Jul 12, 2025
ဇူလိုင်လ ၁၁ ရက်နေ့သည် ကမ္ဘာ့လူဦးရေနေ့ဖြစ်သည်။ ၁၉၈၇ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့တွင် ကမ္ဘာ့လူဦးရေ သန်းငါးထောင်ပြည့်မြောက်ခဲ့သလို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က ကမ္ဘာ့လူဦးရေ သန်းရှစ်ထောင်ပြည့်မြောက်ခဲ့ပြီး ဖြစ်ပါသည်။
Jul 11, 2025
ယနေ့အချိန်အခါတွင် ရာသီဥတုပြောင်းလဲခြင်း၊ သစ်တောများပြုန်းတီးခြင်း၊ မြေဆီလွှာအာဟာရ လျော့နည်းလာခြင်း၊ မြေဆီလွှာတိုက်စားခြင်း၊ မြေအဆင့်အတန်းလျော့ကျခြင်း၊ ရေခန်းခြောက်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများလျော့နည်းလာခြင်းစသည့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံများ တွေ့ကြုံရင်ဆိုင်ရလျက် ရှိပါသည်။ မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသများတွင်လည်း အပူချိန်မြင့်မားလွန်းခြင်း၊ ပူပြင်းခြောက်သွေ့ခြင်း၊ မိုးများခြင်း၊ မိုးခေါင်ခြင်း စသည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များကို ရင်ဆိုင်ကြရလျက်ရှိပါသည်။
Jul 10, 2025
၂၀၂၅ ခုနှစ် (၇၈)နှမြောက် အာဇာနည်နေ့သို့ ရောက်ရှိပြန်တော့မည်။ အာဇာနည်နေ့ရောက်တိုင်း မြန်မာပြည်သူများက လွန်ခဲ့သော ၇၈ နှစ် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့က ကျဆုံးခဲ့သော အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား လွမ်းဆွတ်အမှတ်ရလေ့ရှိကြသည်။
Jul 08, 2025
ဥစ္စာမကြွယ် ဂျင်ဂလယ်နိုင်ငံငယ်လေးများ မှတ်မှတ်သားသားရှိကြပါကုန်။
Jul 08, 2025
မြတ်ဗုဒ္ဓ၏ အဆုံးအမများတည်ရာ ဤသာသနာအဆုံးအမများနှင့်အညီ သီလသိက္ခာ၊ သမာဓိသိက္ခာ၊ ပညာသိက္ခာအကျင့်သိက္ခာသုံးဖြာတို့သည် ကျင့်ကြံအားထုတ်ရမည့်တရားများဖြစ်ကြောင်း ဂေါတမမြတ်စွာဘုရား၏ ဘုရားဖြစ်ပြီးချင်း ဦးဆုံးတရားဦးဖြစ်သည့် ဓမ္မစကြာတရားတော်ကြီးကို ဦးဦးဖျားဖျားနာကြားခွင့်ရခဲ့ကြသော ပဉ္စဝဂ္ဂီငါးဦးတို့သည် ဤတရားတော်ကို နာကြားပြီးစဉ်မှာပင် တစ်ဦးပြီးတစ်ဦး သောတာပန်ဖြစ်ပြီး ဧဟိဘိက္ခုရဟန်းများ ဖြစ်သွားခဲ့ကြသည်။
Jul 07, 2025
ယနေ့ကမ္ဘာပေါ်၌ သက်ကြီးရွယ်အိုလူဦးရေ ပမာဏသည် တိုးမြင့်လာသည်ဟု ဆိုသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ခန့်မှန်းထုတ်ပြန်ချက်အရ ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာပေါ်၌ လူခြောက်ဦးလျှင် တစ်ဦးသည် အသက် ၆၀ အထက်နှုန်း ဖြစ်လာမည်ဖြစ်သည်။ အရေအတွက်အားဖြင့် ၁ ဒသမ ၄ ဘီလီယံသို့ ရောက်ရှိလာမည်ဖြစ်ပါသည်။ ကျန်းမာရေးစောင့်ရှောက်မှုအဆင့်အတန်းမြင့်မားကောင်းမွန်သော နိုင်ငံများဖြစ်သည့် ဂျပန်၊ ဂျာမနီ၊ ဗြိတိန်၊ အမေရိကန် ပြည်ထောင်စုစသည့်နိုင်ငံများတွင် အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုအရေအတွက်သည် နိုင်ငံလူဦးရေ၏ ၂၀ ရာခိုင်နှုန်းအထက်ရှိကြောင်း သိရှိရသည်။ ယင်းသို့သော အခြေအနေများကြောင့် ၎င်းသက်ကြီးရွယ်အိုများကို ငွေရောင်ဆူနာမီလှိုင်းများ (Silver Tsunami) ဟု ရည်ညွှန်းခေါ်ဆိုလာခြင်း ဖြစ်ပါသည်။
Jul 06, 2025
ပညာရေးသည် လူတစ်ဦး၏ဘဝတိုးတက်အောင်မြင်ရေးအတွက် များစွာအရေးပါလျက်ရှိသည်။ ပညာရေးသည် လူတစ်ဦးကျွမ်းကျင်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အကူပြုလျက်ရှိသည်။ ငယ်စဉ်ကတည်းကပုံမှန်ပညာရေးကို စဉ်ဆက်မပြတ်သင်ယူခဲ့သော လူငယ်များသည် နေ့စဉ်လူနေမှုဘဝကို မကြောင့်မကြမတောင့်မတဖြင့် ဖြတ်သန်းရလေ့ရှိကြသည်။ ပညာရဲရင့်ပွဲလယ်တင့်ဆိုသည့်အတိုင်း အသိပညာနှင့် အတတ်ပညာရှိသူများသည် သူတစ်ပါးလိမ်လည်လှည့်ဖြားခံရမှု အလားအလာနည်းပါးလျက်ရှိသည်။
Jul 06, 2025
သောက်သုံးရေရှားပါးမှု၊ ရေနံဈေးနှုန်းများ မြင့်တက်မှုများနှင့်ပတ်သက်၍ သတင်းများကို မကြာခဏကြားလာရ သောအခါ အနာဂတ်ကာလများတွင် “ရေ” သည်လည်း လူသားတို့ စိုးရိမ်ပူပန်ရသည့် အရေးကြီးကုန်စည် သို့မဟုတ် ရှားပါးအရင်းအမြစ် ဖြစ်လာတော့မည်၊ ရေရှားပါးမှု အခက်အခဲများ ကျယ်ပြန့် လာတော့မည်ဟု ကြိုတင်တွေးပူနေကြလိမ့်မည်။
Jul 06, 2025
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂဌာနချုပ်၌ သမိုင်းတွင်မည့် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်နိုင်ခဲ့သည်။ နှစ်စဉ် ဇူလိုင်လ ၆ ရက်နေ့ကို ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့အဖြစ် သတ်မှတ်ကြောင်း ကုလသမဂ္ဂအထွေထွေညီလာခံဆုံးဖြတ်ချက်အမှတ် (A/78/L.84/Rev2) ဖြင့် တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။
Jul 05, 2025
ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ (Eurasian Economic Union- EAEU) သည် ၂၀၁၄ ခုနှစ် မေလ ၂၉ ရက်နေ့တွင် ဘယ်လာရုစ်၊ ကာဇက်စတန်၊ ရုရှားသမ္မတ နိုင်ငံတို့မှ စာချုပ်လက်မှတ်ရေးထိုးခြင်းဖြင့် စတင်တည်ထောင်ခဲ့ပါသည်။ ၂၀၁၅ ခုနှစ်အတွင်းစတင်၍ တရားဝင်ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီးနောက်ပိုင်းတွင် အာမေး နီးယားနှင့် ကာဂျစ္စတန်တို့သည် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပါသည်။ ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ (Eurasian Economic Union - EAEU) သည် ဥရောပ-အာရှတိုက်ရှိ အဖွဲ့ဝင်နိုင်ငံငါးနိုင်ငံမှ တည်ထောင်ထားသည့် ဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး အဖွဲ့တစ်ခုလည်းဖြစ်ပါသည်။ EAEU ၏ အဓိကရည်ရွယ်ချက်မှာ အဖွဲ့ဝင်နိုင်ငံများအကြား ကုန်စည်၊ ဝန်ဆောင်မှု၊ အလုပ်သမားနှင့် ရင်းနှီးမြှုပ်နှံမှုများ လွတ်လပ်စွာစီးဆင်းနိုင်ရန်အတွက် တစ်ခုတည်းသော စျေးကွက်တစ်ခုကို ဖန်တီးရန်ဖြစ်သည်။ ယခုအခါ EAEU သည် လူဦးရေ ၁၈၃ သန်းကျော် စုစုပေါင်း GDP ၂ ဒသမ ၄ အမေရိကန် ထရီလီယံကျော်ရှိပြီး ကမ္ဘာ့စီးပွားရေးတွင် အရေးပါသည့်စီးပွားရေးသမဂ္ဂတစ်ခုအဖြစ် ရပ်တည်လာပါသည်။ EAEU သည် ကမ္ဘာ့ရေနံထုတ်လုပ်မှု၏ ၁၄ ဒသမ ၅ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့ ၂၀ ဒသမ ၃ ရာခိုင်နှုန်းထုတ်လုပ်နိုင်ပါသည်။
