ဒီမိုကရေစီဆိုတိုင်း ဒီမိုကရေစီမဟုတ်ပါ
ဇော်ဇော်အောင်
ဒီမိုကရေစီထွန်းကားဖို့ဆိုရင် နိုင်ငံတစ်နိုင်ငံဟာ ဒီမိုကရေစီအမှန်တကယ် ထွန်းကားနိုင်စေတဲ့ လမ်းကြောင်းမှန် ပေါ်မှာလျှောက်လှမ်းနေဖို့ မဖြစ်မနေလိုအပ်ပါတယ်။ ဒီမိုကရေစီစံနှုန်းတွေကို ပုံမှန်ဖွံ့ဖြိုးရှင်သန်လာစေရေး အင်တိုက် အားတိုက် ပြုစုပျိုးထောင်နေဖို့မဖြစ်မနေ လိုအပ်ပါတယ်။ နိုင်ငံသားတွေနဲ့ နိုင်ငံရေး အဖွဲ့အစည်း (နိုင်ငံရေးပါတီ) တွေမှာ ဒီမိုကရေစီဓလေ့စရိုက် ပေါ်ထွန်းစေဖို့ သင်ယူလေ့ကျင့်နေရန် မဖြစ်မနေ လိုအပ်ပါတယ်။ နိုင်ငံရေးဆိုင်ရာ အင်စတီကျူးရှင်းတွေကို ဒီမိုကရေစီနဲ့ စပ်အပ်လျော်ညီပြီး ခိုင်မာတောင့်တင်းတဲ့ အင်စတီကျူး ရှင်းတွေအဖြစ်တည်ဆောက်ဖို့ မဖြစ်မနေလိုအပ်ပါတယ်။ မြန်မာနိုင်ငံကို ဒီမိုကရေစီစနစ် ထွန်းကားပြီး တိုးတက်သာယာဝပြောတဲ့ ငြိမ်းချမ်းတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် မြင်လိုတွေ့လို ကြောင်း တွင်တွင်အော်နေကြတဲ့နိုင်ငံတချို့ဟာ အမှန်စင်စစ်မှာတော့ မြန်မာနိုင်ငံကောင်းစား မှာကို လုံးဝမလိုလားကြောင်း အထင်အရှားတွေ့မြင် နိုင်တဲ့အထောက်အထားတွေမြောက်မြားစွာရှိနေပြီဆိုတာ တွေ့မြင်လာရပါတယ်။ အထူးသဖြင့် လစ်ဘရယ် ဒီမိုကရေစီစနစ် တစ်ခုတည်းကိုမှကောင်းတဲ့နိုင်ငံရေး စနစ်ပါလို့ဟစ်ကြွေးကြပြီးတော့ တစ်ကမ္ဘာလုံးမှာ လစ်ဘရယ်ဝါဒတစ်ခု တည်းသာ လွှမ်းမိုးစေလိုတယ်ဆိုတဲ့ အနောက်နိုင်ငံကြီးတွေရဲ့ စိတ်စေတနာကို အခုအချိန်အခါမှာ မျက်ဝါးထင်ထင် တွေ့မြင်လာရပြီဖြစ်ပါတယ်။
၂၀၂၀ နိုင်ငံရေးပြဿနာ
၁၉၈၈ ခုနှစ် နိုင်ငံရေးဆိုင်ရာ အကျပ်အတည်းကြီး ပေါ်ပေါက်ခဲ့စဉ်ကာလကတည်းက မြန်မာပြည် ဒီမိုကရေစီရရှိရေးအတွက် ကူညီထောက်ပံ့မယ်ဆိုတဲ့ နိုင်ငံတချို့ဟာ လက်တွေ့မှာ ဒီမိုကရေစီဖြစ်ထွန်းစေမယ့် ကူညီထောက်ပံ့မှုမျိုး လုံးဝလက်တွေ့ လုပ်ဆောင်ခဲ့ခြင်းမရှိတာကို တွေ့ရပါတယ်။ ဒီထက်ဆိုးတာကတော့ မြန်မာ နိုင်ငံ ပျက်စီးရာပျက်စီးကြောင်းကို နည်းလမ်းပေါင်းစုံနဲ့ တိုက်ရိုက်ရော သွယ်ဝိုက်ပြီးတော့ ပါအင်တိုက် အားတိုက်ဆောင်ရွက်လာခဲ့တောဟာ အခု ၂၀၂၀ နိုင်ငံရေးပြဿနာပေါ် ပေါက်ခဲ့တဲ့ ကာလကိုရောက်လာ တဲ့အခါမှာလည်း နည်းလမ်းဟောင်းတွေအတိုင်းပဲ နှောင့်ယှက်ဖျက်ဆီးကြတာ တွေ့ရပါတယ်။ ပိုဆိုးလာတာ ကတော့ ၁၉၈၈ တုန်းကလိုမဟုတ်တော့ဘဲ ပိုပြီးတော့ ပြင်းပြင်းထန်ထန် ပြောင်ကျကျလုပ်ကိုင် ဆောင်ရွက် လာကြတာ တွေ့ရပါတယ်။
ကမ္ဘာနဲ့ရင်ပေါင်တန်းနိုင်တဲ့ နိုင်ငံသားများအဖြစ်
ဒီမိုကရေစီ ဘိုးအေနိုင်ငံကြီးတွေလို့ နာမည်ကျော်ကြတာဖြစ်တာမို့ ဒီမိုကရေစီနဲ့ပတ်သက်ရင် အကျွမ်းတဝင် ပိုင်ပိုင်နိုင်နိုင်ရှိလှတဲ့ နိုင်ငံကြီးတွေဖြစ်ပါတယ်။ သူတို့ကြွေး ကြော်ကြသလိုမြန်မာ နိုင်ငံကိုအမှန်တကယ် မေတ္တာထားကြတာ မှန်ရင်၊ စေတနာကောင်းကြတာ မှန်ရင်၊ ငြိမ်းချမ်းစေလိုကြတာ မှန်ရင်၊ တိုးတက် ဖွံ့ဖြိုးစေလိုကြတာမှန်ရင်၊ မြန်မာနိုင်ငံသားတွေကို ကမ္ဘာနဲ့ရင်ပေါင် တန်းနိုင်တဲ့ နိုင်ငံသားတွေအဖြစ် မြင်တွေ့ လိုကြတာမှန်ရင်၊ ချမ်းသာကြွယ်ဝစေလို ကြတာမှန်ရင်၊ အသိပညာတွေ မြင့်မား လာစေလိုကြတာမှန်ရင် သူတို့အနေနဲ့ အလွယ်တကူပဲ လေ့ကျင့်ပျိုးထောင်ပေး လို့ရပါတယ်။ စနစ်တကျ အခိုင်အမာတဖြည်းဖြည်းချင်း တိုးတက်ဖွံ့ဖြိုးလာအောင် နည်းလမ်း တကျနဲ့ ကူညီပံ့ပိုးလို့ ရပါတယ်။ ဒီမိုကရေစီစနစ်နဲ့ကိုက်ညီတဲ့ စံနှုန်းတွေ၊ ဓလေ့စရိုက်တွေ၊ ရေခံမြေခံကောင်းတွေဖြစ် တည်လာဖို့ကိုလွယ်လွယ် ကူကူနဲ့ပဲ ကူညီပံ့ပိုးပေးလို့ရပါတယ်။ သို့သော် ဒီနိုင်ငံတွေဟာလက်တွေ့ မှာတော့ မြန်မာ့နိုင်ငံရေးယဉ်ကျေးမှုဟာ ဒီမိုကရေစီစနစ်နဲ့ အံဝင်ခွင်ကျ ဖြစ်မလာ နိုင်ဖို့၊ ဒီမိုကရေစီစနစ်ကို ထောက်ပံ့ပေးနိုင်မယ့် အင်စတီကျူးရှင်းတွေတောင့်တောင့်တင်းတင်း ပေါ်ပေါက် မလာနိုင်ဖို့၊ မြန်မာနိုင်ငံသားတွေဟာ ဒီမိုကရေစီအလေ့အကျင့်ကို ယဉ်ပါးလာကြပြီးတော့ ရင့်ကျက်တဲ့ နိုင်ငံသားတွေ၊ စည်းလုံးညီညွတ်တဲ့ နိုင်ငံသားတွေ၊ အသိပညာမြင့်မားတဲ့ နိုင်ငံသားတွေ ဖြစ်မလာ နိုင်ကြစေဖို့ကို စနစ်တကျနဲ့ အင်တိုက်အားတိုက် ဆောင်ရွက်နေတာ တွေ့ရပါတယ်။
နိုင်ငံရေးပါတီများ
ဒီနိုင်ငံတွေ မြန်မာနိုင်ငံအပေါ် စေတနာစစ်စစ်မှန်မှန်ထားတာ အမှန်ဖြစ်ရင် မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်း ရေးအတွက် လုပ်သင့်လုပ်ထိုက်တဲ့ နည်းလမ်းတွေကို ရှာဖွေပံ့ ပိုးကြမှာဖြစ်ပါတယ်။ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်လာနိုင်ဖို့သူတို့ အနေနဲ့ လက်တွေ့ လွယ်လင့်တကူ ကူညီ ပံ့ပိုးနိုင်တာတွေ တစ်ပုံတစ်ပင်ရှိပါ တယ်။ နိုင်ငံရေးပါတီတွေ အားကောင်း သန်စွမ်းလာစေဖို့ အကြံပြုနိုင်တာတွေလည်း အများကြီးရှိပါတယ်။ ပြည်တွင်းက အဖွဲ့အစည်း တွေအချင်းချင်း၊ နိုင်ငံသား တွေအချင်းချင်းညီညွတ်လာကြဖို့ အားပေးကူညီနိုင်တဲ့ ကိစ္စတွေလည်း အများကြီးရှိပါတယ်။ သို့သော်လက်တွေ့မှာတော့ တိုင်းပြည်ငြိမ်းချမ်း တည်ငြိမ် မှုပျက်ပြားစေဖို့၊ နိုင်ငံရေး ပါတီတွေ တဖြည်းဖြည်း အင်အားချည့်နဲ့လာကြစေဖို့နဲ့ နိုင်ငံသားတွေ အချင်းချင်း တစ်နေ့တခြား အမုန်းတွေ၊ အငြိုးတွေ ကြီးလာပြီးတော့ တိုင်းပြည်ပြိုလဲတဲ့အထိ ဖြစ်ဖို့ အားကြိုးမာန်တက်ကို ဆောင်ရွက်လာကြတာ တွေ့ရပါတယ်။ သံတမန်ရေး နည်းလမ်း၊ စီးပွားရေး နည်းလမ်း၊ မီဒီယာပေါင်းစုံကနေ လူအများရဲ့ နိုင်ငံရေးဆိုင်ရာ အသိဉာဏ်တွေ ချွတ်ခြုံကျပြီးတော့ အလုံးစုံ ပျက်သုဉ်းစေမယ့်နည်းလမ်း စသည်ဖြင့် နည်းလမ်းပေါင်းစုံသုံးပြီးတော့ နိုင်ငံကို ထိုးနှက်တိုက်ခိုက်နေကြပါတယ်။ ၂၀၂၀ရွေး ကောက်ပွဲကနေပေါ်ပေါက်လာတဲ့ နိုင်ငံရေးအကျပ်အတည်း ကို ပကတိအရှိအတိုင်း သိမြင်အောင်လေ့လာ သုံးသပ်ပြီးတော့ ရသင့်ရထိုက်တဲ့ အဖြေ ကောင်းတစ်ခု ရဖို့တရားနည်းလမ်းကျကျ ကူညီကြားဝင်နားချဖြေရှင်းဖို့ ကြိုးစား ကြရမယ့်အစား သူတို့စိတ်ကြိုက် ခြယ်လှယ်ကြိုးကိုင်လို့ ရလောက်မယ့် အနေအထားမျိုးတစ်ခု မရတော့ တာ ကြောင့် တမင်ဘက် လိုက်ပြီးတော့ တစ်ဖက်က အမှားမှန်သမျှကို လုံးဝ မျက်ကွယ်ပြုပြီး တိုင်းပြည်တစ်ပြည်ရဲ့ မရှိမဖြစ်တဲ့ စစ်ဘက်ဆိုင်ရာ အင်စတီကျူးရှင်းကို နိုင်ငံသားတွေနဲ့ ထိပ်တိုက်ပြဿနာဖြေရှင်းရမယ့် ချောက်ကမ်းပါး နှုတ်ခမ်းကို တွန်းပို့တဲ့ ကိစ္စကြီးမှာ အကြီးအကျယ်ပါဝင်ကြံစည် လုပ်ဆောင်ခဲ့ကြ တာကို အထင်အရှား မြင်တွေ့ရပါတယ်။
အခြေခံအကျဆုံး ဒီမိုကရေစီအခွင့်အရေး
မြန်မာပြည် အမှန်တကယ် ကောင်းစားစေချင်တာမှန်ရင်၊ ဒီမိုကရေစီကို အမှန်တကယ်ဖြစ် ထွန်းစေချင်ကြတာ မှန်ရင် ဒီမိုကရေစီစံတွေကို ချိုးဖျက်ပြီးတော့ လုပ်ချင်တိုင်း လုပ်သွားတဲ့ကိစ္စကို မသိကျိုးကျွန်လုပ်နေလို့ မရပါဘူး။ နိုင်ငံသားတွေရဲ့ အခြေခံအကျဆုံး ဒီမိုကရေစီ အခွင့်အရေးဖြစ်တဲ့ မဲပေးခွင့်ကို အလွဲ သုံးစားပြုပြီးတော့ ဒီမိုကရေစီကို နင်းချေဖျက်ဆီးပြီး တစ်ပါတီကြီးစိုးရေးကို ပြောင်ကျကျလုပ်သွားတဲ့ကိစ္စကို မျက်ကွယ်ပြုနေလို့ မရပါဘူး။ မြန်မာနိုင်ငံဟာ ဒီမိုကရေစီစနစ်ကို တည်ဆောက်ဖို့ ကြိုးစားနေဆဲ နိုင်ငံတစ်နိုင်ငံသာဖြစ်ပါတယ်။ ဒီမိုကရေစီ ကောင်းကောင်းကြီး ထွန်းကားနေပြီးသားနိုင်ငံလည်း မဟုတ်သေးပါဘူး။ ဒါကြောင့် ပါတီတစ်ခုက တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ၊ အနိုင်ရဖို့ထက် ဘယ်ပါတီပဲနိုင်နိုင် ဘယ်သူပဲအစိုးရဖြစ်ဖြစ် ဒီမိုကရေစီ စံနှုန်းတွေ တဖြည်းဖြည်း ပီပြင်လာ အောင်၊ ခိုင်မာလာ အောင် တည်ဆောက် နိုင်ရေးအတွက် ဒီလိုနိုင်ငံတွေအနေနဲ့ ပံ့ပိုးကူညီသင့်တာဖြစ်ပါတယ်။ လက်တွေ့မှာက ဒီမိုကရေစီစံနှုန်းတွေကို မတည် ဆောက်ရသေးခင် ဖျက်လို ဖျက်ဆီး လုပ်နေတာကို အားပေးအားမြှောက် ပြုနေကြတာဖြစ်ပြီးတော့ ဒီမိုကရေစီ ထွန်းကား မယ့်ကိစ္စနဲ့ ပြောင်းပြန်ဖြစ်တဲ့ တစ်ပါတီကြီးစိုးရေးကို တိုက်ရိုက်ရော သွယ်ဝိုက်ပါ အားပေးအား မြှောက်ပြုပြီး နိုင်ငံကို ဖျက်ဆီးနေကြကြောင်း အထင်အရှား မြင်တွေ့လာရပါတယ်။
နောက်ဆုံး နိုင်ငံရေးအရ အင်မတန်မှ ဖြေရှင်းရခက်ခဲတဲ့ ပြဿနာတွေ ဖြစ်ပေါ်လာတဲ့အခါမှာ နိုင်ငံရေးနည်းနဲ့ ဒီမိုကရေစီ အမှန်တကယ်ထွန်းကားဖို့ အထောက်အပံ့ဖြစ် နိုင်မယ့် ငြိမ်းချမ်းတဲ့ နည်းလမ်းတွေနဲ့) အဲဒီပြဿနာတွေကို ဖြေရှင်းဖို့အတွက် ဝိုင်းဝန်းတိုက်တွန်း ဖျောင်းဖျတာတွေ၊ ကူညီပံ့ပိုးတာတွေ “လုပ်ရမယ့်အစား နိုင်ငံသားတွေ စည်းလုံး ညီညွတ်မှုပြိုကွဲပြီးတော့ နိုင်ငံတစ်ခုလုံး ပျက်စီးစေ ဖို့ရည်ရွယ်တဲ့ မစဉ်းစားသင့်တဲ့ နည်းလမ်းတွေနဲ့ လုပ်ကိုင်ဆောင်ရွက်ကြဖို့ နည်းလမ်း ပေါင်းစုံနဲ့ အားပေး အားမြှောက် ပြုနေကြပါတယ်။ မတူကွဲပြားတဲ့ နိုင်ငံရေးအယူ အဆရှိသူတွေ၊ မတူကွဲပြားတဲ့ ယုံကြည်ချက်ရှိသူတွေကိုရပ်တည်လို့မရအောင် (မရပ်တည်ရဲအောင်) အကြီးအကျယ် နှိပ်ကွပ်တဲ့အလုပ် ကို တွင်တွင်ကျယ်ကျယ်ကြီးကို အားပေး အားမြှောက်ပြုနေတာ တွေ့ရပါတယ်။
နိုင်ငံတစ်နိုင်ငံဟာ သူ့အခြေခံ ဥပဒေနဲ့ သူ့နိုင်ငံရေးလည်ပတ်ရပါတယ်။ ဒီမိုကရေစီထွန်းကားပြီးသား ရင့်ကျက် ပြီးသား နိုင်ငံတွေအနေနဲ့ ဒါကိုမသိမရှိသိကြပါတယ်။ မြန်မာနိုင်ငံဟာမြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ သွားနေတာဖြစ်ပါတယ်။ ဒီမိုကရေစီကို အလွဲသုံးစားလုပ်ပြီးတော့ အာဏာကို ရယူဖို့ကြိုးစားရင် ဘယ်လို အရေးယူ ဆောင်ရွက်ရမယ်ဆိုတာကို အဲဒီအခြေခံဥပဒေမှာ အတိအကျ ပြဋ္ဌာန်းထားပါတယ်။ ရွေးကောက်ပွဲဝင်တဲ့ နိုင်ငံရေးပါတီတိုင်း၊ နိုင်ငံရေးသမားတိုင်းဟာ ဒီအခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ ပဋိညာဉ်ကို လိုက်နာပြီးသားဖြစ်ရပါမယ်။ ဒီအခြေခံဥပဒေကို အာဏာရယူ ရေးအတွက် ချိုးဖောက်ပြီး တော့မဲဆန္ဒရှင် နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေကို အလွဲသုံးစားပြုခြင်းဟာ ဒီမိုကရေစီ စံချိန်စံညွှန်းတွေကို ပြောင်ကျကျ ချိုးဖောက်ခြင်းသာ ဖြစ်ပါတယ်။ ဒါကို ဒီမိုကရေစီထွန်းကားပါတယ်ဆိုတဲ့ နိုင်ငံတချို့၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အမှန်တကယ် ဖြစ်ထွန်းစေလိုပါတယ် ဆိုတဲ့ နိုင်ငံတချို့က မသိကျိုးကျွန်ပြု ရုံမကဘဲနဲ့ အဲဒီလိုဥပဒေချိုးဖောက်သူ တွေကို အားပေးအားမြှောက်ပြုပြီးတော့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအစစအရာရာ ကမောက်က မဖြစ်အောင် ဆောင်ရွက် လုပ်ကိုင်နေကြခြင်းကို သုံးသပ်ကြည့်မယ်ဆိုရင် ဒီနိုင်ငံတွေဟာ မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံအဖြစ် ပေါ်ထွန်းလာစေချင်တဲ့ဆန္ဒ အစစ်အမှန်မရှိ ကြောင်း၊ ကမ္ဘာ့ နိုင်ငံရေးဇာတ်ခုံမှာ သူတို့နိုင်ငံတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ထားနိုင်ရေး အတွက် မြန်မာ့နိုင်ငံရေးကို ခြယ်လှယ် စွက်ဖက်တဲ့နည်းကို နည်းလမ်းတစ်ရပ် ဗျူဟာတစ်ရပ်အဖြစ်သတ်မှတ် ဆောင်ရွက်ခြင်း သာဖြစ်ကြောင်း၊ ဒေသတွင်း တည်ငြိမ်မှု ပျက်ပြားပြီးတော့စီးပွားရေးအရ အလားအလာ ကောင်းတွေရှိနေ တဲ့ အာရှကို ချည့်နဲ့သွားစေရေးအတွက် မြန်မာနိုင်ငံဟာ ပထဝီနိုင်ငံရေးအရ အချက်အချာကျလှ တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်တာနဲ့အညီမြန်မာနိုင်ငံမှာ မတည်ငြိမ် မှုတွေ ဖြစ်ပေါ်နေစေအောင်ရည်ရွယ် တာသက် သက်လို့ ပြောလို့ရပါတယ်။
ဒီမိုကရေစီစံနှုန်းများ
ဒီမိုကရေစီဖြစ်ထွန်းရေးအတွက်ဆို ရင်ဒီမိုကရေစီစံနှုန်းတွေက အင်မတန်မှအရေးကြီးပါတယ်။ စံနှုန်းတွေ ဖြစ်တည် မလာဘဲနဲ့ဒီမိုကရေစီ ဘယ်လိုမှမထွန်းကားနိုင်ပါဘူး။ လွတ်လပ်ပြီးတော့ တရားမျှတတဲ့ ရွေးကောက်ပွဲများ ဖြစ်ပေါ်ရေး၊ နိုင်ငံသားတိုင်း လွတ်လပ်စွာ ဥပဒေနဲ့ညီညွတ်စွာ မဲပေး နိုင်ကြရေး၊ လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့်ရှိနိုင်ကြရေး၊ လွတ်လပ်စွာ ယုံကြည်ယူဆခွင့် ရှိနိုင်ကြရေး စတာတွေဟာ အင်မတန်မှ အရေးကြီးလှတဲ့ ဒီမိုကရေစီ ဘယ်လောက်ထွန်း ကားပြီလဲဆိုတာ ကို လက်တွေ့တိုင်းတာလို့ရတဲ့စံနှုန်းတွေ ဖြစ်ပါတယ်။ ဒီစံနှုန်းတွေဖြစ်တည်လာ ဖို့ဆိုရင် အဓိကနိုင်ငံရေးပါတီတွေမှာ တာဝန်ရှိပါတယ်။
လူတိုင်းရင်ထဲမှာ ဒီစံနှုန်းတွေ ကိန်းဝပ်လာကြရအောင်၊ ဒီစံနှုန်းတွေနဲ့ အညီနိုင်ငံရေးစနစ်တစ်ခုလုံးက လည်ပတ်နေအောင်၊ ဥပဒေများကလည်း ဒီစံနှုန်းတွေကို အထောက် အပံ့ပြု အောင် အဓိကဦးဆောင်ဦး ရွက်ပြုပြီးတော့ လက်တွေ့ကျကျ ဆောင်ရွက်သင့်တာက နိုင်ငံရေးသမားတွေနဲ့ နိုင်ငံရေးပါတီတွေ ဖြစ်ပါတယ်။ ဒီမိုကရေစီရေးအတွက် ကူညီချင်ပါတယ်။ ထောက်ပံ့ချင်ပါတယ်ဆိုတဲ့နိုင်ငံတွေ အနေနဲ့လည်း မြန်မာနိုင်ငံမှာ ဒီစံနှုန်းတွေလက်တွေ့ကျကျ ဖြစ်တည်လာအောင် စေတနာမှန်၊ သဘောထားမှန်ရင် ကူညီရမှာဖြစ်ပါတယ်။ ဒီလိုမဟုတ်ဘဲနဲ့ နိုင်ငံရေးသမား တွေက ဒီစံနှုန်းတွေကို ဖျက်လိုဖျက်ဆီး တွေလုပ်၊ ဒီလိုလုပ်တာကိုပဲအဲဒီလိုနိုင်ငံတွေက အားပေးအားမြှောက်ပြု တယ် ဆိုတဲ့ကိစ္စတွေဟာ ဒီမိုကရေစီထူထောင် နေပါတယ်ဆိုတဲ့၊ ဒီမိုကရေစီ ထွန်းကား စေလိုပါတယ်ဆိုတဲ့ စကားတွေနဲ့ (ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတာကို အထင်အရှားမြင် တွေ့နေ ရပါတယ်။
နိုင်ငံနှင့်နိုင်ငံသားများ၏အကျိုးစီးပွား
ဒါကြောင့် မြန်မာ့နိုင်ငံရေးမှာ အကျိုးဆိုင်သူတွေအားလုံးအနေနဲ့ နိုင်ငံနဲ့နိုင်ငံသားတွေရဲ့ အကျိုးစီးပွား ကိုအမှန်တကယ် လိုလားကြတယ်ဆိုရင် ဒီမိုကရေစီ ထွန်းကားစေ ချင်ပါတယ်ဆိုတဲ့ နိုင်ငံတိုင်းဟာ သဘောထား မှန်ကြတာမဟုတ်ကြောင်း နားလည်သဘောပေါက်ကြပါ။ဒီမိုကရေစီ စကားလုံးကြားရရုံနဲ့ ဒီမိုကရေစီဆိုတာ မသေချာ ကြောင်းကို နားလည်သဘောပေါက်ကြပါ။ နိုင်ငံကို လက်တွေ့ တည်ဆောက် နိုင်ဖို့ဆိုရင်၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အမှန်တကယ် ထွန်းကားလာဖို့ဆိုရင် ကိုယ့်နိုင်ငံသား တွေကပဲ ကိုယ်တိုင်ကိုယ်ကျ စည်းလုံး ညီညွတ်စွာနဲ့ ကြိုးစားတည်ဆောက်ခြင်းကသာ အသေချာဆုံးဖြစ် တယ်ဆိုတာကို ပြတ်ပြတ်သားသား၊ ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်ကြဖို့အချိန် ကျရောက်နေပြီဖြစ်ကြောင်း သတိပေးမေတ္တာရပ်ခံ တိုက်တွန်းလိုရင်းဖြစ်ပါတယ်။