Jun 25, 2024

ကျန်းမာရေးကောင်းမွန်မှသာ မိမိတစ်ဦးတည်း အတွက်ဖြစ်စေ၊ မိမိမိသားစုအတွက်ဖြစ်စေ၊ မိမိအဖွဲ့အစည်းအတွက်ဖြစ်စေ၊ မိမိနိုင်ငံအတွက်ဖြစ်စေ အကျိုးပြုနိုင်မည် ဖြစ်ပါသည်။ ယနေ့ခေတ် ကာလအခြေအနေတွင် လူအများကြုံတွေ့နေရသည့် ရောဂါများသည် ၎င်းတို့၏ လူနေမှုပုံစံများနှင့် တိုက်ရိုက်အချိုးကျလျက်ရှိပါသည်။
Jun 25, 2024

ယခုရက်ပိုင်းအတွင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres ၏ “မြန်မာနိုင်ငံတစ်ဝန်းတွင် အကြမ်းဖက်မှုများ တိုးလာနေသဖြင့် အလွန်စိုးရိမ်မိကြောင်း၊ ရခိုင် ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအပါအဝင် အရပ်သားအများအပြား သေဆုံးခဲ့ရသည့် မြန်မာစစ်တပ်၏ လတ်တလောတိုက်ခိုက်မှုများကို ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း၊ မြန်မာနိုင်ငံအနောက်ခြမ်းရှိ ရခိုင်တိုင်းရင်းသားများကို ပစ်မှတ်ထားသော နောက်ဆုံးဖြစ်ရပ်နှင့် ရိုဟင်ဂျာများ အပေါ်ဖိနှိပ်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းကို လူမှုအသိုင်းအဝိုင်းအားလုံးက အကာအကွယ်ပေးဖို့လိုကြောင်း”ပြောကြားချက်ကို အတွင်းရေးမှူး ချုပ်ရုံးကထုတ်ပြန်ခဲ့သည်။
Jun 25, 2024

ယခုနှစ်ပိုင်း နိုင်ငံပိုင်သတင်းစာများ၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ၊ စိတ်ကြွဆေးများ ဖမ်းဆီးရမှုသတင်းများကို နေ့စဉ်နှင့်အမျှ တွေ့မြင်ကြားသိနေရပြီး မူးယစ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့၏ ၂၀၂၃ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာအရ နိုင်ငံတစ်ဝန်း၌ မူးယစ်ဆေးဝါး အမှုပေါင်း ၆၅၃၉ မှု၊ တရားခံ ၈၈၅၃ ဦးနှင့် စုစုပေါင်း တန်ဖိုးငွေကျပ် ၁၀၅၇၇၆၃ ဒသမ ၁၉၉၃၄ သန်း (အမေရိကန်ဒေါ်လာ ၅၀၃ ဒသမ ၆၉၆ သန်း) တန်ဖိုးခန့် ဖမ်းဆီးရမိနေကြောင်း၊ ရှမ်းပြည်နယ်ရှိခရိုင်လေးခုမှ အဓိကပါဝင်နေပြီး စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမှုမှာ အများဆုံးဖြစ်ကြောင်းနှင့် ၂၀၁၆ ခုနှစ်မှ လက်ရှိအချိန်အထိ ရှမ်းပြည်နယ်မှထုတ်လုပ်သည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများနှင့် စိတ်ကြွဆေးများကို ရခိုင်ပြည်နယ်သို့ ကုန်းလမ်းမှသယ်ယူပို့ဆောင်ပြီး ပြည်ပသို့ ရေလမ်းခရီးပို့ဆောင်၍ ဖြန့်ဖြူးရောင်းချနေသည့် မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှု ၁၀ ကြိမ်အတွင်း ကျပ်သန်း ၂၉၄ ဒသမ ၁၂ ဘီလီယံ (အမေရိကန် ဒေါ်လာသန်း ၁၄၀၀ ကျော်) ရှိကြောင်း၊ လူမသိသည့် သာမန်မီးဖိုချောင်တစ်ခုမှအစပြု၍ ဓာတုဆေးဝါး ပစ္စည်းမျိုးစုံနှင့် ရောစပ်ပြီး ဆေးပြားရိုက်စက်ကို အသုံးပြုကာစိတ်ကြွဆေးများ အလွယ်တကူထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေကြောင်းများလည်း ကြားသိနေရသောကြောင့် ဤမကောင်းဆိုးဝါး မူးယစ်ဆေးဝါးများနှင့် ယင်းတို့ကိုပြုလုပ်နိုင်သည့် အန္တရာယ်ရှိဓာတုပစ္စည်းများ (Hazardous Chemicals) အကြောင်းကို အများပြည်သူ သိရှိ ရှောင်ရှားနိုင်စေရန်အတွက် ၂၀၂၄ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် (၃၇) နှစ်မြောက် “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့”အထိမ်း အမှတ်အခမ်းအနားကို ဂုဏ်ပြုကြိုဆိုလျက် ဤဆောင်းပါးကို အကျယ်တဝင့်ရေးသားဖော်ပြ ရခြင်းဖြစ်ပါသည်။ အဓိကဦးတည်ချက်ဖြစ်သည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ၊ စိတ်ကြွဆေးများအကြောင်းမတင်ပြမီ အဆိုပါကိစ္စများကို အဓိကကိုင်တွယ်ထိန်းသိမ်း ဖြေရှင်းဆောင်ရွက်နေရသော တာဝန်အရှိဆုံးအဖွဲ့ အစည်းဖြစ်သည့် ပြည်ထဲရေးဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဖြစ်ပေါ်လာပုံနှင့် ဖွဲ့စည်းတည်ဆောက်ထားရှိမှု အခြေအနေများကို ဦးစွာတင်ပြလိုပါသည်။
Jun 25, 2024

ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။
Jun 24, 2024
ပိုးလမ်းမရပ်ဝန်းနိုင်ငံများအတွက် သစ်သီးဝလံများ ပြုပြင်ထုတ်လုပ်ခြင်းနှင့် အသုံးချခြင်းဆိုင်ရာ နည်းပညာ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ MOFCOM ၏ ထောက်ပံ့မှုအစီအစဉ်ဖြင့် “Seminar on Food Processing and Utilization for Belt and Road Countries” သို့ တက်ရောက်ရန် မြန်မာကိုယ်စား လှယ်အဖွဲ့ဝင် ငါးဦးသည် ရန်ကုန်မြို့မှ ပေကျင်းမြို့သို့ ၆-၅-၂၀၂၄ မှ ၂၁-၅-၂၀၂၄ ရက်နေ့အထိ သွားရောက်ခဲ့ပါသည်။
Jun 24, 2024

ကမ္ဘာ့ပထမဆုံး သမဝါယမအသင်း ရော့ခ်ဒေးလ်သမဝါယမစနစ်သည် ခရစ်နှစ် ၁၈၀၀ ကျော်နှင့် ၁၉ ရာစုအတွင်း ဥရောပနိုင်ငံအချို့တွင် တဖြည်းဖြည်း စတင်ပေါ်ပေါက်လာနေပြီဖြစ်သည်။ ၁၉ ရာစုအတွင်း ပေါ်ပေါက်လာသည်ဆိုရာတွင် အဆိုပါသမဝါယမစနစ်ကို လူအများ အမှန်တကယ် အကျိုးရှိရှိခံစားနိုင်အောင် ထိရောက်အောင်မြင်စွာကျင့်သုံးနိုင်ခဲ့သော ကမ္ဘာ့ပထမဆုံးသမဝါယမအသင်း စတင်တည်ထောင်ဖွဲ့စည်းခဲ့သည့်အချိန်ကာလကို သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ စီးပွားရေးကျပ်တည်းလာမှု၊ စားဝတ်နေရေးမပြေလည်မှု၊ လူမှုရေးအခက်အခဲများဖြစ်ပေါ်လာမှုတို့ကြောင့် ဆင်းရဲဒုက္ခများစွာ ကြုံတွေ့လာရသောအခါ ယင်းအခြေအနေမှ လွတ်မြောက်ရန်အတွက် ၁၈ ရာစု အလယ်ပိုင်းလောက်တွင် နည်းအမျိုးမျိုးဖြင့် ကြိုးပမ်းခဲ့ကြရင်း ရှေ့ပြေးသမဝါယမအသင်းများကို စမ်းသပ်ဖွဲ့စည်းတည်ထောင်ခဲ့ကြသည်။
Jun 24, 2024

အမှန်တရားနှင့်ပတ်သက်၍ မပြောင်းလဲသော အမှန်တရားတစ်ခုမှာ တည်တံ့ခိုင်မြဲခြင်းပင်ဖြစ်သည်။ မုသားက မည်မျှပင်အားကြီးပါစေ၊ မုသားမည်မျှပင် ခွန်အားပြင်းပြင်း လွှမ်းခြုံထားပါစေ အချိန်ကာလ၏ တိုက်စားမှုအောက်တွင် အမှန်တရားဆိုသည်မှာ မှောင်မိုက်မှုအကြားမှ ငွားငွားစွင့်စွင့် ထွက်ပေါ်လာသည့် သူရိန်နေမင်းကြီးကဲ့သို့ပင် ပေါ်ထွက်လာကာ မုသာဝါဒတို့ လွင့်စဉ်ရစမြဲ။
Jun 24, 2024

မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးပြဿနာသည် ကိုလိုနီလက်အောက်ကျရောက်စဉ်ကပင် စတင်ခဲ့ပါသည်။ နယ်ချဲ့ကိုလိုနီတို့၏လုပ်ရပ်အတိုင်း တိုင်းရင်းသားများအား သွေးခွဲခြင်းနှင့် သွေးကွဲစေခြင်းတို့ကို ဆောင်ရွက်ရန် ဘိန်းသုံးစွဲမှုနှင့် ဘိန်းစိုက်ပျိုးမှုကို စီးပွားရေးနှင့်နိုင်ငံရေးအရ ဆောင်ရွက်လာရာမှ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးပြဿနာ စတင်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါသည်။ အကျိုးဆက်အနေဖြင့် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်များ ပေါ်ပေါက်လာကာ ၎င်းတို့ရေရှည်ရပ်တည်နေနိုင်ရေးအတွက် ဘိန်းစိုက်ပျိုးမှုနှင့် ဘိန်းကုန်ကူးခြင်းတို့ကို ဆောင်ရွက်ရာမှ မူးယစ်ဆေးဝါးပြဿနာသည် ဆက်လက်တည်ရှိနေခဲ့ပါသည်။ တိုင်းရင်းသားလက်နက်ကိုင်များ၏ပြဿနာကို ဖြေရှင်းနေစဉ် အိမ်နီးချင်းနိုင်ငံမှ ကူမင်တန်တပ်များ၏ ကျူးကျော်မှုပြဿနာကို ဖြေရှင်းခဲ့ရပြီး ၎င်းတို့၏အမွေဆိုးဖြစ်သော ဘိန်းစိုက်ပျိုးမှုနှင့် ဘိန်းဖြူချက်လုပ်မှုများမှာ နိုင်ငံအတွင်း အမြစ်တွယ်ကျန်ရစ်ခဲ့ပါသည်။
Jun 23, 2024

မေလအတွင်း ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် စတင်ဖြစ်ပေါ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြန်မာနိုင်ငံသို့ မုတ်သုံလေဝင်ရောက်မှုသည် မျှော်မှန်းထားသည့် အချိန်ထက်စောခဲ့သည်။ မုတ်သုံလေနှင့်အတူ အားလုံးမျှော်လင့်နေသော “မိုး’’ လည်း တစ်ပါတည်းပါလာသည်။ မိုးရွာသွန်းမှုကြောင့် အပူချိန်သိသိသာသာကျဆင်းသွားခဲ့သည်။ ထို့အတူ သဘာဝပတ်ဝန်းကျင်သည်လည်း တဖြည်းဖြည်းအစိမ်းရောင်လွှမ်းလာသည်။ မိုးရာသီရောက်ပြီဆိုလျှင် နိုင်ငံသားတိုင်း မဖြစ်မနေဆောင်ရွက်သင့်သော တာဝန်တစ်ရပ်ရှိနေသည်။ ထိုတာဝန်ကားအခြားမဟုတ်ချေ။ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့် ရာသီဥတုညီမျှမှုကို ထိန်းသိမ်းစေနိုင်သော သစ်ပင်များစိုက်ပျိုးရေးပင်ဖြစ်သည်။
Jun 23, 2024

အိမ်နီးချင်းနိုင်ငံများ၏ သမဝါယမစနစ်ဖြစ်ထွန်းမှု၊ ဆောင်ရွက်မှုပုံစံ၊ အားသာချက်၊ အားနည်းချက်များကို လက်လှမ်းမီသမျှ လိုက်လံလေ့လာရင်းဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ သမဝါယမစနစ်အကြောင်းကို ဦးစွာရေးသားဖြစ်ခဲ့သည်။ ယခုတစ်ဖန် အိန္ဒိယနိုင်ငံ၏ သမဝါယမစနစ် ဆောင်ရွက်ချက်များကို လေ့လာသုံးသပ်မိသမျှ ပြန်လည်မျှဝေချင်မိရပြန်သည်။ မိမိတို့နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော အိမ်နီးချင်းနိုင်ငံများ၏ အောင်မြင်သောသမဝါယမစနစ် ဆောင်ရွက်ချက်များကို လေ့လာရင်း သုံးသပ်ရင်းဖြင့် မိမိနိုင်ငံ၏သမဝါယမကဏ္ဍ ဖွံ့ဖြိုးမှုအနေအထားနှင့် ချိန်ထိုးနှိုင်းဆအဖြေရှာကြည့်ရင်း တကယ်လုပ်ရင် တကယ်အောင်မြင်မည်ဖြစ်၍ သမဝါယမအသင်းများသို့ တွန်းအားပေးဆောင်ရွက်ရန် တွေးမိလာရသည်။