May 22, 2025
မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန် ပြင်းထန်သည့်ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး/ ပြည်နယ် ခြောက်ခုတို့တွင် မေ ၂၁ ရက်အထိ သေဆုံးသူ ၃၇၂၉ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၇၈ ဦး ရှိသည်။
May 22, 2025
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်းသည် ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ နေပြည်တော်ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း၏ ရုံးဝင်းအတွင်း၌ ဝန်ကြီးဌာနမှ ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် မိသားစုဝင်များ ယာယီနေထိုင်နိုင်ရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက ခွဲဝေချထားပေးသည့် အိပ်ခန်းတစ်ခန်းပါ Container House များအားတပ်ဆင် တည်ဆောက်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
May 21, 2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ရှိ ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် ပျက်စီးသွားသော အဆောက်အအုံများ ပြန်လည်ပြုပြင်တည်ဆောက်ရာတွင် လိုအပ်လျက်ရှိသော ဘိလပ်မြေ၊ သံချောင်းနှင့် အထပ်သားပြားများကို ယနေ့တွင် စက်ရုံထုတ်အထူးဈေးနှုန်းဖြင့် စဉ့်ကိုင်မြို့နယ်၊ ဆီဆိုင်ကျေးရွာ၌ ပြည်သူများလက်ဝယ်သို့ ဆက်လက်ရောင်းချပေးလျက်ကြောင်း သတင်းရရှိသည်။
May 21, 2025
မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန် ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး/ ပြည်နယ် (၆) ခုတို့တွင် မေ ၂၀ ရက်အထိ သေဆုံးသူ ၃၇၂၈ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၇၉ ဦး ရှိသည်။
May 21, 2025
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥ စသည့်ကုန်မျိုးစုံများနှင့် ဟင်းသီးဟင်းရွက်များအား ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ပြည်သူများသို့ မတ် ၃၀ ရက်မှစ၍ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပြီး မေ ၂၀ ရက်တွင် ၅၀ ရက်မြောက်အဖြစ် ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။
May 21, 2025
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်ရှိ ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် ပျက်စီးသွားသော အဆောက်အအုံများ ပြန်လည်ပြုပြင်တည်ဆောက်ရာတွင် လိုအပ်လျက်ရှိသော ဘိလပ်မြေ၊ သံချောင်းနှင့် အထပ်သားပြားများကို ယနေ့တွင် စက်ရုံထုတ်အထူးဈေးနှုန်းဖြင့် မြစ်သားမြို့နယ် ကူမဲမြို့ရှိ အမှတ် (၅) ရပ်ကွက်၌ ပြည်သူများလက်ဝယ်သို့ ဆက်လက်ရောင်းချပေးလျက်ကြောင်း သတင်းရရှိသည်။
May 21, 2025
မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့သည့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဝန်ထမ်းအိမ်ရာများမှ အပြာရောင်အဆင့်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန လူနေတိုက်ခန်းများ၌ ဝန်ထမ်းမိသားစုများ ပြန်လည်နေထိုင်လျက်ရှိရာ ယမန်နေ့ညနေပိုင်းတွင် ဝန်ကြီးဌာနတာဝန်ရှိသူများက ဝန်ထမ်းအိမ်ရာအလိုက် ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ဝန်ထမ်းမိသားစုများ၏ ကျန်းမာရေး၊ စားသောက်နေထိုင်ရေးဆိုင်ရာများကို စီမံဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
May 21, 2025
မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သာသနိကအဆောက်အအုံများနှင့် ရှေးဟောင်းအမွေအနှစ်အဆောက်အအုံများ ပြန်လည်ပြုပြင်ထိန်းသိမ်းနိုင်ရေးအတွက် ဘာသာရပ်ဆိုင်ရာနယ်ပယ်အသီးသီးရှိ ပညာရှင်များနှင့် ဖွဲ့စည်းထားသော နည်းပညာဆိုင်ရာပညာရှင်အဖွဲ့နှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၆ နာရီတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပသည်။
May 19, 2025
မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး/ ပြည်နယ်ခြောက်ခုတို့တွင် မေ ၁၈ ရက်အထိ သေဆုံးသူ ၃၇၂၇ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၈၀ ရှိသည်။
May 19, 2025
မန္တလေးငလျင်ကြီးဘေးဒဏ်သင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအတွက် အဘိဓမ္မဓရ အကယ်ဒမီခန့်စည်သူက စားသောက်ဖွယ်ရာများ လှူဒါန်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။