Skip to main content

အင်းတော်မြို့နယ် မန္တလေး-မြစ်ကြီးနားသွား မီးရထားလမ်း မိုင်တိုင်အမှတ် ၅၇၁ မိုင်၂ ဖာလုံရှိ သဲချောင်းကုန်းတံတားအား သောင်းကျန်းသူ(စိစစ်ဆဲ)အကြမ်းဖက်အဖွဲ့က မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီး

နေပြည်တော် မတ် ၁၃ စစ်ကိုင်းတိုင်းဒေသကြီး အင်းတော် မြို့နယ်ရှိ မန္တလေး- မြစ်ကြီးနား သွား မီးရထားလမ်း မိုင်တိုင်အမှတ် ၅၇၁ မိုင် ၂ ဖာလုံရှိသဲချောင်းကုန်း တံတား တံတားအမှတ်(၄၀၅)အား မတ် ၁၂ ရက် ည ၁၂ နာရီခန့်တွင်သောင်းကျန်းသူ (စိစစ်ဆဲ) အကြမ်းဖက်အဖွဲ့က မိုင်းထောင် ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း သိရှိရ သည်။ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှု ကြောင့်မီးရထားလမ်း ဇလီဖားတုံး လေးတုံး မီးလောင် ပျက်စီးခဲ့ပြီး ရေလယ်တိုင်အုတ်ခုံ၏ ထိပ်ပိုင်း ပြိုကျပျက်စီးခဲ့ကြောင်း သိရှိရသည်။ အဆိုပါ နေရာသို့ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက် ရှင်းလင်းစဉ် ဆိုင်ကယ်ဘက်ထရီ အိုး တစ်လုံးအား ဝိုင်ယာကြိုးဖြင့် တွဲလျက် အနက်ရောင်ဘူးအား တိပ်အဝါဖြင့် ပတ်ထားပြီး တံတား ရေလယ်တိုင်နှင့် ဆက်သွယ်ထား သည်ကို စစ်ဆေးတွေ့ရှိရသည်။ အဆိုပါတံတားအား သက်ဆိုင်ရာမှ အမြန်ဆုံးပြင်ဆင်ပြီး ပုံမှန်အတိုင်း သွားလာနိုင်ရေးဆောင်ရွက်လျက်ရှိသည်။ ။ အဆိုပါ အကြမ်းဖက်အဖွဲ့သည် အများပြည်သူ ထိတ်လန့်တုန်လှုပ် စေရန်နှင့် တည်ငြိမ် အေးချမ်းမှု ပျက်ပြားစေရန် ရည်ရွယ် လုပ်ဆောင်ခြင်းဖြစ်ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်း များ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။ သတင်းစဉ်