Skip to main content

Mar 25, 2025

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန မန္တလေးဌာနခွဲမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် အင်းဝယဉ်ကျေးမှုအမွေအနှစ်ဒေသသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 25, 2025

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့မွန်းလွဲပိုင်းက မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ယင်းမလည်ချောင်းပေါ်ရှိ မြေအောက်တမံတည်ဆောက်မည့်နေရာကို ကြည့်ရှုစစ်ဆေးခဲ့သည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 25, 2025

(၂၃) ကြိမ်မြောက် ခွဲစိတ်ဆရာဝန်များညီလာခံ (23rd Biennial Surgeons’ Conference) ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ Novotel Yangon Max Hotel ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 25, 2025

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနရှိ ဝန်ထမ်းများအတွက် ဥပဒေအသိပညာဖြန့်ဝေခြင်းဆင့်ပွားသင်တန်း အမှတ်စဉ်(၃)ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ်(၃၆) ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 22, 2025

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးသည် မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ဘရာဇီးဖက်ဒရယ်သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဂူစတာဗို ရော်ချာဒီ မင်နင်းဇီးစ်အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 22, 2025

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူသည် ယနေ့မွန်းလွဲပိုင်းတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတွင် ကျင်းပသည့် အိန္ဒိယနိုင်ငံ၏ Quick Impact Projects အထောက်အပံ့ဖြင့် ဆောင်ရွက်ခဲ့သည့် Departmental E-library Project နှင့် Water Supply Using Solar Power in the Drought Affected Villages of Central Dry Zone of Myanmar Project တို့၏ စီမံကိန်းပိတ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 22, 2025

မလေးရှားနိုင်ငံ ပီနန်းမြို့၌ ၂၀၂၅ ခုနှစ် မတ် ၁၇ ရက်မှ ၁၉ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ (၂၂) ကြိမ်မြောက်အစည်းအဝေးသို့ အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ မြန်မာနိုင်ငံ၏ အဆင့်မြင့်လုပ်ငန်းအဖွဲ့ခေါင်းဆောင်၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 21, 2025

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနရုံး၌ ဝန်ထမ်းများ၊ ဟိုတယ်နှင့်ခရီးသွားအသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 21, 2025

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်သည် မွန်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့ ရွှေနတ်တောင်အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၁၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်းရှိ စာစစ်ဌာနများသို့ သွားရောက်၍ စာမေးပွဲဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 21, 2025

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်၌ Hybrid စနစ်ဖြင့် ကျင်းပသည့် အာဆီယံအိုင်ဗွီအို (ICT Virtual Organization of ASEAN Institutes and NICT-ASEAN IVO) သုတေသနစီမံကိန်းဖြစ်သည့် (Cyber to Real World Integrated Testbed for Dam Safety Management and Water Governance System) ရေအားလျှပ်စစ်ထုတ်ဆည်များ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ရေကြီးရေလျှံမှုထိန်းချုပ်ရေးဆိုင်ရာ ဆိုက်ဘာရေစီမံခန့်ခွဲမှု စနစ် ဆွေးနွေးပွဲသို့ တက်ရောက်သည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 20, 2025

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ယနေ့မွန်းလွဲပိုင်းတွင် မွန်ပြည်နယ် ယဉ်ကျေးမှုပြတိုက် (မော်လမြိုင်) သို့ရောက်ရှိပြီး ပြတိုက်၌ ခင်းကျင်းပြသထားသော မြန်မာ့သမိုင်းကြောင်းပြခန်း၊ သဘာဝပေါက်ပင်နှင့် ဒေသတွင်း ကျေးငှက်တိရစ္ဆာန်ပြခန်း၊ မွန်ရိုးရာ ဓလေ့ထုံးစံများပြခန်း၊ လက်မှုအနုပညာလုပ်ငန်းများပြခန်း၊ မွန်စာပေပြခန်း၊ မွန်တူရိယာများပြခန်း၊ ဒေသတွင်း ထူးခြားထင်ရှားသူများပြခန်း စသည့်ပြခန်းများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 19, 2025

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ အစိုးရနည်းပညာအထက်တန်းကျောင်း(ရွာမ)သို့ ရောက်ရှိပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ကျောင်းသားများအား နည်းပညာကျွမ်းကျင်မှုစံနှုန်းများ ပြည့်မီစေရေးအပြင် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်ကောင်းများဖြစ်စေရေးမွေးထုတ်ပေးရန်၊ ပြည်သူ့လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိရောက်မြန်ဆန်စွာ အကျိုးပြုမည့် ကာလတိုသင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်ရန် တိုက်တွန်းမှာကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 19, 2025

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် တာဝန်ရှိသူများနှင့်အတူ မတ် ၁၅ ရက်နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပြီးစီးမှု၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ထီးတော်နှင့် ဆပ်သွားဖူးတော်ရှိ ရတနာပစ္စည်းများ ရောင်တော်ဖွင့်ခြင်းလုပ်ငန်းပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ငြမ်းစေတီမီးဘေးအန္တရာယ်ကင်းရှင်းရေး၊ မီးဘေးကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စရပ်များကို အထူးအလေးထား ကြပ်မတ်ဆောင်ရွက်ရန် မှာကြားခဲ့သည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 19, 2025

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Eduardo Jose A.De Vega (Deputy Foreign Minister, Undersecretary for Migrant Workers’ Affairs, Department of Foreign Affairs) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဧရာဝတီခန်းမ၌ လက်ခံတွေ့ဆုံသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 19, 2025

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် မတ် ၁၆ ရက်တွင် မြိတ်တက္ကသိုလ်ရှိ အဏ္ဏဝါသိပ္ပံဌာန၌ တနင်္သာရီငါးလုပ်ငန်းသုတေသနရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ခရုကမာ စမ်းသပ်သားဖောက်မွေးမြူခြင်း သုတေသနလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 15, 2025

တောင်သူများ ပူးပေါင်းပါဝင်သော ဆင်းရွှေကြာ - ၂ နေကြာမျိုးရွေးချယ်ခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ပသီရိမြို့နယ် ဘဲကုန်းစံပြစိုက်ကွင်း၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် တက်ရောက်အားပေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 15, 2025

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့က ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ထိန်းသိမ်းကာကွယ်ရေး အသုံးပြုရေးကော်မတီက ကြီးမှူးကျင်းပသည့် “Ecology of the Big City” ဆိုင်ရာ နိုင်ငံတကာဖိုရမ်၏ Sustainable environment of a metropolis: how to unleash the ecological potential (Plenary Session) ကို အွန်လိုင်းမှ တက်ရောက်ဆွေးနွေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 14, 2025

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် မတ် ၉ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ စင်ကာပူ-မြန်မာသက်မွေးပညာသင်ကျောင်း(SMVTI)သို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ MSME များ ဖွံ့ဖြိုးရေးအထောက်အကူပြုနည်းပညာရှင်များ၊ ကျွမ်းကျင်သူများကို စဉ်ဆက်မပြတ်မွေးထုတ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ သင်တန်းများသည် အရည်အသွေးပြည့်မီ၍ လုပ်ငန်းခွင်လိုအပ်ချက်များနှင့် အံဝင်ခွင်ကျဖြစ်စေရေးနှင့် အမှန်တကယ်ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချနိုင်ရေးအလေးထားလေ့ကျင့်ပေးရန်၊ သင်တန်းဆင်းများ အလုပ်အကိုင်များရရှိပြီး ဘဝအဆင့်မြင့်မားလာမှုများကို သင်တန်းသားသစ်များ အားကျအတုယူအောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားပြီး ဝန်ထမ်းများ၏ အခက်အခဲတင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 13, 2025

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် မတ် ၉ ရက် နံနက်ပိုင်းတွင် နည်းပညာတက္ကသိုလ်(သန်လျင်)သို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ကျောင်းသားများကို ဗလငါးတန်နှင့်ပြည့်စုံရေး၊ အင်ဂျင်နီယာ၏ အရည်အချင်းများပြည့်ဝစေရေး အလေးထားပျိုးထောင်ပေးရန်၊ သီလဝါအထူးစီးပွားရေးဇုန်နှင့် MSME ဖွံ့ဖြိုးရေးနည်းပညာလိုအပ်ချက်များကို ပံ့ပိုးပေးနိုင်ရေးအတွက် University-Industry Collaboration မြှင့်တင်ဆောင်ရွက်ရင်း Ranking မြင့် နည်းပညာတက္ကသိုလ်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန်လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 13, 2025

ဒီနေ့မှာတော့ မီဒီယာတွေမေးမြန်းနေတဲ့ အိန္ဒိယနဲ့မြန်မာနယ်စပ်မဏိပူရဒေသအကြောင်းနဲ့ ကဘော်ချိုင့်ဝှမ်းကိစ္စပြီးရင် မီဇိုရမ်လွှတ်တော်အမတ်တွေ ပြောကြားတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး ပြန်လည်ဖြေကြားသွားမှာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လွှတ်တော်အမတ် K. Vanlalvena က အိန္ဒိယနဲ့နယ်စပ်ချင်း ထိစပ်နေတဲ့ မြန်မာနိုင်ငံအနောက်မြောက်ဘက် နေရာဒေသတွေကို သွားရောက်ခဲ့တယ်ဆိုပြီးတော့ The Hindu သတင်း Website မှာ ဖော်ပြထားတာတွေ့ရပါတယ်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်