Skip to main content
May 24, 2025
ဆောင်းပါး
လေတိုက်နှုန်းမြင့်မားသည့်အတွက် အဖြူရောင်တိမ်တိုက်တို့လွင့်ပါးသွားရပြီး ကောင်းကင်က မိုးပြာရောင် တောက်ပနေတတ်ကာ အစဉ်ကြည်လင်နေသည့်အတွက် ညအချိန်တွင် ကြယ်ကြည့်ရသည့် အရသာ၊ စိတ်မွန်းကျပ်မှုတို့မှ လွတ်မြောက်ပြီး စိတ်အစဉ်က အရိပ်ထင်သမျှကို လွင့်မျောခံစားနိုင်သည့် ဒေသဖြစ်သည်။
May 21, 2025
ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
May 21, 2025
ဆောင်းပါး
မေလရောက်ပြီဆိုလျှင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်တော့မည့်အရေး ပြင်ဆင်ကြရသည်။ စာသင်ကျောင်းများဘက်မှ ကျောင်းအပ်လက်မခံမီ မိမိတို့ကျောင်း ဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ဆရာ၊ ဆရာမတို့ လှုပ်ရှားဆောင်ရွက်ကြရသည်။ မေလနောက်ဆုံးသီတင်းနှစ်ပတ်သည် ကျောင်းသား ကျောင်းသူများ ကျောင်းအပ်နှံရေးအချိန်ကာလများဖြစ်သည်။ ယခု ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မေ ၂၂ ရက်နေ့တွင် ကျောင်းစတင်အပ်နှံနိုင်ကြောင်းနှင့် ဇွန် ၂ ရက်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။ ယခင်နှစ်များကဲ့သို့ပင် နိုင်ငံတော်အစိုးရက ကျောင်းအပ်နှံမည့် ကျောင်းသား ကျောင်းသူများအတွက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ကျောင်းဝတ်စုံအစရှိသည်များကို အခမဲ့ပေးအပ်သွားမည်ဖြစ်သည်။
May 21, 2025
ဆောင်းပါး
သုဝဏ္ဏဘူမိမှ ထေရဝါဒရဟန်းတော်တစ်ပါးနှင့် ပိဋကတ်သုံးပုံရရှိလိုက်သဖြင့် ပုဂံသည်ထေရဝါဒဗုဒ္ဓဘာသာ၏ အချက်အချာဘူမိနက်သန်ဖြစ်ခဲ့သည်။ ခေတ်ပြိုင်သထုံတွင် ထေရဝါဒဗုဒ္ဓဘာသာရှိနှင့်ပြီးဖြစ်သည်။ ယနေ့ခေတ် သထုံမြို့တွင်းနေရာအနှံ့မှ တူးဖော်ရရှိသော အုတ်ခွက်ဘုရား သုံး၊ လေးထောင် (အကောင်းနှင့် အကျိုးအပဲ့အပါအဝင်) က ခိုင်မာသော အထောက်အထားဖြစ်၏။
May 20, 2025
ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။
May 20, 2025
ဆောင်းပါး
မြန်မာပြည်ကို ဖျက်ဆီးနေတဲ့ NUG, PDF နဲ့ EAO အချို့အခြေပြုရာစခန်းတွေကို တပ်မတော် (ကြည်း၊ ရေ၊ လေ) က အထူးသဖြင့် လေကြောင်းက ခပ်စိပ်စိပ်လေး ဖိအားပေးတိုက်ခိုက်မှုတွေ ပြုလုပ်လာတာနဲ့အမျှ ယခုလိုအကြမ်းဖက်အားပေးတွေဘက်ကနေ နှပ်ကြောင်းပေး၊ မဟုတ်တမ်းတရားတွေ ရှိလာတော့မယ်ဆိုတာ မြင်ပြီးသားဖြစ်ပါတယ်။ ဒီလိုအကြောင်းအရာတွေက မြန်မာ့နိုင်ငံရေးမှာ မဆန်းတော့ပါဘူး။
May 19, 2025
ဆောင်းပါး
မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းများအနက် အဓိကစိုက်ပျိုးသီးနှံဖြစ်သည့် ဆန်စပါးသည် နိုင်ငံ၏အခြေခံကျသော အစားအစာဖြစ်သည့်အပြင် မဟာဗျူဟာမြောက်သည့် စိုက်ပျိုးရေးထွက်ကုန်တစ်ခုလည်း ဖြစ်ပါသည်။
May 19, 2025
အခုဆိုရင်အနောက်နိုင်ငံတွေမှာ နိုင်ငံရေးအပြောင်းအလဲတွေ ကြီးကြီးမားမားဖြစ်နေပါတယ်။ တစ်နည်း အမေရိကန်ကော ဥရောပမှာပါ လစ်ဘရယ်ဒီမိုကရေစီအကျပ်အတည်းဆိုက်နေတယ်။ မေးခွန်းများစွာရင်ဆိုင်နေရပါတယ်။ အမေရိကန်မှာ အမျိုးသားရေးဝါဒီ ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာသလို ဥရောပမှာလည်း လက်ယာစွန်းနိုင်ငံရေးပါတီက တစ်နှစ်ထက်တစ်နှစ် အားကောင်းလာနေပါတယ်။
May 19, 2025
ဆောင်းပါး
မေ ၁၂ ရက်ကနေ ယနေ့အထိ လူမှုကွန်ရက်မျက်နှာစာအသီးသီးမှာ မရပ်မနားနေ့စဉ် အထပ်ထပ်ထုတ်လွှင့်နေတဲ့ သတင်းတစ်ပုဒ်ကိုပြပါဆိုရင် အားလုံးသိရှိကြပြီးဖြစ်တဲ့အတိုင်း စစ်ကိုင်း တိုင်းဒေသကြီး ဒီပဲယင်းမြို့နယ် အိုးထိမ်းကွင်းရွာမှာ မေ ၁၂ ရက်က ဖြစ်ခဲ့တဲ့ သတင်းပဲဖြစ်ပါတယ်။ အဆိုပါသတင်းကို ပြည်တွင်းမှာသာမက နိုင်ငံတကာနဲ့ ကုလသမဂ္ဂစင်မြင့်ထက်ရောက်အောင် သတင်းပေါက်အောင်လုပ်နိုင်တာက ဖြစ်ပျက်ခဲ့တဲ့သတင်း မှန်သည်/မမှန်သည်ကိုမကြည့်ဘဲ အမည်းရောင် (သို့မဟုတ်) အဖျက်အမှောင့်သတင်းစာပညာအစွမ်းနဲ့ လုပ်ခဲ့တာကို သတင်းနဲ့ပတ်သက်ပြီး နားလည်သူတိုင်းသိကြပါတယ်။
May 19, 2025
ဆောင်းပါး
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၃၀ ရက်တွင် သတ်မှတ်ကြေညာခဲ့သည့် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုများ ကမ္ဘာအနှံ့ခြေဆန့်ခဲ့သည်မှာ အချိန်ကာလအားဖြင့် ငါးနှစ်နှင့် သုံးလကျော်ခဲ့ပြီဖြစ်ပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ၂၀၂၅ ခုနှစ် ဧပြီ ၂၇ ရက်တွင် ထုတ်ပြန်ထားချက်အရ ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ၇၇၇ ဒသမ ၇ သန်းခန့်ရှိခဲ့ပြီး ရောဂါကြောင့် သေဆုံးသူ ၇ ဒသမ ၀၉ သန်းခန့်ရှိပြီဖြစ်ကြောင်း သိရသည်။