာပေးရန်ဟူသည့် မူလတာဝန်ကြီး သုံးရပ်အပြင် အများပြည်သူကို ပြုံးပျော်ကြည်နူး၊ ရွှင်မြူးမှုနှင့်အတူ မှန်ကန်သည့် သတင်းအချက်အလက်များ၊ အယူအဆနှင့် အတွေးအခေါ်များရရှိပြီး နိုင်ငံတော်တည်ဆောက်ရေး၊ အေးချမ်းသာယာရေးကဏ္ဍများတွင် အားတက်သရော ပါဝင်လုပ်ဆောင်လာအောင် ကြိုးစားဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောကြားသည်။
၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ သုံးသပ်ဆွေးနွေးပွဲ ကျင်းပမည်
၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ သုံးသပ်ဆွေးနွေးပွဲ ကျင်းပမည်
အစိုးရပြောရေးဆိုခွင့်ရှိသူများ စွမ်းဆောင်ရည်မြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်မည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ ရန်ကုန်မြို့သို့ရောက်ရှိ
ပြန်ကြားရေးဝန်ကြီးဌာန မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဖေဖော်ဝါရီ ၂၆ ရက်မှ ၂၈ ရက်အထိ နေပြည်တော်ရှိ Horizon Lake View Hotel တွင် အိမ်ရှင်အဖြစ် တာဝန်ယူကျင်းပမည့် “ထိရောက်သော လူထုဆက်ဆံရေးအတွက် အစိုးရပြောရေးဆိုခွင့်ရှိသူများ စွမ်းဆောင်ရည်မြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ” (Workshop on Mastering Government Communication: Empowering Spokespersons for Effective Public Engagement) သို့ တက်ရောက်မည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များသည် ယနေ့နံနက်ပိုင်းမှစတင်၍ ရန်ကုန်မြို့သို့ရောက်ရှိရာ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
“ချိုတေးဝေစည် ရခိုင်ပြည်” တေးဂီတဖျော်ဖြေပွဲကို မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသမည်
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအနေဖြင့် ပြည်သူများအပန်းပြေစေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်ရည်ရွယ်ပြီး Friday Night Live Show တေးဂီတဖျော်ဖြေပွဲများကို ဆန်းသစ်တင်ဆက်လျက်ရှိရာ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ နာမည်ရတိုင်းရင်းသားတေးသံရှင်များက ပွဲစဉ် (၇) ပွဲဖြင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်မှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်နေ့အထိ အပတ်စဉ်သောကြာနေ့ညတိုင်း ဖျော်ဖြေတင်ဆက်လျက်ရှိရာ ပွဲစဉ် (၆) “ချိုတေးဝေစည် ရခိုင်ပြည်” တေးဂီတဖျော်ဖြေပွဲကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၁ ရက် (သောကြာနေ့) ည ၉ နာရီ ခန့်တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV-HD Channel မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသမည်ဖြစ်သည်။
မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ရပ်ကွက်၊ ကျေးရွာကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များသို့ စာအုပ်များပေးအပ်လှူဒါန်း
မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ရပ်ကွက်၊ ကျေးရွာ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များသို့ စာအုပ်များ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းနှင့် သတင်းအေဂျင်စီလုပ်ငန်း လုပ်ကိုင်သူများ လုပ်ငန်းအသိအမှတ်ပြုလက်မှတ် အသစ်လဲလှယ်ရန် အသိပေးကြေညာခြင်း
ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းနှင့် သတင်းအေဂျင်စီလုပ်ငန်း လုပ်ကိုင်သူများ လုပ်ငန်းအသိအမှတ်ပြုလက်မှတ် အသစ်လဲလှယ်ရန် အသိပေးကြေညာခြင်း
ထုတ်ဝေခြင်းလုပ်ငန်းအသိအမှတ်ပြုလက်မှတ် ရုပ်သိမ်းကြောင်း အသိပေးကြေညာခြင်း
ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများနှင့်အညီပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။
ညစ်ညမ်းစာများဖော်ပြပါရှိသည့် ထုတ်ဝေစာများအား အရေးယူဆောင်ရွက်မှု အသိပေးကြေညာခြင်း
၁။ ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈ ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသော ထုတ်ဝေစာကို ပုံနှိပ်၊ ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသောအထောက်အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိလျှင်သော်လည်းကောင်း၊ ကိုယ်တိုင်သိရှိ လျှင်သော်လည်းကောင်း သတ်မှတ်ချက်နှင့်အညီ စစ်ဆေးပြီး ငြိစွန်းကြောင်းတွေ့ရှိပါက လုပ်ငန်းအသိအမှတ်ပြုလက်မှတ်ကို ပြန်လည်ရုပ်သိမ်းခြင်း သို့မဟုတ် ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်းပြုနိုင်ကြောင်း ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ ၆ တွင် ပြဋ္ဌာန်းထားရှိသည်။
“လှပသာယာပြည်မြန်မာ” ရောင်စုံဓာတ်ပုံပြိုင်ပွဲ ဆုရရှိသူများစာရင်း ထုတ်ပြန်
၂၀၂၅ ခုနှစ် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် “လှပသာယာပြည်မြန်မာ” ရောင်စုံဓာတ်ပုံပြိုင်ပွဲကို ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဩဂုတ် ၂၆ ရက်မှ အောက်တိုဘာ ၃၁ ရက်အထိ ဖိတ်ခေါ်ခဲ့သည်။
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်
၂၀၂၄ ခုနှစ် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေနေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ဆက်လက်ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။
