Apr 22, 2025
မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးမြေငလျင်ကြီးကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရာ နိုင်ငံတော်အစိုးရအနေဖြင့် အလျင်အမြန်စုံစမ်းစစ်ဆေးခြင်း၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခြင်းနှင့် ပြည်ပမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ဖိတ်ခေါ်လမ်းဖွင့်ပေးခြင်းများ ဆောင်ရွက်ခဲ့သည်။ ငလျင်ဒဏ်သင့်ပြည်သူများထံ နိုင်ငံတကာမှ ကူညီထောက်ပံ့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ၊ ဆေးဝါးများသည် မတ် ၂၉ ရက် ညပိုင်းမှ စတင်၍ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၊ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ရန်ကုန်သီလဝါ ဆိပ်ကမ်းတို့သို့ ရောက်ရှိလာခဲ့သည်။
Apr 22, 2025
နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် တောင်ဖီလာဒေသတွင် တည်ရှိသည့် Max Cement တောင်ဖီလာဘိလပ် မြေစက်ရုံက ငလျင်ဘေးသင့်ခဲ့သော ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ ပြည်သူများနှင့် ငလျင်ဘေးသင့်ဒေသများ အမြန်ဆုံး ပြည်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန် တစ်နေ့လျှင် ဘိလပ်မြေတန် ၁၅၀၀ မှ တန် ၁၈၀၀ အထိ ပုံမှန်ထုတ်လုပ်ဖြန့်ဖြူး ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
Apr 21, 2025
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နေပြည်တော် ရုံးအမှတ် (၁၉) ဝင်းအတွင်းရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော မြေသားလမ်းနှင့် မြေထိန်းနံရံအား ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
Apr 21, 2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဝန်ထမ်းအိမ်ရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Apr 21, 2025
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးနှင့် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့သည် ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနရုံး မြေဧရိယာအတွင်း၌ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ခဲ့သည့် ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ဝန်ထမ်းမိသားစုများ နေထိုင်ရန်အတွက် ယာယီတဲများ ဆောက်လုပ်ပြီးစီးမှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Apr 21, 2025
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို မှာကြားသည်။
Apr 21, 2025
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်သည် ယနေ့နံနက်ပိုင်းက မိတ္ထီလာမြို့ရှိ နည်းပညာတက္ကသိုလ်၊ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Apr 21, 2025
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (နေပြည်တော် - ရန်ကုန်အပိုင်း) တွင် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော လမ်း၊ တံတားများအား ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လမ်းပန်းဆက်သွယ်မှုမပြတ်တောက်စေရေးအတွက် ပြန်လည်ပြုပြင်ဆောင်ရွက်နေသည့် အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
Apr 21, 2025
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ယမန်နေ့မွန်းလွဲပိုင်းတွင် တောင်ကြီးမြို့နယ် အေးသာယာမြို့ရှိ နည်းပညာတက္ကသိုလ် (တောင်ကြီး) သို့ရောက်ရှိပြီး မန္တလေးငလျင်ကြီး ဘေးဒဏ်သင့်ပင်မသုံးထပ်ဆောင် Lobby ဧရိယာ အရှေ့ဘက်နှင့် အနောက်ဘက်၊ ပင်မသုံးထပ်ဆောင် မြေညီထပ်ရှိအခန်းများ၊ ဘွဲ့နှင်းသဘင်ခန်းမအတွင်း အပြင်များနှင့် ပင်မသုံးထပ်ဆောင်ရှိ အခြားထိခိုက်ပျက်စီးမှုများ၊ ဝန်ထမ်းအိမ်ရာများ၊ ကျောင်းသားအိပ်ဆောင်များတွင် သာမန်အငယ်စားထိခိုက်ပျက်စီးမှုအခြေအနေများ၊ အကြီးစားထိခိုက်ပျက်စီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ Rapid Evaluation Safety Assessment Form Level-2 ဖြင့် ဆက်လက်စစ်ဆေးရန်၊ ပြန်လည်ပြုပြင်သည့်အခါ စံအရည်အသွေးပြည့်မီမှုနှင့် စစ်ဆေးကွပ်ကဲမှုတို့ဆိုင်ရာ လိုအပ်သည်များကို မှာကြားသည်။
Apr 21, 2025
မြန်မာနိုင်ငံတွင် မတ် ၂၈ ရက် မွန်းလွဲပိုင်းက လှုပ်ခတ်ခဲ့သည့် အင်အားပြင်းထန်သည့် ငလျင်ကြောင့် မန္တလေး၊ နေပြည်တော်နှင့် မြို့ကြီးအချို့တွင် ကြီးမားသော ထိခိုက်ဆုံးရှုံးမှုဖြစ်ပွားခဲ့သည်။