Sep 27, 2023

မြန်မာ့သနပ်ခါးသည် မြန်မာတစ်မျိုးသားလုံးက မြတ်နိုးတန်ဖိုးထားကြသည့် ယဉ်ကျေးမှုအမွေအနှစ်တစ်ခု ဖြစ်သည့်အပြင် အပူပိုင်းဒေသ၏ ရတနာတစ်ပါး လည်းဖြစ်သည်။ မြန်မာ့သနပ်ခါးသည် မြန်မာအမျိုးသမီးကလေးများ၏ အလှအပအတွက် မြတ်နိုးစွာလိမ်းခြယ်လေ့ရှိသကဲ့သို့ မြန်မာ့ရေမြေရာသီဥတုနှင့်လိုက်ဖက်သည့် ကျန်းမာရေးအထောက် အကူပစ္စည်းများဖြစ်သည်။
Sep 27, 2023

ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရာတွင် အမျိုးသားစီးပွားရေး တိုးတက်ဖွံ့ဖြိုးရေးသည် အဓိကအခန်းကဏ္ဍမှ ပါဝင်လာသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံသားများ၏ စီးပွားရေးလုပ်ကိုင်ခွင့် အခွင့်အလမ်းများကို တန်းတူညီမျှရရှိစေရမည် ဖြစ်ပါသည်။
Sep 26, 2023

မြန်မာ့ယဉ်ကျေးမှု၊ ဓလေ့ထုံးစံနှင့် မြန်မာ့ရေမြေတောတောင်သဘာဝအလှများက ချစ်စရာကောင်းလှသည်။ ကမ္ဘာတစ်လွှား နိုင်ငံခြားသားခရီးသွားများ၏ နှလုံးသားကို ရိုးသားပွင့်လင်းစွာ ညှို့ငင်ဖမ်းစားနိုင်စွမ်းရှိသည်။ မြန်မာ့အပြုံး သူတို့နှလုံးသားထဲအရောက် စွမ်းဆောင်နိုင်သည်။ မြန်မာလူမျိုးများအတွက်လည်း ဘာသာ၊ သာသနာ စည်ပင်ထွန်းကားရာနိုင်ငံတွင် လူဖြစ်ကြရခြင်းက အလွန်ဂုဏ်ယူစရာကောင်းသည်။ မြန်မာလူမျိုးများသည် ဘာသာတရားကို အလေးအမြတ်ပြုပြီး ကောင်းမှုနှင့်မကောင်းမှု၊ အမှားနှင့်အမှန်၊ အဖြူနှင့်အမည်း သဘောတရားများကို ကောင်းစွာနားလည်သိရှိကြသကဲ့သို့ ရိုးသားမှုကို အဖော်ပြုထားသူများဖြစ်ကြသည်။ စိုက်ပျိုးရေးနိုင်ငံတစ်နိုင်ငံဖြစ်သည့်နည်းတူစွာ လယ်ယာ၊ ကိုင်း၊ ကျွန်း၊ ဥယျာဉ်ခြံတို့ကို အမှီပြု၍ သမ္မာအာဇီဝကျသောအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည်။ မိမိတို့ကိုးကွယ်ရာ ဘာသာတရားကို ဦးထိပ်ပန်ဆင်ပြီး သမထ၊ ဝိပဿနာတရားများနှင့် သာသနာရေရှည်တည်တံ့ရေး ကျင့်ကြံပွားများအားထုတ်ကြသည့် ဆရာတော်ကြီးများကို ပေးလှူဒါနမြတ်ဓမ္မနှင့် မွေ့ပျော်ကြသည့် အစဉ်အလာ ကောင်းများလည်းရှိပါသည်။
Sep 26, 2023

တိရစ္ဆာန်ဆေးကုဆရာဝန်လည်းဖြစ်၊ ပညာရပ်ဆိုင်ရာစာပေများကို ရေးသားသော စာရေးဆရာလည်း ဖြစ်သောကြောင့် တိရစ္ဆာန်အကိုက်ခံရ၍ မေးမြန်းကြသော မေးခွန်းများကို အင်တာနက်မှဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ ဖြေကြားရသောအခါ အလျင်ဆုံးပြန်လည်မေးမိသည့် မေးခွန်းများသည် “ဘ”နှင့်စသော မေးခွန်းများ ဖြစ်ကြပါသည်။
Sep 26, 2023

မြတ်ဗုဒ္ဓရဲ့စွယ်တော်မြတ်အစစ်ကို ဖူးမြော်ခွင့်ရတော့မှာဖြစ်လို့ ကျွန်တော်တို့အားလုံးရဲ့ရင်ထဲမှာ ပီတိသောမနဿဝေဒနာကို ခံစားနေကြရတာ အမှန်ပင်ဖြစ်ပါတယ်။ စွယ်တော်တိုက်ရဲ့အခြေအနေ၊ ပုံစံအနေအထား၊ တည်ထားကိုးကွယ်ပုံ၊ သမိုင်းကြောင်းစတဲ့ အကြောင်းအရာမျိုးစုံက စိတ်အစဉ်ကို လွှမ်းမိုးလို့နေပါတယ်။ ကြည်ညိုသဒ္ဓါစိတ်၊ လေ့လာစူးစမ်းလိုစိတ်၊ သိလိုမြင်လိုစိတ်တွေကလည်း တစ်ခုပြီးတစ်ခုဖြစ်ပေါ်နေပါတယ်။ ကမ္ဘာမှာပွင့်တော်မူပြီးတဲ့ ဂေါတမဘုရားရှင်ရဲ့ စွယ်တော်လေးဆူအနက် တစ်ဆူဖြစ်နေတာကြောင့်လည်း ဖူးမြော်ခွင့်ရချင်နေကြတာပါ။
Sep 26, 2023

နိုင်ငံတစ်နိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးအပြင် ၎င်းတိုးတက်မှုကို ရေရှည်စဉ်ဆက်မပြတ် ဆက်လက်ထိန်းသိမ်းထားနိုင်စေရေးအတွက် ယင်းနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးနှင့် လူမှုဖူလုံရေးတို့အကြား ဟန်ချက်ညီသော ဗျူဟာမြောက် လုပ်ဆောင်ချက်များ ဖြစ်စေရန်မှာ အဓိကကျလှပေသည်။ ကမ္ဘာကြီးသည် အပြန်အလှန် ချိတ်ဆက်မှုရှိလာသည်နှင့်အမျှ ခရီးသွားလုပ်ငန်းအတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ယဉ်ကျေးမှုဖလှယ်မှု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုကဏ္ဍတို့တွင် အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ရန် အရေးကြီးလာသည်။
Sep 25, 2023

သုခုမသဘင်ဖြစ်သော ကွက်စိပ်စာဟောသဘင်ကို မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး၌ ပြန်လည်မြင်တွေ့ နားသောတဆင်ကြရသဖြင့် ကွက်စိပ်ကြိုက်နှစ်သက်သူပရိသတ်များ ကျေနပ်ကြရသည်။ မြန်မာ့ရိုးရာတစ်ခုဖြစ်သော စာဟောသဘင် သို့မဟုတ် ကွက်စိပ်စာပြောသဘင်တို့ တိမ်မြုပ်ခဲ့သည်မှာကြာပြီဖြစ်သည်။ ပြိုင်ပွဲကြီး၏ကျေးဇူးကြောင့် စာဟောဆရာတို့ ပြန်လည်နိုးထလာခွင့်နှင့်အတူ စာပေအသီးအပွင့်တို့လည်း ဖူးပွင့်ခွင့်ရလာခဲ့ကြတော့သည်။
Sep 25, 2023

သက်ကြီးရွယ်အိုစောင့်ရှောက်ရေး တစ်နည်းအားဖြင့် သက်ကြီးရွယ်အိုများအခွင့်အရေးကို ကုလသမဂ္ဂအဖွဲ့ကြီးက လွန်ခဲ့သော နှစ်ပေါင်း ၄၀ ကျော်ကပင် စတင်အာရုံစိုက်ခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့၌ ပထမအကြိမ်၊ ၂၀၀၂ ခုနှစ်တွင် စပိန်နိုင်ငံ မက်ဒရစ်မြို့၌ ဒုတိယအကြိမ် ကမ္ဘာ့သက်ကြီးရွယ်အိုညီလာခံများ ကျင်းပကာ ရှေ့လုပ်ငန်းစဉ်များချမှတ်ပေးခဲ့သည်။
Sep 25, 2023

တိရစ္ဆာန်ဆေးကုဆရာဝန်လည်းဖြစ်၊ ပညာရပ်ဆိုင်ရာစာပေများကိုရေးသားသော စာရေးဆရာလည်းဖြစ်သောကြောင့် တိရစ္ဆာန်အကိုက်ခံရ၍ မေးမြန်းကြသော မေးခွန်းများကို အင်တာနက်မှဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ ဖြေကြားရသောအခါ အလျင်ဆုံးပြန်လည်မေးမိသည့် မေးခွန်းများသည် “ဘ”နှင့် စသော မေးခွန်းများဖြစ်ကြပါသည်။
Sep 25, 2023

ကွမ်းခြံကုန်းမြို့သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းပါဝင်ပြီး ရန်ကုန်မြို့၏ တစ်ဖက်ကမ်းတွင်ရှိသည်။ ထိုမြို့လေးသည် ဖျာပုံမှတစ်ဆင့် ပင်လယ်ကမ်းစပ်မြို့များသို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှိုင်သာယာ-ဒလ-တွံတေး-ကော့မှူး-ကွမ်းခြံကုန်းလမ်းမှတစ်ဆင့် ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ ဒေးဒရဲမြို့၊ ဖျာပုံမြို့၊ ဘိုကလေးမြို့၊ ကျိုက်လက်မြို့ အစရှိသည့်မြို့များနှင့် ဆက်သွယ်ထားသော လမ်းပေါ်တွင်တည်ရှိသည်။