Nov 17, 2023
အိမ်တစ်အိမ်၏ ဆည်းလည်းရတနာဟု တင်စားခေါ်ဝေါ်ကြရသည့် ကလေးများသည် တိုင်းပြည်၏တာဝန်ကို ပခုံးလွှဲပြောင်းတာဝန်ယူကြရမည့် အနာဂတ်၏ မျိုးဆက်သစ်များ ဖြစ်သည်။ ထို့ကြောင့် အနာဂတ်၏ လူတော်လူကောင်းများ ဖြစ်လာစေရန် ကလေးများကို အသိပညာတိုးပွားစေရေး၊ ယဉ်ကျေးလိမ္မာ၍ ဘာသာတရားကိုင်းရှိုင်းစေရေး၊ မိမိတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်စေရေး၊ သူတစ်ပါးအပေါ် ကိုယ်ချင်းစာစိတ်ထားရှိတတ်စေရေး၊ တိုင်းပြည်နှင့် လူမျိုးအပေါ် ချစ်ခင်သည့်စိတ်များဖြစ်ပေါ်မည့် အလေ့အကျင့်ကောင်းများဖြင့် ပြုစုပျိုးထောင်ကြရမည်ဖြစ်သည်။
Nov 16, 2023
မိုးကုန်တာနဲ့ ဆောင်းအငွေ့အသက်တွေကို တွေ့ထိလာရပြီ။ မနက်အစောပိုင်းဆိုရင် အေးစိမ့်စိမ့်အရသာလေး ထိတွေ့လိုက်ရင် စိတ်ကိုလန်းသွားတာပဲ။ မြောက်ပြန်လေဝင်လာတော့ အအေးဓာတ်လေးလည်း ပါလာတယ်။ နေ့ခင်းတော့ မအေးသေးပါဘူး။ မနက်ပိုင်းနဲ့ ညပိုင်းလောက်ပဲ အေးသေးတယ်။
Nov 15, 2023
နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို သက်ဆိုင်ရာနိုင်ငံ၏ စာတတ်မြောက်မှုနှုန်းဖြင့် တိုင်းတာလေ့ရှိသည်။
စာတတ်မြောက်ခြင်းသည် လူတစ်ဦးတစ်ယောက်၏ဘဝနှင့် လူနေမှုအဆင့်အတန်းကိုသာမက မိမိပတ်ဝန်းကျင်ရှိ လူ့အသိုင်းအဝိုင်းအဖွဲ့အစည်းကိုပါ ပြောင်းလဲစေနိုင်သည်။ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ်မူတည်ပြီး အသိပညာဖွံ့ဖြိုးတိုးတက်မှုမှာလည်း စာတတ်မြောက်မှုအပေါ် များစွာအမှီသဟဲပြုနေသဖြင့် စာတတ်မြောက်မှုကို အလေးထားဆောင်ရွက်ရမည်ဖြစ်ပါသည်။
Nov 15, 2023
ကမ္ဘာပေါ်တွင် ဆီးချိုသွေးချိုရောဂါသည် ကပ်ရောဂါတစ်ရပ်အနေဖြင့် ဖြစ်ပွားလျက်ရှိသော ပြည်သူ့ကျန်းမာရေး အဓိကပြဿနာတစ်ရပ်ဖြစ်ပါသည်။ ဆီးချိုသွေးချိုရောဂါကြောင့် ခန္ဓာကိုယ်၏ သွေးကြောငယ်များထိခိုက်ကာ ကျောက်ကပ်ပျက်စီးခြင်း၊ မျက်စိကွယ်ခြင်း၊ အာရုံကြောများပျက်စီး၍ ခြေလက်ထုံနာကျင်နာဖြစ်ခြင်း၊ ဆီးချိုနှင့် ယင်း၏ဆက်နွှယ်နေသော သွေးတိုး၊ သွေးတွင်း အဆီဓာတ်များခြင်းတို့ကြောင့် သွေးကြောကြီးများထိခိုက်ကာ လေဖြတ်ခြင်း၊ နှလုံးသွေးကြောပိတ်ခြင်း၊ ခြေထောက်ဖြတ်ရခြင်းတို့ ခံစားရပါသည်။ ထို့အပြင် ဆီးချိုသွေးချိုရောဂါသည် အခြားမကူးစက်နိုင်သောရောဂါများဖြစ်သည့် လေဖြတ်လေငန်းရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးသွေးကြောရောဂါများနှင့် နှလုံးအားနည်းရောဂါ၊ ကျောက်ကပ်ရောဂါတို့နှင့် တွဲဖြစ်လျက်ရှိသည်ကို တွေ့ရပါသည်။
Nov 15, 2023
De-dollarization ဆိုသည်မှာ ကမ္ဘာ့ကုန်သွယ်ရေး၊ ငွေကြေးလည်ပတ်စီးဆင်းမှုတို့တွင် ဒေါ်လာအစား အခြားသောငွေကြေးစနစ်များကို ပြောင်းလဲကျင့်သုံးခြင်းဖြစ်စဉ် ဖြစ်ပါသည်။ ယင်းဖြစ်စဉ်တွင် နိုင်ငံသုံးငွေကြေး၊ ပြည်တွင်းငွေပေးချေမှုနှင့် အရန်ငွေကြေးစနစ်တို့ကို ပြောင်းလဲပြင်ဆင်ကျင့်သုံးခြင်းတို့ ပါဝင်နေပါသည်။
Nov 14, 2023
တစ်နေ့သောရုံးပိတ်ရက်တွင်-
စာရေးသူသည် ဆံပင်ညှပ်ဆိုင်တစ်ဆိုင်၌ ဆံပင်ညှပ်နေပါသည်။ အချိန်မှာ နံနက်ခင်း၊ နေရောင်နုနုသည် စိမ်းစိုသောသစ်ပင်၊ သစ်ရွက်များအပေါ်တွင် ပြေပြေလေး လှပစွာတောက်ပလျက်ရှိသည်။
Nov 14, 2023
ဘရူနိုင်းဒါရုဆလမ်နိုင်ငံသည် ဧရိယာစတုရန်းမိုင်ပေါင်း ၂၂၂၆ မိုင် ကျယ်ဝန်းပြီး အရှေ့တောင်အာရှအတွင်း ဘော်နီယိုကျွန်း၏ မြောက်ဘက်ကမ်းရိုးတန်းတွင် တည်ရှိသည်။ ဘရူနိုင်းသည် ဘော်နီယိုကျွန်းပေါ်တွင် တစ်နိုင်ငံလုံးရှိသော တစ်ခုတည်းသောနိုင်ငံဖြစ်ပြီး ကျန်ရှိသောကျွန်း၏နယ်မြေများကို မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့က ပိုင်ဆိုင်သည်။
Nov 14, 2023
ကမ္ဘာပေါ်တွင် ဆီးချိုသွေးချိုရောဂါသည် ကပ်ရောဂါတစ်ရပ်အနေဖြင့် ဖြစ်ပွားလျက်ရှိသော ပြည်သူ့ကျန်းမာရေး အဓိကပြဿနာတစ်ရပ်ဖြစ်ပါသည်။ ဆီးချိုသွေးချိုရောဂါကြောင့် ခန္ဓာကိုယ်၏ သွေးကြောငယ်များထိခိုက်ကာ ကျောက်ကပ်ပျက်စီးခြင်း၊ မျက်စိကွယ်ခြင်း၊ အာရုံကြောများပျက်စီး၍ ခြေလက် ထုံနာကျင်နာဖြစ်ခြင်း၊ ဆီးချိုနှင့် ယင်း၏ဆက်နွှယ်နေသော သွေးတိုး၊ သွေးတွင်း အဆီဓာတ်များခြင်းတို့ကြောင့် သွေးကြောကြီးများထိခိုက်ကာ လေဖြတ်ခြင်း၊ နှလုံးသွေးကြောပိတ်ခြင်း၊ ခြေထောက်ဖြတ်ရခြင်းတို့ ခံစားရပါသည်။ ထို့အပြင် ဆီးချိုသွေးချိုရောဂါသည် အခြားမကူးစက်နိုင်သောရောဂါများဖြစ်သည့် လေဖြတ်လေငန်းရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးသွေးကြောရောဂါများနှင့် နှလုံးအားနည်းရောဂါ၊ ကျောက်ကပ်ရောဂါတို့နှင့် တွဲဖြစ်လျက်ရှိသည်ကို တွေ့ရပါသည်။
Nov 14, 2023
ယနေ့ခေတ်သစ်စစ်ပွဲများဟာ စစ်သည်၊ လက်နက်ကျည်ဆန်ချင်း တိုက်ကြခိုက်ကြသည်သာ မဟုတ်တော့ဘဲ စပ်စစ်ပွဲ (Hybridwarfare)၊ အလုံးစုံ- ပေါင်းစပ်စစ်ပွဲ (Total Hybridwarfare) တွေဆိုပြီး သတိထားစရာတွေ၊ သင်ခန်းစာယူစရာတွေရှိလာပြီ ဖြစ်ပါတယ်။
Nov 13, 2023
ရန်ကုန်မှအထွက် ညောင်တုန်း၊ ဓနုဖြူ၊ ဇလွန်မြို့တို့ကို ဖြတ်၍ ဟင်္သာတမြို့သို့ ရောက်ချိန်တွင် “ဟင်္သာတမြို့က လှိုက်လှဲစွာကြိုဆိုပါ၏” ဟူသည့် ဆိုင်းဘုတ်ကြီးကလည်း ယခင်နှင့်မတူ။ ခံ့ညားလှပ စိမ်းလန်းစိုပြည်နေသည့် ဆေးရိုးပင်တန်းများဖြင့် ပုံဖော်ထားသည်မှာ မျက်စိပသာဒဖြစ်လှသည်။ မြို့ထဲသို့ ဆက်လက်ဝင်ရောက်လာချိန်တွင် သပ်ရပ်လှပနေသည့် အဆောက်အအုံများက အစီအရီပင်။ မြို့တွင်းဝဲဘက်သို့ ချိုးကွေ့လိုက်စဉ်တွင် ရွှေရောင်တပြောင် ပြောင်နှင့် ခံ့ညားလှပနေသည့် ဟင်္သာတမြို့ အထိမ်းအမှတ် ဟင်္သာရုပ်အဝိုင်းကြီးဘေးတွင် We Love Hinthada Light Board နှင့် အာဇာနည်ပန်းခြံကို တွေ့ရ သည်။ ကျွန်မတို့ငယ်စဉ်က ခြံစည်းရိုး များ ကာရံထားပြီး အပြင်မှသာ ငေးမောကြည့်ရှုရသည့် အာဇာနည်ပန်းခြံသည် ယခုအချိန်တွင် ခြံစည်းရိုးများမရှိတော့ဘဲ အများပြည်သူ လမ်းလျှောက်အပန်းဖြေရန် ရင်ပြင်ကျယ်နှင့် ကျန်းမာရေး အတွက် (Outdoor Fitness) အားကစားလှုပ်ရှားမှုကိရိယာများ၊ စိတ်ကြည်နူးစရာ မြက်ခင်းစိမ်းစိမ်း နှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အထိမ်းအမှတ် ဂူဗိမာန်ကြီးကိုလည်း ရှင်းရှင်းလင်းလင်း မြင်တွေ့ရသည်။ ထိုမှရှေ့ဆက်၍ ပြည်သူ့ကျန်းမာရှေ့တွင် Public Toilet (အဆင့်မြင့်သန့်စင်ခန်း) တည်ဆောက်ပေးထားရာ အဝေးပြေးကားဂိတ်အနီးတွင်ဖြစ်သဖြင့် ခရီးသွားပြည်သူများ အလွယ်တကူ ကျန်းမာရေးကိစ္စဆောင်ရွက်နိုင်ကြပြီဖြစ်သည်။
