Skip to main content

ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်း များနှင့်ဒေသခံတိုင်းရင်းသားပြည်သူများအား ကိုဖစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

နေပြည်တော် မတ် ၁၃ (တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော် ကြီးများ အပါအဝင်လူမျိုးမရွေး၊ ဘာသာမရွေး အသက် ၆၅ နှစ်အထက်သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တိုင်းရင်းသားပြည်သူ များအားကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက်ဆေးပစ္စည်းများအား တပ်မတော်လေယာဉ်များဖြင့် သယ်ယူ ပို့ဆောင် ပေးခြင်းများနှင့် ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ဆောင်ရွက်ပေး လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နယ်၊ လောက်ကိုင်မြို့နယ်၊ ကွမ်းလုံမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဆန်မြို့နယ်၊ နမ္မတူမြို့နယ်၊ မိုင်းရယ် မြို့နယ်၊ မန်တုံမြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ သီပေါမြို့နယ်၊ နောင်ချိုမြို့နယ်၊ ကျောက်မဲ မြို့နယ်နှင့် ပန်မြို့နယ်များ အတွင်းရှိ ဘာသာရေးခေါင်းဆောင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံ တိုင်းရင်းသားပြည်သူများအား သတ်မှတ် နေရာအသီးသီး၌ လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့၊ ဟိုပုံးမြို့နယ်၊ ကလောမြို့နယ်၊ ပင်လောင်းမြို့နယ်၊ လင်းခေးမြို့၊ |ကွန်ဟိန်းမြို့၊ မိုင်းနောင်မြို့၊ မိုးနဲမြို့နှင့် ကယားပြည်နယ် ဘောလခဲမြို့နယ်များ အတွင်းရှိ ထေရ်ကြီးဝါကြီး ဆရာတော် ကြီးများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများအား သတ်မှတ်နေရာ အသီးသီး၌လည်းကောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံ မြို့နယ်၊ တာချီလိတ်မြို့နယ်၊ မိုင်းဖြတ် မြို့နယ်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းဆတ် မြို့နယ်၊ မိုင်းတုံမြို့နယ်၊ မိုင်းခတ်မြို့နယ်၊ မိုင်းယန်းမြို့နယ်၊ မိုင်းပျဉ်းမြို့နယ်နှင့် မက်မန်းမြို့နယ်များရှိ သံဃာတော်များ၊ ဌာနဆိုင်ရာဝန် ထမ်းများနှင့် ဒေသခံ တိုင်းရင်းသားပြည်သူများအား သတ်မှတ်နေရာအသီးသီး၌ လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့အတွင်းရှိ ထေရ်ကြီးဝါကြီး ဆရာတော် ကြီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံ တိုင်းရင်းသားပြည်သူများအား ဘုတ်ပြင်းမြို့ ပြည်သူ့ ဆေးရုံ၌ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် ဒေသခံပြည်သူများအား သတ်မှတ်နေရာ အသီးသီး၌လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့ပေါ်ရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံ တိုင်းရင်းသားပြည်သူများအား သတ်မှတ်နေရာအသီးသီး၌ လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီး မန္တလေးမြို့နှင့် အမရပူရမြို့နယ်ရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား သတ်မှတ်နေရာအသီးသီး၌ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့၊ ဇီးကုန်း မြို့၊ နတ်တလင်းမြို့၊ ကြို့ပင်ကောက်မြို့၊ မင်းလှမြို့နှင့် မိုးညိုမြို့အတွင်းရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား သတ်မှတ် နေရာ အသီးသီး၌လည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တပ်မတော်သား ပါရဂူများ၊ ဆရာဝန် များနှင့် သူနာပြုများ ပါဝင်သောအဖွဲ့ များက CDM တွင် ပါဝင်ခြင်းမရှိဘဲ ပြည်သူလူထု၏ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများအား ဆောင်ရွက်ပေး နေသည့် ပြည်သူ့ဆေးရုံများမှ ဆရာဝန် များ၊ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ပူးပေါင်း၍ ကျန်းမာရေးစစ်ဆေးပေးပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးခြင်းများ ဆောင်ရွက်ပေးကြသည်။ ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် များမှ တိုင်းမှူးများနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးကာ လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး သံဃာတော်များ အား ဖူးမြော်ကြည်ညို ခဲ့ကြကြောင်း သတင်းရရှိသည်။ သတင်းစဉ်