Skip to main content
May 03, 2026
ဆောင်းပါး
ဆိုင်ရှေ့မှာ မနက်စာစားသူတွေရဲ့ မော်တော်ဆိုင်ကယ်နဲ့ကားတွေ ရပ်ထားပါတယ်။ ဆိုင်ထဲမှာ လူအများရဲ့စကားပြောသံတွေ၊ မုန့်မှာနေတဲ့စားပွဲထိုးတွေရဲ့ အသံ၊ ဇွန်းသံ၊ ပန်းကန်သံတွေနဲ့အတူ လက်ဖက်ရည်နဲ့ တွဲဖက်စားသောက်ရတဲ့ ပလာတာ၊ စမူဆာ၊ အီကြာကွေးကြော်တဲ့ ညှော်နံ့တွေက လှိုင်နေပါတယ်။ မနက်ခင်းစောစော အဆာပြေစာအတွက် လက်ဖက်ရည်၊ မုန့်တွေ အပြင် ရှမ်းခေါက်ဆွဲ၊ မုန့်ဟင်းခါးနဲ့ ထမင်းဆီဆမ်းသာရပြီး အရသာကလည်း သာမန်၊ ဒါပေမယ့် ဆိုင်က လူအမြဲပြည့်နေတတ်ပါတယ်။ မုန့်တွေစားချင်ရင် စောစောသွားမှ အဆင်ပြေပြီး နည်းနည်းနောက်ကျသွားရင် လက်ဖက်ရည်သာ ရပါတော့တယ်။
May 03, 2026
ဒီမိုကရေစီရင့်ကျက်မှုရှိတဲ့ နိုင်ငံကြီးတွေမှာ ရွေးကောက်ခံအစိုးရသစ်ရဲ့ ရက် ၁၀၀ ခရီးအစကို ပျားရည်ဆမ်းကာလ(Honey Moon Period)လို့ ဆိုကြတယ်။
May 02, 2026
လူတိုင်းအသက်ရှင်ရပ်တည်နေရသည့်အချိန်၌ စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်းများနှင့်ပြည့်စုံ၍ အေးချမ်းစွာဖြင့် လွတ်လပ်ပျော်ရွှင်စွာနေထိုင်လိုကြသူများချည်းဖြစ်ပါသည်။ တစ်ဦးနှင့်တစ်ဦး မတူညီကြသည့်ဘဝများတွင် ရည်ရွယ်ချက်ကိုယ်စီဖြင့် စား၊ ဝတ်၊ နေရေးအတွက်အလုပ်များကို လုပ်ကိုင်နေကြသည်။
May 02, 2026
ဆောင်းပါး
နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်အင်အားသည် ထိုနိုင်ငံရှိ လူငယ်မောင်မယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ ဖွံ့ဖြိုးတက်ကြွမှုအပေါ် များစွာတည်မှီလျက်ရှိပါသည်။ ကျန်းမာကြံ့ခိုင်ပြီး စွမ်းရည်ထက်မြက်သည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန်အတွက် အခြေခံပညာကျောင်းများမှစ၍ အားကစားကဏ္ဍကို မြှင့်တင်ပေးခြင်းသည် အထိရောက်ဆုံးသော နည်းလမ်းကောင်းတစ်ခုဖြစ်ပါသည်။ ကျောင်းအခြေပြု အားကစားလှုပ်ရှားမှုများသည် ကျောင်းသားလူငယ်များ၏ ကိုယ်ခန္ဓာဖွံ့ဖြိုးမှုကိုသာမက စိတ်ဓာတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုနှင့် စည်းလုံးညီညွတ်မှုကိုပါ ပျိုးထောင်ပေးနိုင်ပါသည်။
May 02, 2026
ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန (ယခင်ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန)က မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့ တွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဥပဒေအသစ်ကို ပြဋ္ဌာန်းခဲ့ပြီး ဥပဒေနှင့်အညီ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ၊ ခရီးသွားလုပ်ငန်းကော်မတီနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီများကို အဆင့်ဆင့်ဖွဲ့စည်းခဲ့ပြီး ခရီးသွားလုပ်ငန်းများ စနစ်တကျနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
May 01, 2026
ဆောင်းပါး
ရန်ကုန်-ပြည်ရထားလမ်းအား ၁၈၇၇ ခုနှစ် မေလ ၁ ရက်နေ့တွင် စတင်ဖောက်လုပ်ပြေးဆွဲခြင်းနှင့်အတူ မြန်မာနိုင်ငံ၌ ရထားလုပ်ငန်း ပေါ်ထွန်းခဲ့သည့် အချိန်မှစ၍ ယနေ့ဆိုလျှင် (၁၄၉) နှစ်မြောက်ရှိပြီဖြစ်သည်။ သမိုင်းကြောင်းရှည်လျားခဲ့သည့်ကာလအတွင်း ရထားပြေးဆွဲခြင်းလုပ်ငန်းဖြင့် ပြည်သူတို့အား တစိုက်မတ်မတ် ဝန်ဆောင်မှုပေးလျက်ရှိသည့် ရင့်ကျက်နေပြီဖြစ်သော နိုင်ငံပိုင် စီးပွားရေးဌာနကြီးတစ်ခုလည်း ဖြစ်ပါသည်။
Apr 30, 2026
နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ထိုနိုင်ငံရှိ ပြည်သူလူထု၏ ကံကြမ္မာသည် ပြည်သူကို ဦးဆောင်နေသော အစိုးရ၏ စစ်မှန်မှုနှင့် ထိုအစိုးရကို လမ်းညွှန်မှုပေးနေသည့် ခေါင်းဆောင်၏ အမြော်အမြင်ရှိမှုတို့အပေါ်တွင် များစွာတည်မှီနေပါသည်။ စစ်မှန်သောအစိုးရဆိုသည်မှာ ပြည်သူ့ဆန္ဒကို ထင်ဟပ်ကိုယ်စားပြုရုံသာမက တိုင်းပြည်၏ လက်ရှိရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ရဲဝံ့ပြတ်သားစွာ ဖြေရှင်းပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် ခိုင်မာသော မဟာဗျူဟာမြောက် လမ်းပြမြေပုံများ ချမှတ်နိုင်သည့် အစိုးရမျိုးကို ဆိုလိုခြင်းဖြစ်ပါသည်။
Apr 30, 2026
ဆဋ္ဌသင်္ဂါယနာမော်ကွန်းပြတိုက် ခင်းကျင်းခဲ့မှုကို မှတ်တမ်းတင်ခြင်းနှင့် အထူးပြပွဲအစီအစဉ်
ဆဋ္ဌသင်္ဂါယနာမော်ကွန်းပြတိုက်ဖြစ်လာမည့် အဆောက်အဦသည် ကမ္ဘာအေးကုန်းမြေမဟာပါသာဏလိုဏ်ဂူတော်ဝင်းအတွင်းရှိ ဓမ္မာရုံအဖြစ် အသုံးပြုရန် ဆောက်လုပ်ထားသော နှစ်ထပ်အဆောက်အဦဖြစ်သည်။ ဆဋ္ဌသင်္ဂါယနာတင်ပွဲ ပြီးစီးသည့် ၁၉၅၆ ခုနှစ်မှစ၍ ရေတွက်လျှင် ၄၄ နှစ် အကြာ ၂၀၀၀ ပြည့်နှစ်တွင် ဆဋ္ဌသင်္ဂါယနာ မော်ကွန်းပြတိုက် ပေါ်ပေါက်လာခြင်းဖြစ်သည်။
Apr 29, 2026
ဆောင်းပါး
မြန်မာ့ဆယ့်နှစ်လရာသီတွင် ဒုတိယမြောက်လဖြစ်သော ကဆုန်လသည် နွေအပူရှိန် အမြင့်ဆုံးအချိန်ဖြစ်သကဲ့သို့ “ကဆုန်လက ရေစင်စင်၊ ညောင်ရေသွန်းမြဲပင်” ဟူသော ဆိုရိုးနှင့်အညီ ရေစင်အေးမြမှုတို့ဖြင့် ပြည့်နှက်နေသည့် လတစ်လဖြစ်ပါသည်။ ဤလသည် ဗုဒ္ဓဘာသာဝင်တို့အတွက် အလွန်တရာ ထူးခြားမွန်မြတ်လှသည့် “ဗုဒ္ဓနေ့” ကျရောက်ရာလဖြစ်ပြီး သဘာဝတရား၏ အပူဒဏ်ကို ဘာသာရေးအသိ၊ ယဉ်ကျေးမှုသတိတို့ဖြင့် အနိုင်ယူကာ သစ်ပင်သစ်တောများ စိမ်းလန်းစိုပြည်စေရန် ဝိုင်းဝန်းပြုစုသည့် မြင့်မြတ်သော ရာသီအချိန်အခါလည်းဖြစ်ပါသည်။
Apr 29, 2026
ဆောင်းပါး
မျက်မှောက်ခေတ် ကမ္ဘာ့နိုင်ငံများတွင် နိုင်ငံတော်တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် “စားနပ်ရိက္ခာဖူလုံမှု” (Food Security) သည် အခြေခံအကျဆုံး အုတ်မြစ်တစ်ခု ဖြစ်လာပါသည်။ မြန်မာနိုင်ငံကဲ့သို့ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် နိုင်ငံတစ်နိုင်ငံအတွက် မွေးမြူရေးကဏ္ဍသည် ပြည်သူတို့၏ အာဟာရလိုအပ်ချက်ကို ဖြည့်ဆည်းပေးရုံသာမက နိုင်ငံတော်၏ အသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး (GDP) ကို မြှင့်တင်ပေးနိုင်သည့် အဓိကမောင်းနှင်အားလည်းဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များနှင့်အညီ မွေးမြူရေးကဏ္ဍတွင် သိရှိထားသင့်သည့် ခေတ်မီနည်းလမ်းများနှင့် အလားအလာများကို စာရေးသူလေ့လာဖတ်မှတ်ထားသမျှ ဗဟုသုတအဖြစ် ပြန်လည်ဝေမျှလိုပါသည်။