May 17, 2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ရှိ သမဝါယမနှင့်စီမံခန့်ခွဲမှု ပညာတက္ကသိုလ်၊ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်ရှိ သမဝါယမကောလိပ်နှင့် အမရပူရမြို့နယ်ရှိ ဆောင်းဒါး ရက်ကန်းနှင့် အသက်မွေးပညာ သိပ္ပံတို့မှ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုကို အားပေးကြည့်ရှုပြီး ကျောင်းများမှ ဆရာ ဆရာမများနှင့် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
May 15, 2022
မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ”သတ်မှတ်ပြဋ္ဌာန်း ရေးအဖွဲ့(NSSA)ဥက္ကဋ္ဌ အလုပ် သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ အထည်ချုပ်လုပ်ငန်း အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးနိုင်ရန် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်လုပ်ငန်း ဆောင်ရွက်နေသော ရန်ကုန်မြို့လှည်းကူးမြို့နယ်ရှိ Golden Shine Garment Assessment Center သို့ ရောက်ရှိစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
May 12, 2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ Online e-Visa စနစ်ဖြင့် Tourist Visa (ကမ္ဘာလှည့်ဗီဇာ) ပြန်လည်ခွင့်ပြုထုတ်ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
May 12, 2022
ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့၏ (၃၆)ကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
May 12, 2022
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဝင်းဖေနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက မြတ်နိုးသူကုမ္ပဏီလီမိတက်သို့ရောက်ရှိကြပြီး လုပ်ငန်းများဆောင်ရွက်နေမှုကို စစ်ဆေးရာ တာဝန်ရှိသူများက B.O.T စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော ပုဂံညောင်ဦး-ကျောက်ပန်းတောင်းလမ်း၊ ညောင်ဦး-မြင်းခြံလမ်း၊ မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းတိုးလ်ဂိတ်ကောက်ခံမှုအခြေအနေနှင့် စက်ယာဉ်ယန္တရားများ ဖြန့်ခွဲထားရှိမှုတို့ကို ရှင်းလင်းတင်ပြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
May 10, 2022
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ဂျပန်နိုင်ငံ JICA ချေးငွေဖြင့်ဆောင်ရွက်သည့် သံတွဲ - ဂွ - ငါးသိုင်းချောင်းလမ်း (ငါးသိုင်းချောင်း (ရေနံ့သာ) - ဂွလမ်းပိုင်း)ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
May 10, 2022
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံသည် ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် မြန်မာ့သစ်လုပ်ငန်း ဝါးတရာသစ်အခြေခံစက်မှုဇုန်နယ်မြေသို့ သွားရောက်စစ်ဆေးပြီး သစ်အခြေခံစက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဇုန်စီမံခန့်ခွဲရေးကော်မတီ၏ ထိရောက်သော စီမံကြီးကြပ်မှုဖြင့် ဆောင်ရွက်ရေး သတ်မှတ်ရည်မှန်းချက်များပြည့်မီအောင် အကောင်အထည်ဖော်ဆောင်ရွက်ရေးတို့ကို မှာကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
May 05, 2022
နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံရေးနှင့် လယ်ယာကဏ္ဍဆိုင်ရာပို့ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး အတွက် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ နည်းပညာအသိပညာဖြန့်ဝေခြင်းနှင့် ဝန်ဆောင်မှုများကို အဓိကတာဝန်ယူထားသည့် မိမိတို့ဝန်ကြီးဌာနရှိ နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေစည်းမျဉ်း စည်းကမ်းများကို တိကျစွာလိုက်နာလျက် မိမိတို့ တာဝန်ယူထားကြသည့် သက်ဆိုင်ရာ ကဏ္ဍများအလိုက် တာဝန်ကျေပွန်စွာဖြင့် လုပ်ငန်းများထိရောက်အောင်မြင်ရေး ကြိုးပမ်းကြစေလိုကြောင်း၊ ယမန်နေ့ မွန်းလွဲပိုင်းက မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
May 02, 2022
နွေရာသီအားကစားသင်တန်းနှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ (ရန်ကုန်) ဖွင့်ပွဲအခမ်း အနားကို ယနေ့မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 27, 2022
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထိန်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ဧပြီ ၂၄ ရက် နံနက်ပိုင်းတွင် ပုသိမ်ခရိုင် ငပုတောမြို့နယ်ရှိ ခွဲကျောက် အမာခံခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေသည့် ဇီးချိုင်-ကံချိုင်လမ်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ရေရှည်တည်တံ့ခိုင်မြဲရေး ပြင်ဆင်ထိန်းသိမ်းခြင်းနှင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန် မှာကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 27, 2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိရစ္ဆာန်ရောဂါ ရှာဖွေရေးဓာတ်ခွဲခန်း(ရန်ကုန်)၏ တိရစ္ဆာန်ကူးစက်ရောဂါများ စူးစမ်းရှာဖွေခြင်းနှင့် အတည်ပြုပေးခြင်းလုပ်ငန်းများ၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ ကျန်းမာရေးထောက်ခံချက်လက်မှတ် ထုတ်ပေးခြင်းလုပ်ငန်းများ၊ ရောဂါတုံ့ပြန်နိုင်မှု တိုင်းတာပေးခြင်း၊ ရောဂါစစ်ဆေးရန် ကွင်းဆင်းနမူနာကောက်ယူခြင်း၊ ရောဂါသုတေသနပြု ဆောင်ရွက်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး တိရစ္ဆာန်ကျန်းမာရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန် လိုအပ်ချက်များနှင့် နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းအဆင့်(ISO/IEC 17025:2017)ရရှိရေးတို့ကို မှာကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 26, 2022
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး ပုလဲမြို့သစ် နွယ်ခွေယန္တရားဝင်းသို့ ရောက်ရှိပြီး စက်၊ ယာဉ်၊ ယန္တရားများ လုံခြုံရေး အထူးဂရုပြုရန်၊ ကျူးကျော်တဲများ ချဉ်းကပ်မှု မရှိစေရေး ဝန်ထမ်းအင်အား လုံလောက်စွာ စုဖွဲ့ တာဝန်ပေးအပ်ရန် မှာကြားကာ လုံခြုံရေးဂိတ်၊ ပစ္စည်းဟောင်း ဂိုဒေါင်နေရာများ၊ စက်ပြင်/စက်မောင်းဝန်ထမ်းလိုင်းခန်းနေရာနှင့် စက်ယာဉ် ယန္တရားများ ထိန်းသိမ်းထားရှိမှုနှင့် နွယ်ခွေ ယန္တရားဝင်း ပတ်လမ်းတစ်လျှောက် လိုက်လံကြည့်ရှု စစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 20, 2022
အာဆီယံဒေသတွင်းနိုင်ငံများအတွင်း အဏ္ဏဝါ သမုဒ္ဒရာပတ်ဝန်းကျင်အား ကောင်းမွန်လာစေပြီး ရေရှည်တည်တံ့သော ငါးလုပ်ငန်းကဏ္ဍများ ဖွံ့ဖြိုး တိုးတက်စေရန်အတွက် ပါဝင်တက်ရောက်သည့်နိုင်ငံ များ၏ အဆင့်မြင့်အရာရှိများအကြား ဘုံသဘောတူညီချက်ကိုရယူ၍ အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းနယ်ပယ်များကို ဖော်ထုတ်သတ်မှတ် အတည်ပြုသွားရန်ရည်ရွယ်၍ကျင်းပသည့် ဒုတိယ အကြိမ်မြောက် အရှေ့တောင်အာရှနှင့် တောင်ကိုရီးယားနိုင်ငံအကြား အဏ္ဏဝါသမုဒ္ဒရာနှင့် ငါးလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းက အွန်လိုင်းစနစ်ဖြင့် ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆွေးနွေးကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 17, 2022
၁၃၈၃ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် အတက်နေ့ ဖြစ်သည့် ယနေ့တွင် ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ထမ်းမိသားစု သင်္ကြန်ပွဲတော်ကို နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီးရုံး၌ ကျင်းပရာ သင်္ကြန်ပွဲတော်သို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား ဒုတိယဝန်ကြီး ဦးရဲတင့် နှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့်ဇနီး၊ ဌာန ဆိုင်ရာအကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများနှင့် မိသားစုဝင်များ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 08, 2022
ပတ်ဝန်းကျင် စီမံခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လုပ်ငန်း ကော်မတီ၏ ပထမအကြိမ် အစည်း အဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ Hybrid ပုံစံဖြင့် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 08, 2022
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းသည် ယနေ့နံနက် ၇နာရီခွဲတွင် ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် Virtual စနစ်ဖြင့် ကျင်းပသည့် အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ ပါဝင်တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 08, 2022
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ဧပြီ ၆ ရက် နံနက်ပိုင်းက ခန္တီးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ အခြေချ စစ်ဗျူဟာမှူး၊ ခရိုင်အုပ်ချုပ်ရေး မှူးနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရေးမှူးတို့နှင့် တွေ့ဆုံ၍ နယ်မြေတည်ငြိမ် အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေး ကိစ္စများတွင် မိမိတို့ပြန်ကြားရေးဝန်ကြီးဌာန ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး ညှိနှိုင်းမှာကြားပြီး
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 08, 2022
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး ထွဋ်သည် ယနေ့မွန်းလွဲပိုင်းတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ် ပြည်သူ့အစိုးရမှ ကျင်းပသည့် (၆) နှစ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ရက်သတ္တပတ် (၂၀၂၂)ဖွင့်ပွဲ အခမ်းအနားသို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 07, 2022
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက်ပိုင်းတွင် စစ်ဗျူဟာမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ခန္တီးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုကို သွားရောက်ကြည့်ရှုပြီး ဖြေဆိုပြီးသော ကျောင်းသား ကျောင်းသူများနှင့် မိဘများအား တွေ့ဆုံအားပေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
