Dec 11, 2023
၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံက အကြမ်းဖက်သုတေသနအဖွဲ့ရဲ့ Annex of Statistical Information 2022, Country Reports on Terrorism 2022 အစီရင်ခံစာမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ အဲဒီအစီရင်ခံစာကို အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ် Bethesda မြို့မှ ကမ္ဘာ့အကြမ်းဖက်မှု အလားအလာနှင့် သုတေသနစင်တာက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြမ်းဖက်မှုတိုက်ဖျက်ရေးဗျူရိုအတွက် ၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာ့နိုင်ငံတွေမှာ အကြမ်းဖက်မှု (Terrorist Activity) တွေ ဖြစ်ပွားခဲ့တာအပေါ် သုတေသနပြုစုတင်ပြခဲ့တာပါ။
Dec 11, 2023
ယခုတစ်လော လမ်းမတွေပေါ်မှာ လှုပ်လှုပ်ရှားရှားတစ်မျိုး၊ တိုးတိုးကျယ်ကျယ်တစ်ဖုံ ဖြစ်နေကြတာတွေကို တွေ့နေရပါတယ်။ “ကုန်ပြီ၊ ရသေးတယ်၊ မရှိတော့ဘူး၊ ရတော့ရတယ် လိုသလောက်မရဘူး” စတဲ့၊ စက်သုံးဆီနဲ့ပတ်သက်တဲ့ အခက်အခဲဖြစ်နေတဲ့ သတင်းစကားတွေကို ဟိုနေရာ၊ ဒီနေရာ စုံနေအောင် ပြောဆိုနေကြတာကို ကြားနေရပါတယ်။ ရန်ကုန်မြို့တွင်းက စက်သုံးဆီအရောင်းဆိုင်တွေရှိတဲ့ ပတ်ဝန်းကျင်တွေကို ကြည့်လိုက်တဲ့အခါ ပြောနေ၊ ဆိုနေကြသလို လမ်းတစ်လျှောက်လုံးမှာ ကိုယ်ပိုင်ယာဉ်တွေ၊ အငှားယာဉ်တွေ ဆီဆိုင်မှာ ဆီထည့်ဖို့ တသီတတန်းကြီး စီတန်းစောင့်ဆိုင်းနေကြတာတွေကို တွေ့ရပါတယ်။
Dec 10, 2023
အဂတိလိုက်စားမှုသည် လူ့သဘာဝအရဖြစ်တတ်သည့် အကျင့်စရိုက်ဆိုးတစ်ခုဖြစ်ပါသည်။ ထိုအကျင့်စရိုက်ဆိုးသည် ဝိသမလောဘကိုအခြေခံပါသည်။ လောဘဆိုသည်မှာ လိုချင်တပ်မက်ခြင်းဖြစ်ပါသည်။ လူတိုင်းတွင် လောဘအနည်းနှင့်အများ ရှိတတ်ကြသည်။ သို့သော် အတ္တကြီးသူတို့သည် ထိုလောဘနောက်သို့ လိုက်ရင်းသောက်လေသောက်လေ ငတ်မပြေသကဲ့သို့ လောဘတဏှာကျွန်ဖြစ်လာကြပါသည်။
Dec 10, 2023
နှင်းဝေမြူး၍ ညင်းလေရူးသည့်အချိန်ကား “နတ်တော်လ”အချိန်ဖြစ်တော့သည်။ နတ်တော်လသည် ဆောင်းရာသီ၏ ဒုတိယရင်သွေးဟုဆိုရပေမည်။ မိုးစက်၊ မိုးနံ့ကင်းစင်ခြောက်သွေ့ပြီး မြူခိုးမြူငွေ့ဝေ့သန်းလာသော အေးမြစပြုသည့် အခါသမယဖြစ်သည်။ နတ်တော်လသည် ဓနုရာသီဖြစ်သည်။ စန်းယှဉ်နက္ခတ်မှာ မိဂသီနက္ခတ်ဖြစ်သည်။ ရာသီရုပ်မှာလေးစွဲယောကျ်ားရုပ်ဖြစ်သည်။ ရာသီပန်းကား သဇင်ပန်းလေးများပွင့်ပါသည်။ စာဆိုတော်ပွဲကို နတ်တော်လဆန်း(၁)ရက်နေ့တွင် ကျင်းပကြသည်။ ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ စာပေပညာရှင်များကို ဂုဏ်ပြုလို၍ဖြစ်သည်။
Dec 09, 2023
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်တဲ့ အကြမ်းဖက်မှုဆိုင်ရာ နိုင်ငံအလိုက်အစီရင်ခံစာ ၂၀၂၂ (Country Reports on Terrorism 2022) နဲ့ပတ်သက်လို့ ပြည်တွင်း၊ ပြည်ပမီဒီယာတချို့မှာ ဖော်ပြလာတာတွေ့ရပါတယ်။ ဒီအစီရင်ခံစာဟာ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့အဖွဲ့အစည်းတွေနဲ့ သူတို့ကို ဦးဆောင်မှုပေးနေသူတွေအတွက် အတော်လေးတုန်လှုပ်စရာ ဖြစ်သွားပုံရပါတယ်။ အစီရင်ခံစာမှာ အခြားသောအကြောင်းကဏ္ဍတွေ ပါဝင်ပေမယ့် အခုကတော့ သူတို့ရဲ့ အစီရင်ခံစာပါအတိုင်း အကြမ်းဖက်အဖွဲ့တွေနဲ့ပတ်သက်လို့ပဲ ထောက်ပြရေးသားဖော်ပြ သွားပါမယ်။
Dec 09, 2023
မြန်မာနိုင်ငံဟာ ရေ၊ မြေ၊ တောတောင်၊ သဘာဝသယံဇာတ ပေါကြွယ်လှတဲ့ နိုင်ငံတစ်ခုအဖြစ် ကမ္ဘာက အသိအမှတ်ပြုရတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံသားတိုင်းအတွက် မွေးဖွားလာကတည်းက မတောင်းဘဲရခဲ့တဲ့ မွေးရာပါဆုလာဘ်ကြီးလည်း ဖြစ်ပါတယ်။ ဒီကံကောင်းခြင်းလက်ဆောင်ကို ထိရောက်အကျိုးရှိစွာအသုံးချပြီး ဒီနိုင်ငံကြီးတိုးတက်ဖွံ့ဖြိုးအောင် တက်ညီလက်ညီ ကြိုးပမ်းစွမ်းဆောင်ကြဖို့ဟာ နိုင်ငံသားအားလုံးအတွက် မွေးရာပါ တာဝန်ဖြစ်တယ်လို့လည်း ဆိုနိုင်ပါတယ်။
Dec 08, 2023
၂၀၃၀ ပြည့်နှစ်တွင် ရာသီမရွေးသွားလာနိုင်သော ကျေးလက်လမ်းများ ဖောက်လုပ်ပြီးစီးရေးအတွက် မဟာဗျူဟာမြောက်ချဉ်းကပ်မှု မရှိမဖြစ်လိုအပ်သည်ဖြစ်ရာ တီထွင်ဆန်းသစ်သော အတွေးအခေါ်၊ လုပ်နည်းလုပ်ဟန်များကို သမားရိုးကျဘောင်အတွင်းမှ ဖောက်ထွက်စဉ်းစား၍ နည်းလမ်းအမျိုးမျိုးဖြင့် ဆောင်ရွက်သင့်ပါသည်။
Dec 07, 2023
ကရင်ပြည်နယ် စုကလိမြို့သည် မြဝတီမြို့မှ အရှေ့ဘက် ၅၄ မိုင်ခန့် အကွာ ပင်လယ်ရေမျက်နှာပြင် အမြင့် ၆၅၇၈ ပေခန့်တွင် တည်ရှိပြီး တောင်ယာစိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည့် တောင်ပေါ်ကရင် (စကောကရင်) လူမျိုးများ အများဆုံး နေထိုင်ကြသည်။
Dec 07, 2023
အခုတစ်လော နိုင်ငံပိုင်သတင်းစာတွေမှာ စီးပွားရေးသတင်းတွေ အတော်များများ ဖော်ပြလာတာတွေ့ရတယ်။ အထူးသဖြင့် နိုင်ငံတော်က လက်ရှိအားပေးနေတဲ့ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME) သတင်းဆောင်းပါး၊ အင်တာဗျူးတွေ၊ ဒေသထွက်ကုန်သတင်းတွေအပါအဝင် ပြည်တွင်း၊ ပြည်ပ စီးပွားရေးသတင်းတွေအစုံအလင်ပါပဲ။ စိတ်ဝင်စားဖို့ကောင်းသလို ဗဟုသုတလည်းရတယ်။
Dec 07, 2023
၂၀၂၃ ခုနှစ် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဆောင်ပုဒ်မှာ “ပြည်ထောင်စုငြိမ်းချမ်းရေးမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆီသို့”ဟူ၍ဖြစ်သည်။ ပြည်ထောင်စုကြီးငြိမ်းချမ်းနေမှသာလျှင် ပန်းပေါင်းဝေဆာအလှဖြာလျက် အမိနိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။
