Jan 11, 2025

ပဲခူးတိုင်းဒေသကြီး၏မြို့တော်ဖြစ်သည့် ပဲခူးမြို့သည် ရန်ကုန်မြို့မှ ကီလိုမီတာ ၈၀ အကွာတွင်တည်ရှိပြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍတွင် အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။ ထိုသို့အောင်မြင်ဖြစ်ထွန်းလာခြင်းက ဆည်တမံများ၏ အကျိုးကျေးဇူးကြောင့်ဟု ဆိုရမည်ဖြစ်သည်။
Jan 10, 2025

မြန်မာ့လွတ်လပ်ရေး၊ မြန်မာ့အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ ကမ္ဘာ့အလယ်တွင် မြန်မာ့ဂုဏ်သိက္ခာ မြင့်မားရေးအတွက် မြန်မာပြည်သား တစ်ယောက်ထက်ပို၍ တာဝန်ရှိသူမရှိပါ။ ၂၀၄၈ ခုနှစ်တွင် မြန်မာ့လွတ်လပ်ရေးနှစ်တစ်ရာပြည့်ပွဲသဘင်ဆင်နွှဲနိုင်ဖို့ တာဝန်အရှိဆုံးသူများမှာ ယနေ့အသက်ရှင်နေသော ကျွန်တော်တို့ခေါင်းပေါ်တွင် တာဝန်ကျနေရုံသာမက အနာဂတ်မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့ အပြောမဟုတ်ဘဲ အလုပ်နှင့်သက်သေပြရန် အမွေချန်ထားခဲ့ဖို့လိုပါသည်။
Jan 10, 2025

ပဲခူးတိုင်းဒေသကြီး၏ မြို့တော်ဖြစ်သည့် ပဲခူးမြို့သည် ရန်ကုန်မြို့မှ ၈၀ ကီလိုမီတာအကွာတွင်တည်ရှိပြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍတွင် အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။ ထိုသို့ အောင်မြင်ဖြစ်ထွန်းလာခြင်းက ဆည်တမံများ၏ အကျိုးကျေးဇူးကြောင့်ဟု ဆိုရမည်ဖြစ်သည်။
Jan 09, 2025

၁၂။ အတန်းတိုင်း (Grade အဆင့်တိုင်းတွင် စာကောင်းပေမွန်စာအုပ်ကို အများဆုံးဖတ်လေ့ရှိသူများနှင့် တင်သွင်းသည့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးများ (သို့) နံရံကပ်စာစောင်များမှ အကောင်းဆုံးကိုဖော်ထုတ်၍ ကျောင်းအဆင့်၊ မြို့နယ်အဆင့်စသည်တို့ဖြင့် ရွေးချယ်ဆုပေးဂုဏ်ပြုခြင်း။ လူရည်ချွန်ရွေးချယ်ရာတွင် စာပေဖတ်ရှုခြင်း မပြုသူများ (သို့) စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး ရေးသားခဲ့ခြင်းမရှိသူများကို ရွေးချယ်ခြင်းမပြုရန်။
Jan 09, 2025

ပညာရေးသည် လူတစ်ဦး၏ဘဝ တိုးတက်အောင်မြင်ရေးအတွက် များစွာအရေးပါသည်။ ပညာရေးသည် လူတစ်ဦးကျွမ်းကျင်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အကူပြု လျက်ရှိသည်။ ငယ်စဉ်ကတည်းက ပုံမှန်ပညာရေးကို စဉ်ဆက်မပြတ် သင်ယူခဲ့သော လူငယ်များသည် ပညာရဲရင့် ပွဲလယ်တင့်ဆိုသည့်အတိုင်း အသိပညာနှင့် အတတ်ပညာရှိသူများသည် သူတစ်ပါးလိမ်လည် လှည့်ဖြားခံရမှုအလားအလာ နည်းပါးလျက်ရှိသည်။
Jan 08, 2025

“စာဖတ်ချိန်မရှိအောင် ကြိုးစားနေပါသည် ဆိုသော လူမျိုးသည် ဘယ်သောအခါမှ အောင်မြင် သည့်လူမျိုးဖြစ်လာမှာမဟုတ်ပါ”
Jan 08, 2025

နိုင်ငံတကာစိုက်ပျိုးရေးပညာသင်ကြားသော တက္ကသိုလ်များရှိ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်နေသော သီးခြားဌာနများ (Separate Departments)၊ အထူးပြုဘာသာရပ်အသစ်များ (New Majors/Specializations) (အဆက်)
Jan 08, 2025

၂၀၂၄ ခုနှစ်မှ ၂၀၂၅ ခုနှစ်သို့ အကူးအပြောင်း နှစ်သစ်ကူးကာလတွင် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါကို ဖြစ်ပွားစေတတ်သော Human metapneumovirus (HMPV) ဗိုင်းရပ်စ်ပိုး ကူးစက်ဖြစ်ပွားမှုများနှင့်ပတ်သက်၍ ကမ္ဘာ့သတင်းမီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြလျက်ရှိသည်ကို တွေ့ရပါသည်။
Jan 07, 2025

ဝဥကို သိတဲ့သူရှိသလို မသိတဲ့သူတွေလည်းရှိနိုင်ပါတယ်။ ဝဥကို နောက်တစ်မျိုးအနေနဲ့ ဖျံဥလို့လည်း ခေါ်ကြပါတယ်။ ဝဥဆိုတာက အာဟာရပြည့်ဝတဲ့ သစ်ဥသစ်ဖုတစ်မျိုးပါ။ ဝဥကို အင်္ဂလိပ်လို Elephant Foot Yam (သို့) White Yam (သို့) Telingo လို့ခေါ်ပါတယ်။ ကမ္ဘာပေါ်မှာ ဝဥမျိုးစိတ်ပေါင်း ၁၃၀ ခန့်ရှိတဲ့အနက် ၁၂ မျိုးခန့်သာ ဖော်ထုတ်သုံးစွဲလျက်ရှိကြောင်း လေ့လာသိရှိရပါတယ်။
Jan 07, 2025

မိုးအကုန် ပွင့်လင်းရာသီရောက်ချိန် တောမီးလောင်ခြင်း၊ စိုက်ပျိုးရေးအတွက် မီးရှို့ခြင်းတို့ကြောင့် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများအတွင်း နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့များ ဖြစ်ပေါ်လေ့ရှိရာ ဒေသခံပြည်သူများအပေါ် ကျန်းမာရေးအန္တရာယ်များ ကျရောက်စေနိုင်သည်။ အဆိုပါနယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့များသည် တောင်ယာမီးရှို့ခြင်း၊ တောမီးရှို့ခြင်း၊ တောမီးလောင်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ မီးခိုးမြူငွေ့တွင် အလွန်သေးငယ်သော အမှုန်အမွှား PM 2.5 နှင့် PM 10၊ ကာဗွန်ဒိုင်အောက်ဆိုက်၊ ကာဗွန်မိုနောက်ဆိုက်၊ နိုက်ထရိုဂျင်ဒိုင် အောက်ဆိုက်၊ ဆာလဖာဒိုင်အောက်ဆိုက်၊ အိုဇုန်း၊ ရေငွေ့နှင့် အခြားအဆိပ်အတောက်ဓာတ်ငွေ့များ ရောနှောပါဝင်နေသည်။