Sep 27, 2024
၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် တိုင်ဖွန်းမုန်တိုင်း ရာဂီ(Typhoon Yagi)ကြောင့် အရှေ့တောင်အာရှနိုင်ငံများ၌ ပြင်းထန်စွာ သက်ရောက်ခဲ့ပါသည်။
Sep 26, 2024
ယခုသက္ကရာဇ် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့(UN Tourism)၏ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ကို ကျင်းပရန်အချိန်သည် ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ပါသည်။ ယေဘုယျအားဖြင့် ခရီးသွားလုပ်ငန်းဟူသည် အပန်းဖြေခရီးသွားခြင်း၊ အပျော်ခရီးထွက်ခြင်း(သို့မဟုတ်) စီးပွားရေးလုပ်ငန်းဆောင်တာများအတွက် သွားလာခြင်းများကို ဝန်ဆောင်မှုပေးနေသောလုပ်ငန်း သက်သက်သာသာဖြစ်သည်ဟု မှတ်ယူကြပေသည်။ သို့ရာတွင် ခရီးသွားလုပ်ငန်းသည် ခရီးသွားသက်သက်နှင့် သာသက်ဆိုင်သောလုပ်ငန်းမျိုး မဟုတ်ကြောင်းနှင့် ၎င်း၏ နောက်ကွယ်တွင်ရှိနေသောအနှစ်သာရများကို ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့ကြီးမှ နှစ်စဉ်၊ နှစ်တိုင်းဖော်ထုတ်ပြပြီး ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ကို ကျင်းပပြုလုပ်လာခဲ့သည်မှာ ယခုအခါတွင် (၄၅) ကြိမ်မြောက် ရှိလာခဲ့ပြီဖြစ်ပါသည်။
Sep 26, 2024
ယဉ်ကျေးမှုများအကြား ဆက်သွယ်ပေးသည့်ပေါင်းကူးတံတားအဖြစ် အမွှမ်းတင်ကာ ချီးကျူးခံရလေ့ရှိသော ခရီးသွားလုပ်ငန်းကို ကမ္ဘာ့နိုင်ငံများအတွက် ချစ်ကြည်ငြိမ်းချမ်းရေးနှင့် အပြန်အလှန်နားလည်မှုမြှင့်တင်ရန် အစွမ်းထက်သည့် ကိရိယာတစ်ခုအဖြစ် ကာလရှည်ကြာကပင် အသိအမှတ်ပြုခဲ့ကြသည်။ သဘောထားကွဲလွဲမှုများ၊ ပဋိပက္ခများ၊ လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာတင်းမာမှုများဖြင့် ပြည့်နှက်လျက်ရှိသော ယနေ့ကမ္ဘာကြီးတွင် ခရီးသွားလုပ်ငန်းသည် တွေ့ဆုံဆွေးနွေးရေး၊ ဆက်ဆံရေးထူထောင်ရေးနှင့် ပိုမိုငြိမ်းချမ်းသော ကမ္ဘာ့အသိုက်အဝန်းတည်ထောင်ရေးတို့အတွက် တစ်မူထူးခြားစွာ ဆက်သွယ်ပေးနိုင်သော လမ်းကြောင်းတစ်ခုဟု ဆိုပါကမှားမည်မဟုတ်ချေ။ သို့ရာတွင် စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် ပထဝီဝင်နိုင်ငံရေးဆိုင်ရာအခြေအနေများ စသည့်လက်ရှိဖြစ်ပေါ်နေသော ကမ္ဘာ့အခင်းအကျင်းများက ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးတို့အပေါ် ကြီးမားစွာသက်ရောက်မှုရှိနေကြောင်း သတိပြုရမည်ဖြစ်သည်။
Sep 26, 2024
၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၆ ရက်သည် (၁၃)ကြိမ်မြောက် ကမ္ဘာ့ပတ်ဝန်းကျင်ကျန်းမာရေးနေ့ဖြစ်သည်။ ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ကျန်းမာရေးနေ့၏ ဆောင်ပုဒ်မှာ “ပတ်ဝန်းကျင်ကျန်းမာရေး- သဘာဝဘေးအန္တရာယ်လျှော့ချရေး၊ ရာသီဥတုပြောင်းလဲမှုလျော့ပါးရေးနှင့် လိုက်လျောညီထွေဖြစ်အောင်ဖန်တီးရေး- Environmental Health: Creating Resilient Communities through Disaster Risk Reduction and Climate Change Mitigation and Adaptation” ဖြစ်သည်။
Sep 25, 2024
အင်္ဂလိပ်အစိုးရသည် မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ၁၈၇၂ ခုနှစ်မှစတင်၍ ကောက်ယူခဲ့ပြီး ၁၀ နှစ်တစ်ကြိမ် ပုံမှန်ကောက်ယူခဲ့ပါသည်။ မှတ်တမ်းများအရ ၁၈၇၂ ခုနှစ်တွင် အောက်မြန်မာပြည် လူဦးရေ ၂ ဒသမ ၇၅ သန်း၊ ၁၈၈၁ ခုနှစ်တွင် ၃ ဒသမ ၇၄ သန်း ကောက်ယူရရှိခဲ့ပြီး ၁၈၉၁ ခုနှစ်မှစ၍ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူခဲ့ရာ ၁၈၉၁ ခုနှစ်တွင် ၇ ဒသမ ၇၃ သန်း၊ ၁၉၀၁ ခုနှစ်တွင် ၁၀ ဒသမ ၅ သန်း၊ ၁၉၁၁ ခုနှစ်တွင် ၁၂ ဒသမ ၁၁ သန်း၊ ၁၉၂၁ ခုနှစ်တွင် ၁၃ ဒသမ ၂၁ သန်း၊ ၁၉၃၁ ခုနှစ်တွင် ၁၄ ဒသမ ၆၇ သန်း၊ ၁၉၄၁ ခုနှစ် တွင် ၁၆ ဒသမ ၈၂ သန်း ကောက်ယူရရှိခဲ့ပါသည်။
Sep 24, 2024
မြစ်ချောင်းဖျား တောင်တန်းများဆီတွင် မိုးတိမ်များမှောင်မည်း ညို့မှိုင်းလာပါက သိပ်မကြာမီတွင် မြစ်ရေချောင်းရေများ တရိပ်ရိပ်တက်လာတော့မည့် လက္ခဏာဖြစ်သည်ဟု အဆိုရှိပါသည်။
Sep 23, 2024
ဆိုင်းပညာရှင်အဖြစ်သို့ ရောက်လိုသူ တစ်ဦးသည် ငယ်ရွယ်စဉ်အခါမှစ၍ အားကိုးလောက်သော ပညာရှင်ဆိုင်းဆရာကြီးထံ၌ နှစ်ရှည်လများ တပည့်ခံပြီးလျှင် ဆိုင်းသမားအဖြစ်မှ ပတ်တီးလက်ထောက်၊ ပတ်တီးခေါင်းဆောင်အဖြစ်သို့ တစ်စတစ်စ တိုးတက်ရောက်ရှိသည့်တိုင်အောင် အထူးဝီရိယစိုက်၍ ပညာဆည်းပူးပါမှ ဆိုင်းဆရာအဖြစ်သို့ ရောက်ရှိနိုင်လေသည်။ ဤကဲ့သို့သော ဇွဲ၊ ဝီရိယဖြင့် အားခဲလေ့လာ ကြိုးစားခဲ့ကြသဖြင့် မြန်မာနိုင်ငံ ဆိုင်းလောကတွင် ကျော်ကြားခဲ့ကြသော ဆိုင်းဆရာများသည် မြန်မာမင်းလက်ထက်မှစ၍ ယနေ့တိုင်အောင်ပင် အသီးသီးပေါ်ထွက်ခဲ့ကြလေသည်။ သို့ရာတွင် အချို့သော ဆိုင်းဆရာအဆက်အနွှယ်တို့သည် ရိုးရာ ဖြစ်သောဆိုင်းပညာကို ဆက်ခံလိုက်စား ခြင်းနည်းပါးသဖြင့် တဖြည်းဖြည်းမှေးမှိန် တိမ်ကောသွားကြရသည်။ အချို့သော ဆိုင်းဆရာကြီးများ၏ သားမြေးတို့သည် ကားဆိုင်းပညာကိုစွန့်၍ ဇာတ်သဘင်ပညာဖြင့် အသက်မွေးကြသည်။ အချို့ မှာမူရိုးရာဆိုင်းပညာကို လိုက်စားပါသော်လည်း မိဘဘိုးဘွားများကဲ့သို့ ထူးချွန်ကျော်ကြားခြင်းမရှိကြချေ။ သို့ဖြင့်ဆိုင်းပညာရှင်ကြီးများ ဖြစ်ကြသည့် ‘ဆရာအုန်း’၊ ‘ဆရာလတ်’တို့၏ အဆက်အနွှယ်များသည် မြန်မာနိုင်ငံ ဆိုင်းလောက တွင် တိမ်ကောခဲ့ကြရသည်။
Sep 23, 2024
သတင်းအချက်အလက်သိရှိရေးသည် ခေတ်အဆက်ဆက် မည်သည့်စနစ်မဆို အရေးပါသော အခန်းကဏ္ဍတွင် ရပ်တည်လျက်ရှိသည်။ နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခု၏ ဖြစ်တည်တိုးတက်မှုများတွင် သတင်းအချက်အလက်များအပေါ် အခြေခံပြီး ကူးလူးဆက်ဆံ၊ ရင်းနှီးမတည်၊ လက်ခံယုံကြည်၍ အကောင်အထည်ဖော်ဆောင်ရွက်ကြသည်။ သတင်းကြိုတင်သိရှိမှု၊ သတင်းမှန်များနေ့စဉ်ပျံ့နှံ့ရောက်ရှိမှုနှင့် သတင်းမှားများ/ သတင်းတုများ/လုပ်ကြံဝါဒဖြန့်မှုများကို ကာကွယ်တားဆီးနိုင်မှုသည် နိုင်ငံတိုင်းအတွက် အရေးပါသော အခြေအနေတစ်ရပ်ဖြစ်လာပါသည်။ နည်းပညာတိုးတက်လာမှုနှင့်အတူ သတင်းမှန်များ၏ အရေးပါမှုသည်လည်း တိုင်းပြည်နိုင်ငံတိုင်းအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာပြီး သတင်းလိမ်/ သတင်းတု/သတင်းမှား/လုပ်ကြံသတင်းများ၏ အန္တရာယ်များသည် နေရာတိုင်းတွင် သက်ရောက်မှုရှိလာနေပြီဖြစ်သည်။
Sep 23, 2024
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းလုပ်ငန်းတစ်ခုလုံး၏ အဓိကကျသည့် ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်းကြီးကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်သည်။ သန်းခေါင်စာရင်းဆိုသည်မှာ တစ်နိုင်ငံလုံးတွင် တစ်ပြိုင်တည်းကောက်ယူသည့် လူဦးရေစာရင်း၊ အိမ်ထောင်စုပါ အမည်နှင့်တကွသော လူဦးရေစာရင်းဟု မြန်မာအဘိဓာန်တွင် ဖော်ပြထားပါသည်။
Sep 23, 2024
ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။
