Skip to main content
Sep 30, 2023
ဆောင်းပါး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဦးတည်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များချမှတ်၍ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ရင်းနှီးမတည်ငွေများ ထုတ်ချေးပေးလျက်ရှိပြီး ကျေးလက်နေပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ဝင်ငွေတိုးပွားစေရေးတို့အတွက် လိုအပ်သည့်သွင်းအားစုများ၊ နည်းပညာ၊ စက်ကိရိယာနှင့် အရင်းအနှီးများ ကူညီဆောင်ရွက်ပေးနေသည်။ ထို့အပြင် သစ်အချောထည်ပစ္စည်းများကို နယ်စပ်ကုန်သွယ်မှုမှတစ်ဆင့် ပြည်ပသို့ တင်ပို့လိုခြင်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင်ရေး တွန်းအားပေးဆောင်ရွက်လျက်ရှိသည်။
Sep 30, 2023
ဆောင်းပါး
စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်အနုပညာသည် စည်းရုံးရေးဩဇာရော ပညာပေးဩဇာပါ အစွမ်းထက်မြက်လှသော လူထုဆက်သွယ်ရေးကိရိယာဖြစ်သည်။ သရုပ်မှန်အနုပညာသည် တိုင်းကျိုးပြည်ပြု ပြည်သူ့အနုပညာပင်ဖြစ်သည်။ သရုပ်မှန်အနုပညာသည် ပြည်ထောင်စု မျိုးချစ်စိတ်ဓာတ်ထက်သန်ရေးနှင့် ဇာတိသွေးဇာတိမာန်ရှင်သန်မှုကို ရှေးရှုပါသည်။ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးကို များစွာအထောက်အကူပြုပါသည်။ သရုပ်မှန်အနုပညာတွင် ရသမြောက်သော ဖြေဖျော်မှုများပါဝင်ပြီး အမျိုးသားရေးကို သွေဖည်ဆန့်ကျင်ခြင်း လုံးဝမရှိပါ။
Sep 29, 2023
သင်ရိုးကို ပညာရှင်များ ရေးဆွဲခဲ့စဉ်က “သိ” ဖို့ သက်သက်လောက်သာ ရပ်တန့်ထားရန်မဟုတ်ပါ။ မိမိဝန်းကျင်၌ ဆက်လက် “အသုံးချ” တတ်ရန်အဓိကပါ။ အသုံးချသည် ဆိုရာတွင်လည်း “စာမေးပွဲမှာဖြေဖို့” ဟု နိမ့်နိမ့်ကျကျ မမှတ်ယူသင့်ပါ။ လူတစ်ဦးချင်းစီ၏ ဘဝအောင်မြင်ရေးနှင့်လူ့အဖွဲ့အစည်းဖွံ့ဖြိုးရေးအတွက် အသုံးချရန်ပါ။ ဆိုလိုသည်မှာ စာအုပ်ထဲမှသင်ခန်းစာသည် စာမေးပွဲတွင် အဆုံးသတ်ခဲ့သည့်အဖြစ်မျိုးမဟုတ်ပါ။ “ကျောင်းနံရံ” ထဲတွင်သာ ချန်ထားခဲ့ရန်မဟုတ်ပါ။
Sep 29, 2023
ဉာဏ်မျက်စိပွင့်စေတဲ့ကျောင်းတွေ မြန်မာ့မြေပေါ်မှာ ပြည့်လျှမ်းနေပါမှ ...
“ကမ္ဘာကြီးရဲ့အနာဂတ်ကတော့ ဆရာတွေသင်ကြားပေးနေတဲ့ ကျောင်းတွေရဲ့ စာသင်ခန်းထဲမှာ ရှိနေပါတယ်။ ယနေ့ကလေးငယ်တွေကို စာသင်ခန်းထဲမှာ ဘယ်လိုပညာပေးနေတယ်ဆိုတဲ့အချက်က ၂၁ ရာစုမှာ ကောင်းတဲ့အကျိုးသက်ရောက်မှုတွေကို အာမခံချက်ပေးနေမှာပါ” ရစ်ချက်အာဂရင်း (Richard R. Green)
Sep 29, 2023
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ပအိုဝ်းရိုးရာပဲပုပ်လုပ်ငန်း
ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ပအိုဝ်းတိုင်းရင်းသား အများစုနေထိုင်ရာ ဒေသဖြစ်သည်။ ပအိုဝ်းလူမျိုးအများစုနေထိုင်ရာ အိမ်တိုင်းအတွက် မရှိမဖြစ်စာသုံးလေ့ရှိသော ပအိုဝ်းပဲပုပ်ကို ကြိုက်နှစ်သက်သူများပြားလှသည်။
Sep 28, 2023
ဆောင်းပါး
ခွေးရူးရောဂါကာကွယ်ဆေးကို ပထမဆုံးရှာဖွေဖော်ထုတ်နိုင်ခဲ့သော သိပ္ပံပညာရှင် Louis Pasteur ၏ တွေ့ရှိချက်နှင့် ဆောင်ရွက်ချက်ကို ဂုဏ်ပြုသည့်အနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကြီးမှူး၍ နှစ်တစ်နှစ်၏ စက်တင်ဘာလ ၂၈ ရက်နေ့ကို “ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့” အဖြစ် သတ်မှတ်ကာ ထိုနေ့သို့ ရောက်တိုင်း ကမ္ဘာ့နိုင်ငံအသီးသီးတွင် ခွေးရူးပြန်ရောဂါနှင့်ပတ်သက်၍ ပြည်သူဗဟိုပြု အသိပညာပေးလှုံ့ဆော်မှုများကို အသိပေးလျက်ရှိသည်။ WHO ၏ ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်တွင် ၁၅ မိနစ်လျှင် တစ်ဦးနှုန်း ခွေးရူးရောဂါဖြစ်ပွား၍ အသက်ဆုံးရှုံးလျက်ရှိပြီးတစ်နှစ်လျှင် လူဦးရေ ၅၅၀၀၀ မှ ၇၀၀၀၀ ခန့် ခွေးရူးရောဂါဖြင့် သေဆုံးလျက်ရှိကာ အာရှနှင့်အာဖရိကနိုင်ငံများ၏ ဆင်းရဲသောကျေးရွာများတွင် ထိခိုက်မှုပိုမိုဖြစ်ပွားကြောင်းနှင့် ခွေးရူးပြန်ရောဂါကာကွယ်ဆေး ပူးပေါင်းပါဝင်ထိုးနှံထားခြင်းဖြင့် ၎င်းရောဂါကြောင့် ကွယ်လွန်ခြင်းမှ ကာကွယ်နိုင်မည်ဖြစ်သည်။
Sep 28, 2023
ဆောင်းပါး
“ကမ္ဘာကြီးရဲ့အနာဂတ်ကတော့ ဆရာတွေ သင်ကြားပေးနေတဲ့ ကျောင်းတွေရဲ့စာသင်ခန်းထဲမှာ ရှိနေပါတယ်။ ယနေ့ကလေးငယ်တွေကို စာသင်ခန်း ထဲမှာ ဘယ်လိုပညာပေးနေတယ်ဆိုတဲ့အချက်က (၂၁) ရာစုမှာ ကောင်းတဲ့ အကျိုးသက်ရောက်မှုတွေကို အာမခံချက်ပေးနေမှာပါ”
Sep 28, 2023
ဆောင်းပါး
စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်အနုပညာသည် စည်းရုံးရေးဩဇာရော ပညာပေးဩဇာပါ အစွမ်းထက်မြက်လှသော လူထုဆက်သွယ်ရေး ကိရိယာဖြစ်သည်။ သရုပ်မှန်အနုပညာသည် တိုင်းကျိုးပြည်ပြု၊ ပြည်သူ့အနုပညာပင် ဖြစ်သည်။ သရုပ်မှန် အနုပညာသည် ပြည်ထောင်စု မျိုးချစ်စိတ်ဓာတ်ထက်သန်ရေးနှင့် ဇာတိသွေးဇာတိမာန်ရှင်သန်မှုကို ရှေးရှုပါသည်။ အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ မြင့်မားရေးကို များစွာအထောက်အကူ ပြုပါသည်။ သရုပ်မှန်အနုပညာတွင် ရသ မြောက်သော ဖြေဖျော်မှုများပါဝင်ပြီး အမျိုးသားရေးကို သွေဖည်ဆန့်ကျင်ခြင်း လုံးဝမရှိပါ။
Sep 27, 2023
ဆောင်းပါး
မြန်မာတို့သည် ယဉ်ကျေးသိမ်မွေ့သောဓလေ့ကို တန်ဖိုးထားသောလူမျိုးဖြစ်သည်။ လူလူချင်း ဆက်ဆံရာတွင် ဂါရဝတရားဖြင့် ပြုမူဆက်ဆံကြသည်။ ထိုသို့ ဆက်ဆံကြရာ၌ မြန်မာ့ယဉ်ကျေးမှု ဓလေ့အရ “ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကိုသနား” ဟူသည့် အဆုံးအမအတိုင်း လိုက်နာကျင့်သုံးကြသည်။ မိမိထက် တစ်နေ့၊ တစ်ရက်၊ တစ်မနက် ကြီးသူများကို ရိုရိုသေသေ ဆက်ဆံကြသည့်အပြင် အလေးအမြတ်ထား၍ ပူဇော်ကန်တော့ကြသည်။ အကယ်စင်စစ် သက်ကြီး ရွယ်အိုများသည် လူ့လောကတွင် အနေကြာခဲ့သူများဖြစ်၍ အသက်ကြီးတော့ တစ်နည်းသာ ဆိုသကဲ့သို့ အတွေ့အကြုံဗဟုသုတများ စုံလင်ရင့်ကျက်သူများဖြစ်ကြသည်။ ထို့ကြောင့် သက်ရင့်ကျောက်များကို အဖိုးတန်ရတနာများအဖြစ် တန်ဖိုးထားသကဲ့သို့ အသက်ကြီးသူများကိုလည်း တန်ဖိုး ထား၍ လေးလေးစားစား ပူဇော်ခဲ့ကြခြင်းဖြစ်သည်။
Sep 27, 2023
ဆောင်းပါး
စိုက်ပျိုးရေးလုပ်ငန်းသည်ရာသီဥတုပေါ်တွင် များစွာမူတည်နေပါသည်။ ကမ္ဘာတစ်ဝန်းတွင် အယ်လ်နီညိုဖြစ်စဉ်နှင့်အတူ ပေါ်ပေါက်လာသော ရာသီဥတုပြောင်းလဲမှုနှင့် အစွန်းရောက်မိုးလေဝသ ဖြစ်စဉ်များကြောင့် စိုက်ပျိုးရေးလုပ်ငန်းအပေါ်တွင် ထိခိုက်မှုများစွာ ကြုံတွေ့ခဲ့ကြရသည်။ ၂၀၂၃ ခုနှစ်နှောင်းပိုင်းကာလများ၌ အယ်လ်နီညို ရာသီဥတုအခြေအနေ ပေါ်ပေါက်လာရန်ရှိကြောင်း၊ အယ်လ်နီညိုနှင့်အတူ အပူလှိုင်းများ၏ဒဏ်ကို ၂၀၂၄ ခုနှစ်တွင် မကြုံစဖူးပြင်းထန်စွာ ခံစားကြရဖွယ်ရှိကြောင်း ရာသီဥတုသိပ္ပံပညာရှင်များက သတိပေးထားသည်။