ယမန်နေ့မှ အဆက် ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ဆောင်ရွက်ချက်များနှင့် စပ်လျဉ်းပြီး အပိုင်း ၃ ပိုင်းခွဲ၍ ရှင်းလင်း တင်ပြသွားမည်ဖြစ်ပါကြောင်း၊ ယင်းတို့မှာ (က) မဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်းအပိုင်း၊ (ခ) ဆန္ဒမဲလက်မှတ်များ မြေပြင် ကွင်းဆင်းစစ် ဆေးခြင်းအပိုင်းနှင့်(ဂ) မဲမသမာမှုဖြစ်စဉ်များ အပါအဝင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ် များနှင့် စပ်လျဉ်း၍ Video Clips များဖြင့် ရှင်းလင်းတင်ပြခြင်းတို့ ဖြစ်ပါကြောင်း ပြောကြားသည်။ ရှေးဦးစွာ မဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်းအပိုင်းကို တင်ပြမည် ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ အမှတ်စဉ်(၂/၂၀၂၁) တွင်လည်း တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့က မြို့နယ် ၃၁၅ မြို့နယ်၏ မဲစာရင်း CD၊ PDF များကို အခြေခံ စိစစ်ထုတ်ပြန် ချက်အရ မဲမသမာမှုဖြစ်နိုင်ပြုနိုင်သည့် အရေအတွက် ၁၀၄၈၂၁၁၆ ဦး ရာခိုင်နှုန်းအားဖြင့် ၂၈ ဒသမ ၁၇ ရာခိုင်နှုန်းဖြစ်ကြောင်းကို တင်ပြခဲ့ပြီးလည်း ဖြစ်ပါကြောင်း၊ ယခုပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မြို့နယ် ကော်မရှင်အဖွဲ့ခွဲများက အသုံးပြုခဲ့သည့်နောက်ဆုံးမဲစာရင်း Soft copyများ ရယူစိစစ်ထုတ်ပြန်လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်မှ မတ် ၂၂ ရက်အထိ ထုတ်ပြန်ပြီးစီးမှုများအရ တိုင်းဒေသကြီး/ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ ၉ ခုရှိ မြို့နယ်ပေါင်း ၆၆ မြို့နယ်၊ မဲရုံပေါင်း ၈၇၄၉ ရုံကို စိစစ်ခဲ့ရာတွင် မြို့နယ်ကော်မရှင်စာရင်းအရ မဲဆန္ဒရှင် ၉၆၈၁၃၆၉ ဦးဖြစ်သော်လည်း လဝကစာရင်းအရ ၇၀၀၂၃၉၄ ဦးသာ ရှိကြောင်း၊ ၎င်းတို့အနက် စိစစ်ရေးကတ်မရှိဘဲ မဲစာရင်းတွင် ပါဝင်နေသူ ၁၀၉၈၅၆၈ ဦး၊ နိုင်ငံသား စိစစ်ရေးကတ်တစ်ခုတည်းဖြင့် မဲစာရင်း သုံးကြိမ်နှင့်အထက် ပါဝင်နေသူ၄၀၁၃၇ ဦး၊ နိုင်ငံသားစိစစ်ရေးကတ် တစ်ခုတည်းဖြင့် မဲစာရင်း နှစ်ကြိမ် ပါဝင်သူ၆၂၀၇၄၆ ဦး ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ စိစစ်တွေ့ရှိချက် များအရ စိစစ်ရေးကတ်မရှိဘဲ မဲစာရင်းတွင် ပါဝင်နေသူနှင့် မဲစာရင်းထပ်နေသူ စုစုပေါင်း ၁၇၅၉၄၅၁ ဦးရှိကြောင်း တွေ့ရှိရသဖြင့် ရာခိုင်နှုန်းအားဖြင့် မဲဆန္ဒရှင်၏ ၁၈ ဒသမ ၁၇ ရာခိုင်နှုန်း ဖြစ်ကြောင်းကို တွေ့ရှိရပါကြောင်း၊ ယခုစစ်ဆေးမှုသည် တစ်မြို့နယ်ချင်းအလိုက် စစ်ဆေး တွေ့ရှိမှုများ သာဖြစ်ပြီး မြို့နယ် တစ်မြို့ နယ်နှင့် အခြားတစ်မြို့နယ်၊ တိုင်းဒေသကြီး/ ပြည်နယ် တစ်ခုနှင့် အခြားတစ်ခုစစ်ဆေးမှု Cross Check စစ်ဆေးမှုများပါ ပါဝင်ပါက ယခုထက် ပိုမိုများ ပြားနိုင်ကြောင်း စိစစ်တွေ့ရှိရပါကြောင်း။ ပူးပေါင်းအဖွဲ့ဖြင့် ဖွင့်ဖောက်စစ်ဆေး ဖော်ပြပါမြို့နယ် ၆၆ မြို့နယ်၏ မဲဆန္ဒရှင်စာရင်းများအပေါ်တပ်မတော်စိစစ်ချက်များနှင့် ကော်မရှင်၏ စိစစ်ချက်များကို နှိုင်းယှဉ်ရာတွင်လည်း အခြေခံမဲဆန္ဒရှင်စာရင်း ကွာခြားချက်အရ ကော်မရှင်၏ စိစစ် တွေ့ရှိမှု အရေအတွက်မှာ ကိုင်ဆောင်လက်မှတ် တစ်မျိုးမျိုး (မှတ်ပုံတင်)မရှိဘဲ မဲစာရင်းတွင်ပါဝင်နေသူ ၄၂၅၈၆ ဦး၊ တစ်ကြိမ်ထက်ပို၍ မဲစာရင်းတွင် ပါဝင်သူ (ထပ်နေသောမဲစာရင်း) ၂၀၇၈၂၇ ဦးပိုမိုစိစစ်တွေ့ရှိရ ကြောင်း၊ ဆက်လက်ပြီး ဒုတိယပိုင်းအနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုခဲ့သော ဆန္ဒမဲလက်မှတ်များကို မြေပြင်ကွင်းဆင်းစစ်ဆေးပြီး ထုတ်ပြန်လျက်ရှိမှုအခြေအနေများကို တင်ပြမည် ဖြစ်ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်မှ မတ် ၂၂ ရက်အထိ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ သုံးခုအတွင်းရှိ မြို့နယ်ပေါင်း ၆၀ မြို့နယ်ရှိ မဲရုံပေါင်း ၇၆၄၆ ရုံ၏ဆန္ဒမဲလက်မှတ်များကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များဖြစ်သည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ရှိ ဝန်ထမ်းများပါရှိသော ပူးပေါင်းအဖွဲ့ဖြင့် ဖွင့်ဖောက်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ဆေးမှုစာရင်းချုပ်အရ ထုတ်ယူရရှိသည့် မဲလက်မှတ်ပေါင်း ၉၄၁၄၃၃၆၊ အသုံးပြု ၅၉၉၆၅၉၅၊ ကျန်ရမည့်အရေအတွက် ၃၄၁၇၇၄၁ ဖြစ်သော်လည်း မြေပြင်လက်ကျန် ၃၀၉၁၀၁၃ ဖြစ်ပြီး ကွာခြားချက်အနေဖြင့် ပျောက်ဆုံး ၄၄၆၅၅၃ နှင့် အပို၁၁၉၈၂၅ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း။ မဲဆန္ဒရှင်စာရင်းနှင့် မဲလက်မှတ်မြေပြင်စစ်ဆေးခြင်းနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များကို (ကိုကိုးကျွန်းမြို့နယ်မှအပ) စိစစ်ပြီးဖြစ်၍ ထုတ်နုတ်တင်ပြသွား မည်ဖြစ်ပါ ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ (ကိုကိုးကျွန်းမြို့နယ်မပါ) ၄၄ မြို့နယ်ရှိ မဲရုံပေါင်း ၅၈၀၇ ရုံ၏ မဲဆန္ဒရှင်စာရင်းများ စိစစ်ချက် စာရင်းချုပ်အရ ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သည့် မဲဆန္ဒရှင် ၆၁၃၅၅၈၁ ဦး၊ လဝကစာရင်းအရ ၃၉၇၈၉၃၄ ဦးဖြစ်ပြီး မဲဆန္ဒရှင် စာရင်း များတွင် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ လက်မှတ်မရှိသူ ၇၄၇၀၉၉ ဦး၊ နိုင်ငံသား စိစစ် ရေးကတ်ပြားအမှတ် တစ်ခုတည်းဖြင့် မဲစာရင်းတွင် သုံးကြိမ်နှင့်အထက် ပါသူ ၁၁၀၇၀ ဦး၊ နှစ်ကြိမ်ပါဝင် နေသူ ၂၆၉၄၁၂ဦးဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ တပ်မတော်က ထုတ်ပြန်ခဲ့သော မဲမသမာမှုဖြစ်နိုင် သည့် မဲဆန္ဒရှင်စာရင်းများနှင့် နှိုင်းယှဉ်ပါက ကိုင်ဆောင်လက်မှတ်တစ်မျိုးမျိုး မရှိဘဲ မဲစာရင်းတွင် ပါဝင်သူ ၆၂၀၂ ဦးနှင့် တစ်ကြိမ်ထက်ပို၍ မဲစာရင်းတွင်ပါဝင်သူ ၃၁၈၈၁ ဦး ပိုမိုများပြားနေကြောင်း နှိုင်းယှဉ် တွေ့ရှိရပါကြောင်း၊ ယင်းမြို့နယ် ၄၄ မြို့နယ်၊ မဲရုံပေါင်း ၅၈၀၇ ရုံ၏ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲတွင် အသုံးပြုခဲ့သော ဆန္ဒမဲလက်မှတ်များ ထုတ်ယူ၊ ရရှိ၊ သုံးစွဲ၊ လက်ကျန် အခြေအနေများကို ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးချက်များအရ စုစုပေါင်း ထုတ်ယူရရှိခဲ့သော ဆန္ဒမဲလက်မှတ် အရေအတွက်မှာ ၆၆၈၇၆၃၈၊ မဲပေး အသုံးပြု ၄၀၈၄၂၈၁ ဖြစ်၍ ကျန်ရမည့်အရေအတွက် ၂၆၀၃၃၅၇ ဖြစ်သော်လည်း မြေပြင်လက်ကျန် ၂၃၃၆၈၇၀ ဖြစ်ပြီး မဲလက်မှတ်အရေအတွက် ၃၅၇၉၃၇ ပျောက်ဆုံးပြီး ၉၁၄၅၀ စောင်ကို အပိုအဖြစ် စစ်ဆေးတွေ့ရှိရပါကြောင်း။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့၏ စိစစ်တွေ့ရှိချက်များကို ထုတ်နုတ်တင်ပြလိုပါ ကြောင်း၊ (က) တာမွေမြို့နယ်တွင်ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ နှင့် မဲရုံမှူးများလက်ဝယ်တွင် အသုံးမပြုရသေးသည့် ဆန္ဒမဲလက်မှတ် ၂၈၄၉ စောင်နှင့် အသုံးပြုပြီး ဆန္ဒမဲလက်ခံဖြတ်ပိုင်း ၁၅၃ စောင် ကျန်ရှိနေပြီး မဲရုံအသုံးပြု ဆန္ဒမဲလက်မှတ်များ ချိပ်ပိတ်သိမ်းဆည်းပြီး နောက်ပိုင်းမှ ပြန်လည်အပ်နှံသဖြင့် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွင် သီးခြားသိမ်းဆည်းခဲ့ သည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ အလားတူ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင်လည်း မည်သည့်မဲရုံက အပ်နှံသည်ကို ဖော်ပြနိုင် ခြင်း မရှိဘဲ သီးခြားထိန်းသိမ်းထားရှိသည့် ဆန္ဒမဲလက်မှတ် ၄၅၀၀ ကို စစ်ဆေး တွေ့ရှိရပါ ကြောင်း၊ (ခ) လှည်းကူးမြို့နယ်တွင်လည်း ရပ်ကွက် သို့မဟုတ်ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများနှင့် မဲရုံမှူးများ လက်ဝယ်တွင်အသုံးမပြုရသေးသည့် ဆန္ဒမဲလက်မှတ် ၂၇၀၄ စောင် ကျန်ရှိနေပြီး မဲရုံအသုံးပြု ဆန္ဒမဲလက်မှတ်များ ချိပ်ပိတ်သိမ်းဆည်းပြီးနောက်ပိုင်းမှ ပြန်လည်အပ်နှံ သဖြင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် သီးခြားသိမ်းဆည်းခဲ့ရ ခြင်းကို စိစစ်တွေ့ရှိရပါကြောင်း၊ မဲဆန္ဒရှင်အမည်နှင့် လက်ဗွေ သို့မဟုတ် လက်မှတ်ရေး ထိုးထားခြင်း မရှိသည့် အသုံးပြုပြီး ဆန္ဒမဲလက်မှတ် လက်ခံ (ဖြတ်ပိုင်း) ၆၀ အုပ်ကို မြေပြင်စစ် ဆေးတွေ့ရှိရပါကြောင်း (ဂ) အလားတူ တွံတေးမြို့နယ်ရှိကျေးရွာအုပ်စု လေးအုပ်စုတွင်လည်း ဆန္ဒမဲလက်ခံဖြတ်ပိုင်း၌ ဆန္ဒမဲပေးသူအမည်၊ မဲစာရင်းအမှတ်စဉ်၊ မဲရုံအမှတ်၊ ရပ်ကွက်/ကျေးရွာ အုပ်စုအမည် စသည်ဖြင့် ဖြည့်သွင်းရေးသားထားခြင်းမရှိသည့် ဆန္ဒမဲ လက်ခံဖြတ်ပိုင်း ၁၂၇ စောင်ကို စိစစ်တွေ့ရှိရပါကြောင်း၊ (ဃ) အလုံမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတွင် ကျန်ရှိရမည့် မဲလက်မှတ်အရေအတွက် ၉၈၂ ဖြစ်သော်လည်း မြေပြင်လက်ကျန် ၁၃၉၇ ရှိနေ သဖြင့် မဲလက်မှတ်အပို ၄၁၅ စောင်အား အသစ်အတိုင်း စစ်ဆေးတွေ့ရှိရပါကြောင်း၊ အလုံ မြို့နယ်တွင် မဲဆန္ဒရှင် ၃၈၄၆၀ အနက် မဲပေးသူဦးရေမှာ ၂၆၀၅၀ ဖြစ်ပြီးမြေပြင်စစ်ဆေးချက် အရ မဲလက်မှတ်သုံးစွဲမှုမှာ ၂၆၂၄၅ ဖြစ်သဖြင့် ၁၉၅ စောင် ပိုမိုသုံးစွဲထားသည်ကို စစ်ဆေးတွေ့ ရှိရပါကြောင်း၊ (င)ကွမ်းခြံ ကုန်းမြို့နယ်၊တော်ခရမ်းလေး ကျေးရွာအုပ်စု၊ မဲရုံအမှတ်(၃)တွင် မဲဆန္ဒရှင် ၉၇၁ ဦးအနက် ၇၅၁ ဦးမှာ နိုင်ငံသား စိစစ်ရေးကတ်မရှိဘဲ မဲစာရင်းတွင် ပါဝင်နေပြီး အစုလိုက်အပြုံလိုက် မဲပေးသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ ထိုမဲပေးသူများမှာ သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပါ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အရည်အချင်း များနှင့် ကိုက်ညီမှု မရှိသည့်အပြင် နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူများဖြစ်ကြောင်း စိစစ် ထားခြင်းမရှိဘဲ မဲစာရင်းတွင် ထည့်သွင်းမဲပေးခွင့်ပြုခဲ့သည်ကို စစ်ဆေးတွေ့ရှိရပါကြောင်း၊ (စ)ကော့မှူး မြို့နယ်တွင် မြေပြင်စစ်ဆေးချက်များအရ မဲရုံပေါင်း ၁၆၁ ရုံတွင် ထုတ်ယူရရှိသော ဆန္ဒမဲ လက်မှတ် အရေအတွက်မှာ ၁၁၄၈၂၂ ဖြစ်ပြီး မဲပေးအသုံးပြု ၇၈၂၆၈၊ ကျန်ရမည့် မဲလက်မှတ် ၃၆၅၅၄ ဖြစ်သော်လည်းမြေပြင်လက်ကျန်မှာ ၃၅၂၅၉ ဖြစ်သဖြင့် ပျောက်ဆုံး ၁၈၉၁၊ အပိုတွေ့ ရှိမှု ၅၉၆ စောင်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါကြောင်း ပြောကြားသည်။ ဆန္ဒမဲလက်မှတ်ပို ဥပဒေနှင့်အညီ အပ်နှံရန် ပျက်ကွက် ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄၄ မြို့နယ်၏ မြေပြင်စစ်ဆေးတွေ့ရှိချက် အကျဉ်းချုပ်အနေဖြင့် ဆန္ဒမဲပေးခဲ့သူဦးရေမှာ ၄၁၈၆၈၅၃ ဖြစ်သော်လည်း ထုတ်ယူရရှိ ဆန္ဒမဲလက်မှတ် များအနက်မှ မဲပေးအသုံးပြုခဲ့သည့် ပြည်သူ့လွှတ်တော် ဆန္ဒမဲလက်မှတ် ၄၀၈၄၂၈၁ စောင်ဖြစ်သဖြင့် ထုတ်ယူရရှိ မဲလက်မှတ် သုံးစွဲမှု ၁၀၂၅၇၂ စောင်လျော့နည်းနေပါကြောင်း၊ ဆန္ဒမဲလက်မှတ်များထုတ်ယူ ရရှိမှုနှင့် အသုံးပြုမှုများတွင် မဲလက်မှတ် ၃၅၇၉၃၇ စောင် ပျောက်ဆုံးနေပါကြောင်း၊ အချို့ မဲရုံများတွင် မဲလက်မှတ်အပို ၉၁၄၅၀ စောင်တွေ့ရှိရပါကြောင်း၊ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများအနေဖြင့် ကြိုတင်ဆန္ဒမဲလက်မှတ်များ ကောက်ခံရာတွင် ကြိုတင်ဆန္ဒမဲ လက်ခံဖြတ်ပိုင်းများနှင့် ဆန္ဒမဲလက်မှတ်အပိုများကို ဥပဒေနှင့်အညီ အပ်နှံရန်ပျက်ကွက် ကြောင်းကို တွေ့ရှိရပါကြောင်း၊ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများလက်ဝယ်တွင် ဆန္ဒမဲလက်မှတ်နှင့် အသုံးပြုပြီး လက်ခံ ဖြတ်ပိုင်းများ ကျန်ရှိ နေသည်ကို တွေ့ရှိရပါကြောင်း၊ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများ အနေဖြင့် ဆန္ဒမဲလက်မှတ်နှင့် အသုံးပြုပြီး လက်ခံဖြတ်ပိုင်းများကို ရွေးကောက်ပွဲပြီးနောက်ပိုင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ သို့ လာရောက်အပ်နှံသည်ကို တွေ့ရှိရပါကြောင်း။ ကြိုတင်မဲများ၏ ဆန္ဒမဲလက်မှတ် လက်ခံဖြတ်ပိုင်းများ၌ ဆန္ဒမဲ ပေးသူ၏ အမည်၊ မဲစာရင်းအမှတ်စဉ်၊ မဲရုံအမှတ်၊ ရပ်ကွက်/ကျေးရွာ အမည်၊ လက်မှတ် သို့မဟုတ် လက်ဗွေတို့ကို ဖြည့်သွင်းရေးသားထား မှုမရှိဘဲ မဲပေးသုံးစွဲထားမှုများကို တွေ့ရှိရပါကြောင်း၊ နိုင်ငံသား စိစစ်ရေးကတ်မရှိသူများ မဲစာရင်းတွင် အစုလိုက် အပြုံလိုက် ပါဝင်ပြီး မဲဆန္ဒရှင်သက်သေခံလက်မှတ်များဖြင့်သာ နိုင်ငံသားစိစစ်ရေးကတ် မပါဘဲ မဲပေးမှုကို လက်ခံဆောင်ရွက်ထားသည်ကို တွေ့ရှိရပါကြောင်း၊ ကြိုတင်မဲများကောက်ခံရာတွင်လည်း ဥပဒေနှင့် ညီညွတ်မှုမရှိသော ဆန္ဒမဲပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ Covid-19 ရောဂါနှင့် စပ်လျဉ်း၍ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များကို အကြောင်း ပြကာ ရွေးကောက်ပွဲကျင်းပရန် အချိန်နီးကပ်မှသာ ဥပဒေနှင့်ညီညွတ် မှုမရှိသော ညွှန်ကြားချက်များ ထုတ်ပြန်၍ မဲစာရင်းများ ကောက်ခံ မဲပေးစေခြင်း၊ ကြိုတင်မဲပေးစေခြင်းများရှိကြောင်းကို စိစစ်တွေ့ရှိ ရပါကြောင်း ပြောကြားသည်။ ။ မဲဆန္ဒရှင်ဦးရေထက် ဆန္ဒမဲလက်မှတ်ပိုသုံးစွဲ ရန်ကုန်တိုင်းဒေသကြီးအတွင်း စစ်ဆေးတွေ့ရှိချက်များအရ မဲစာရင်းကောက်ယူရာ၌ ဥပဒေနှင့် ညီညွတ်မှုမရှိသော မှားယွင်း မှုများတွေ့ရှိခြင်း၊ ဆန္ဒမဲလက်မှတ်များ လျော့နည်းပျောက်ဆုံးခြင်း၊ အပိုများတွေ့ရှိခြင်း၊ ကြိုတင်မဲလက်ခံဖြတ်ပိုင်းများနှင့် အသုံးမပြုဘဲ ဆန္ဒမဲလက်ခံဖြတ်ပိုင်းများတွင် အချက်အလက်များ ပြည့်စုံစွာ ဖြည့်သွင်းရေးသားထားမှုမရှိခြင်း၊ မဲဆန္ဒရှင်ဦးရေထက် ဆန္ဒမဲလက်မှတ်များ ပိုမိုသုံးစွဲထားခြင်းတို့ကို စိစစ်တွေ့ရှိရသဖြင့် သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေပါ သတ်မှတ်ပြဋ္ဌာန်းချက် များ အတိုင်း လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခဲ့သည်ကို စစ်ဆေးတွေ့ရှိရပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး သည် အခြားတိုင်းဒေသကြီး / ပြည်နယ်များနှင့် နှိုင်းယှဉ်ပါက လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ခြင်း၊ စာတတ် မြောက်မှုနှုန်း မြင့်မားခြင်း၊ အခြေခံအဆောက်အအုံများ ပြည့်စုံစွာရှိခြင်း အစရှိသည့် အဘက်ဘက်မှပြည့်စုံ သည့် တိုင်းဒေသကြီး တစ်ခုဖြစ်ပါကြောင်း၊ အဆိုပါ အဘက်ဘက်မှပြည့်စုံသည့် တိုင်းဒေသကြီး အတွင်းမှာပင် ယခုကဲ့သို့ မဲစာရင်း/ မဲလက်မှတ်မှားယွင်းမှု၊ သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန် ပျက်ကွက်မှုများရှိကြောင်း တွေ့ရှိရသဖြင့် အခြားလမ်းပန်းဆက်သွယ်ရေးခက်ခဲသော၊ ဝေးလံသော တိုင်းရင်းသား ဒေသများတွင် မှားယွင်းမှုများ ပိုမိုဖြစ်ပေါ်နိုင်သည်ကို သုံးသပ်တွေ့ရှိရပါကြောင်း။ ယခု မိမိတင်ပြခဲ့သည့် မဲစာရင်းဆိုင်ရာ စစ်ဆေးတွေ့ရှိချက်၊ မဲလက်မှတ်ဆိုင်ရာ စစ်ဆေးတွေ့ရှိချက် များနှင့်စပ်လျဉ်းပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ စိစစ်ထုတ်ပြန်ချက်များ၊ မှတ်တမ်းဓာတ်ပုံ၊ | အထောက်အထားများကို ခင်းကျင်းပြသထားသည့် ဘုတ်များတွင် ကြည့်ရှုနိုင်ပါကြောင်း၊ ဆက်လက်ပြီး ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကာလအတွင်း ဖြစ်ပွားခဲ့သော မဲမသမာမှုဖြစ်စဉ်များ အပါအဝင် သက်ဆိုင်ရာရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်မှုမရှိသည့် ဖြစ်စဉ်များနှင့်စပ်လျဉ်းပြီး ရှင်းလင်းတင်ပြသွားမည်ဖြစ်ပါကြောင်း၊ မိမိတင်ပြလိုသည်မှာ လွတ်လပ်ပြီးတရားမျှတသောရွေးကောက်ပွဲ | Free and Fair election ဖြစ်မဖြစ် ဆန်းစစ်လေ့လာရာတွင် ရွေးကောက်ပွဲနေ့ တစ်နေ့တည်း၏ အခြေ အနေ သာမကရွေးကောက်ပွဲ စက်ဝန်းပါကာလသုံးပါးဖြစ်သည့်ရွေးကောက်ပွဲအကြိုကာလ၊ရွေးကောက်ပွဲ ကာလနှင့် ရွေးကောက်ပွဲနောက်ပိုင်းကာလဖြစ်စဉ်များကိုပါ လေ့လာသုံးသပ်မှသာ ပြည့်စုံလုံလောက်မည် ဖြစ်ပါကြောင်း၊ ယနေ့ သတင်းစာရှင်းလင်းပွဲ၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ် ကြုံတွေ့ရသည့် မဲဆန္ဒရှင်စာရင်း ကောက်ခံခြင်းနှင့် ကြိုတင်ဆန္ဒမဲပေးခြင်းတို့တွင် ကြုံတွေ့ရသော အခက်အခဲ၊ အားနည်းချက်များနှင့် စပ်လျဉ်း၍ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌတစ်ဦး၏ ပြောကြား ချက်အကျဉ်း၊ ရွေးကောက်ပွဲ ကျင်းပပြီးနောက်ပိုင်း ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၊ ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲ စားပွဲပေါ်ရှိ ကြိုတင်ဆန္ဒမဲစာအုပ်များအတွင်း UEC တံဆိပ် ရိုက်နှိပ်ထားသော ကြိုတင် ဆန္ဒမဲလက်မှတ်များ တွေ့ရှိမှု၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် ကြိုတင်ဆန္ဒမဲကောက်ခံရာ၌ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်မှုမရှိဘဲ ဆောင်ရွက်ခဲ့မှု၊ ကြို့ပင်ကောက်မြို့နယ် အနောက်မြောက်ရပ်ကွက် ကြိုတင်ဆန္ဒမဲပေးရာတွင် ပါတီတစ်ခု၏ မဲရုံအကူ | ကိုယ်စားလှယ်က လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်မှုမရှိဘဲ ဆောင်ရွက်ခဲ့မှု၊ ငွေပေး၍ ပါတီတစ်ခုကို မဲထည့်စေခြင်း၊ နောက်မဲရုံတွင် ထပ်မံမဲပေးရန်နှင့် အသက်မပြည့်သေးသူအား မဲပေးစေခြင်းဖြင့် ပါတီတစ်ခုအတွက် ဘက်လိုက်ဆောင်ရွက်မှုနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ စာရေး ဖြစ်သူ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးတစ်ဦး၏ မဲမသမာမှု ဖြစ်စဉ် များနှင့် စပ်လျဉ်း၍ ကိုယ်တိုင်ဝန်ခံထွက်ဆိုချက်နှင့် ပတ်သက်သည့် ဖြစ်စဉ်များကိုသက်သေ အထောက် အထား Video clip များနှင့်အတူ ရှင်းလင်းတင်ပြသွားမည်ဖြစ်ပါကြောင်း။ မဲစာရင်းထပ်၊ မှတ်ပုံတင်မရှိဘဲ မဲပေး မဲဆန္ဒရှင် စာရင်းကောက်ခံခြင်းနှင့် ကြိုတင်ဆန္ဒမဲပေးခြင်းတို့ ဆောင်ရွက်ရာတွင် ကြုံတွေ့ရသော အခက်အခဲအားနည်းချက်များနှင့်စပ်လျဉ်း၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ပြောကြားချက်အရ မဲစာရင်းကောက်ရာတွင် ရပ်/ကျေးနှင့် လဝကစာရင်း အခြေခံ၍ ကောက်ခံသော်လည်း ရှိကောက်နှင့် အိမ်ထောင်စုစာရင်းအရ ကောက်ခံမှုများ နှစ်ကြိမ်ထပ်ပြီး မဲစာရင်းဖောင်းပွခြင်း၊ အချိန်မီ ပူးပေါင်းစိစစ် ပြင်ဆင်နိုင်မှု မရှိခြင်း၊ မှတ်ပုံတင်မရှိသူများပါရှိပြီး ဖြေသည့် ညွှန်ကြားချက်များအရ ခွင့်ပြုရခြင်း၊ ကြိုတင်မဲပေးသည့် ကာလရှည်ပြီး ဦးရေများသဖြင့် ဆောင်ရွက်ရန် အခက်အခဲရှိခြင်းများ ကြုံတွေ့ရပြီး မလိုလားအပ်သည့် မဲစာရင်းထပ်ခြင်း၊ မှတ်ပုံတင်မရှိဘဲ မဲပေးခြင်း၊ အသက်ရာကျော်များပါဝင်ခြင်း စသည့်မှားယွင်းမှုများ ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားထားသည်ကို တွေ့ရှိရမည် ဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၁၂ ရက်တွင် မြောက်ဥက္ကလာပမြို့နယ်၊ ကျောက်ရေတွင်းရပ်ကွက်အုပ်ချုပ်ရေး မှူးရုံးရှိ ရပ်/ကျေးကော်မရှင်နှင့် သက်ဆိုင်ရာနေရာရှိ တာဝန်ရှိသူများက စစ်ဆေးရာတွင် စားပွဲပေါ်တွင် မဲစာအိတ်အလွတ်များနှင့်အတူ မဲစာအိတ်အတွင်း မဲလက်မှတ်များပါရှိသည့် စာအိတ် ၁၀ အိတ်အား တွေ့ရှိရပါကြောင်း၊ ဖွင့်ဖောက်စစ်ဆေးခဲ့ရာ ပြည်သူ့လွှတ်တော် နှစ်အိတ်၊ အမျိုးသားလွှတ်တော် နှစ်အိတ်၊ တိုင်းရင်းသားလူမျိုး တစ်အိတ်၊ တိုင်းဒေသကြီး ငါးအိတ်တို့ကို တွေ့ရှိရပြီး NLD logo ဘေးတွင် UEC တံဆိပ်တုံး ချိန်ထားသော မဲလက်မှတ် ကိုးစောင်ပါရှိကြောင်းကို စစ်ဆေးတွေ့ရှိရပါကြောင်း၊ အဆိုပါ မဲလက်မှတ်များကို ချိပ်ပိတ်သိမ်းဆည်း၍ ကော်မရှင်ဥက္ကဋ္ဌထံ အပ်နှံခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့အား ဆက်လက် စုံစမ်းပေးရန် ဆောင်ရွက်ခဲ့ပါကြောင်း။ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများအရ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲသည် ရွေးကောက်ပွဲကျင်းပသည့်နေ့ မဲရုံမဖွင့်မီ ဆန္ဒပြုပြီးသော ကြိုတင်ဆန္ဒမဲ လက်မှတ်များ ပါရှိသည့် မဲပုံး များ၊ ကြိုတင်ဆန္ဒမဲပေးသူစာရင်း ပုံစံ(၁၃)နှင့် လက်ခံဖြတ်ပိုင်း၊ လက်ကျန်မဲလက်မှတ်များ အပ်နှံရန် ဖြစ်သော်လည်း ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်းနှင့် ဆန္ဒပြုပြီးသည့် မဲလက်မှတ်စာအိတ်များ တွေ့ရှိရ ခြင်းသည် မဲမသမာမှုဖြစ်နိုင်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်၌ ကြိုတင်ဆန္ဒမဲ ကောက်ယူရာတွင် ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်မှုမရှိဘဲ ဆောင်ရွက်မှုများနှင့် စပ်လျဉ်းသည့် | Video Clip ကို တင်ပြမည်ဖြစ်ပါကြောင်း၊ Stay at home ဒေသ အသက် ၆၀ နှင့် အထက် မဲဆန္ဒရှင် များအပါအဝင် ကြိုတင်ဆန္ဒမဲကောက်ခံရမည့် မဲဆန္ဒရှင်များကို သက်ဆိုင်ရာ ရပ်/ကျေးကော်မရှင် အဖွဲ့ခွဲက ကြိုတင်ဆန္ဒမဲကောက်ရာတွင် အခက်အခဲရှိပါက ယင်းပုဂ္ဂိုလ်၏ မိခင်၊ ဖခင်၊ ဇနီး၊ ခင်ပွန်း၊ သားသမီး၊ ညီအစ်ကိုမောင်နှမတစ်ဦးဦးက မဲဆန္ဒရှင်၏ဆန္ဒအတိုင်း ဆောင်ရွက်ပေးရန်နှင့် ကူညီသူမရှိ ပါကကော်မရှင်အဖွဲ့ဝင်တစ်ဦးဦးက ယင်းပုဂ္ဂိုလ်၏ ရှေ့မှောက်တွင် ၎င်းညွှန်ကြားသည့်အတိုင်း ရေးသွင်းရ မည်ဖြစ်သော်လည်း နိမိတ်ပြမေးခွန်းမျိုး မေးခြင်း၊ မဲလက်မှတ်လက်ခံဖြတ်ပိုင်းတွင် မဲဆန္ဒရှင်ကသာ လက်မှတ်ရေးထိုးခြင်း၊ လက်ဗွေနှိပ်ခြင်းပြုရမည်ဖြစ်သော်လည်း အခြားပုဂ္ဂိုလ်တစ်ဦးက ဆောင်ရွက်ခြင်း အစရှိသည့် ဥပဒေ၊ နည်းဥပဒေနှင့် ညီညွတ်မှုမရှိခြင်းများကို တွေ့ရှိရပါကြောင်း။ ဥပဒေ၊ နည်းဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရန်ပျက်ကွက် ကြို့ပင်ကောက်မြို့နယ် အနောက်မြောက်ရပ်ကွက်၊ မဲရုံအမှတ်(၁)တာဝန်ကျသည့် ရပ်/ကျေး ကော်မရှင်အဖွဲ့ဝင်တစ်ဦးက အသက်၆ဝ နှစ်နှင့်အထက်ရပ်/ကျေး ကြိုတင်မဲများပေးရာတွင် ပါတီတစ်ခု၏ မဲရုံအကူကိုယ်စားလှယ်က ဥပဒေနှင့်မညီဘဲ ကိုယ်တိုင်လိုက်ပါဆောင်ရွက်မှုကို ပြောကြားသည့် Video clips ကို တင်ပြမည်ဖြစ်ပါကြောင်း၊ ကြို့ပင်ကောက်မြို့နယ် အနောက်မြောက်ရပ်ကွက် မဲရုံအမှတ်(၁) တွင် အသက်(၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင်များ ရပ်/ကျေးကော်မရှင်တွင် ကြိုတင်မဲပေးရာ၌ NLD ပါတီမှ မဲရုံအကူကိုယ်စားလှယ် ဦးကျော်ကျော်လွင်(ခ)ကိုဝတုတ် ကိုယ်တိုင်မဲဆန္ဒရှင်များနှင့်အတူ လျှို့ဝှက်ဆန္ဒပြုသည့်နေရာအထိ လိုက်ပါဆောင်ရွက်မှုသည် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့် ကိုက်ညီမှုမရှိပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် ကြိုတင် ဆန္ဒမဲပေးသူဦးရေသည် ဆန္ဒမဲပေးသူအားလုံး၏ ၂၁ရာခိုင်နှုန်းကျော်ရှိပြီး ကြိုတင်ဆန္ဒမဲ ကောက်ခံရာတွင် သက်ဆိုင်ရာ ရပ်/ကျေးကော်မရှင်များ၏ဥပဒေ၊နည်းဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရန် ပျက်ကွက်မှု များကြောင့် ဖြစ်ပေါ်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများကို လူမှုကွန်ရက်များတွင် အများအပြားတွေ့ရှိရမည် ဖြစ်ပါကြောင်း။ ။ ဆက်လက်ပြီး ငွေပေး၍ ပါတီတစ်ခုကို မဲထည့်စေခြင်း၊ နောက် မဲရုံတွင်ထပ်မံမဲပေးရန်နှင့် အသက် မပြည့်သေးသူအား မဲပေးစေခြင်းတို့ဖြင့် ပါတီတစ်ခုအတွက် ဘက်လိုက်ဆောင်ရွက်သည့် Video Clip ကို တင်ပြမည်ဖြစ်ပါကြောင်း၊ လှည်းကူးမြို့နယ်၊ သာယာကုန်းကျေးရွာ အုပ်စုနေ ဒေါ်ချိုချိုသင်းမိသားစု ၇ ဦး ကျောက်မဲတိုင် မဲရုံအမှတ်(၂) မဲပေးသည့် နေရာတွင် NLD ပါတီကို မဲပေးပါက ငွေလေးသောင်းပေး မည်ပြော၍ ငွေလေးသောင်းပေးခြင်း၊ မဲပေးပြီးအိမ်ပြန်ရောက်ချိန်တွင် သာယာကုန်းမဲရုံ (၁)တွင် ထပ်မံ၍မဲလာပေးရန် မဲဆန္ဒရှင်သက်သေခံလက်မှတ် Voter Slip လေးစောင် ထပ်မံပေးခဲ့သော်လည်း မပေးဖြစ်ကြောင်း၊ အသက်မပြည့်သေးသည့်မနှင်းအိဖြူကို လည်း အသက်မပြည့်ကြောင်းပြောသော်လည်း မဲဆန္ဒရှင်လက်မှတ်ပေးအပ်ပြီး မဲထည့်ခိုင်းခြင်း၊ မဲထည့်ရာတွင်လည်း တံဆိပ်တုံးထုခိုင်းသည့်နေရာ ထုပေးခဲ့ရကြောင်း၊ ယင်းကိစ္စများ ဆောင်ရွက်သူများ၏ရင်ဘတ်တွင် တံဆိပ်အဝိုင်းများကပ်ထားကြောင်း ပြောဆိုသိရှိရသဖြင့် ၎င်းပုဂ္ဂိုလ်များသည် မဲရုံကိုယ်စားလှယ်၊ အကူကိုယ်စားလှယ်နှင့် ရပ်/ကျေး ကော်မရှင် အဖွဲ့ဝင်များ၊ မဲရုံအတွင်း ၀င်ခွင့်ရရှိရန် ပေးထားသူများဖြစ်ပြီး ဥပဒေ၊ နည်းဥပဒေနှင့်မညီသည့် လုပ်ရပ် များကို ကျူးလွန်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း။ အလားတူ ရမည်းသင်းမြို့နယ်တောင်ကန်ကြီးကျေးရွာအုပ်စု၊ ချဉ်ပျစ်ကျင်း ကျေးရွာနေ ဦးဟန်တင်၊ အသက် ၇၅ နှစ်၏ ထွက်ဆိုချက်အရ တွေ့ရှိရသည်မှာ ၎င်းအား ကိုမြင့်သိန်းဆိုသူမှ ငွေကျပ် ၁၅၀၀၀ လာရောက်ပေးအပ်ပြီး အမေစုပါတီ မဲပေးရန်ပြောကြားခဲ့ခြင်းကို စိစစ်တွေ့ရှိရပါကြောင်း၊ ဆက်လက်ပြီး မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်ရှိမဲရုံ ၉ရုံတွင် ဖြစ်ပွားခဲ့သော တရားမဝင် မဲစာရင်းတိုးခြင်း၊ မဲလက်မှတ်များ တရားမဝင် ထုတ်ယူအသုံးပြုခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ ကြိုတင်မဲပေးခြင်းနှင့် မဲရုံတွင် မဲပေးခြင်း ဆောင်ရွက် ရာတွင် ဥပဒေ၊နည်းဥပဒေနှင့်မညီဘဲ ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ ရမ်ပူရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးစာရေးနှင့် ရပ်/ကျေးကော်မရှင် အတွင်းရေးမှူးဖြစ်သူ ဦးဟန်ဇင်ဦး၏ ထွက်ဆိုချက် Video Clipကို တင်ပြမည်ဖြစ်ပါကြောင်း၊ မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်မဲရုံ ၉ ရုံတွင် ဖြစ်ပေါ်ခဲ့သော ဖြစ်စဉ်များကို သုံးသပ်ကြည့်ပါက ဥပဒေ၊ နည်းဥပဒေများနှင့် ကိုက်ညီမှုမရှိဘဲ ဆောင်ရွက်ထားသည့် အချက်များကို တွေ့ရှိရမည်ဖြစ်ပါကြောင်း။ ။ ပယ်မဲအဖြစ်ဆောင်ရွက်မည့် မဲလက်မှတ်များ ခိုင်လုံမဲရေတွက် ရက်ပေါင်း ၉၀ နှင့်အထက် နေထိုင်သူများ မဲစာရင်းထည့်သွင်းရေး ဆောင်ရွက်ရာတွင် လူဦးရေ ၁၁၀၀ ခန့် စာရင်းတင်သွင်းခဲ့ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲက ၇၈၁ ဦးသာလက်ခံပြီး အချက်အလက် မပြည့်စုံသည့် ၃၁၉ ဦးကို ပယ်ဖျက်ခဲ့သော်လည်း ရမ်ပူရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်က မဲစာရင်းတွင်ပါဝင်နိုင်ရေး အဆင်ပြေအောင်ဆောင်ရွက်ပေးရန်ပြောကြားချက်အရ ကွန်ပျူတာစာစီဖြင့် ၂၆၉ဦး၊ လက်ရေးဖြင့် ၅ဝ ဦးပေါင်း ၃၁၉ ဦးကိုနောက်တိုးစာရင်းအဖြစ် ထပ်မံထည့်သွင်းခြင်း၊ ရမ်ပူအုပ်ချုပ် ရေးမှူး ဦးမောင်မောင်သည် ၂၀၁၆ ခုနှစ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတာဝန်ပေးအပ်ခြင်းခံရပြီး NLD ပါတီအမာခံတစ်ဦးဖြစ်၍ NLD ပါတီဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဦးနေဝင်းနှင့် ရင်းနှီးသူဖြစ်ခြင်း၊ ရပ်/ ကျေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ၁၈ ဦးတို့ကို အများယုံကြည်လေးစားသူ ရပ်မိရပ်ဖများဖြင့် ဖွဲ့စည်း ရန်ဖြစ်သော်လည်း NLD အမာခံများကိုသာ ထည့်သွင်းဖွဲ့စည်းထားပြီး ဘက်လိုက်ဆောင်ရွက်မှုများရှိ ခြင်း၊ ၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာ ၂ ရက်တွင် NLD ပါတီဝင်တစ်ဦး၏ ဖုန်းဖြင့်စည်းရုံးခိုင်းစေမှုအရ မြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးရှိ ဆန္ဒမဲ လက်မှတ် ၇၅ အုပ်(၃၇၅၀)စောင်အား မြို့နယ်ကော်မရှင်ရုံးမှ တာဝန် ရှိသူများမရှိသည့်အချိန်တွင် သွားရောက်ယူဆောင်ပြီး၎င်းမှ၆၉ အုပ်အား ကြိုတင်မဲပေးသည့်နေရာများတွင် တရားမဝင် အသုံးပြုပြီး ပိုနေသည့် မဲလက်မှတ်စာအုပ် ခြောက်အုပ်ကို နိုဝင်ဘာ ၁၈ ရက် ညတွင် မီးရှို့ ဖျက်ဆီးခဲ့ခြင်း၊ ကြိုတင်မဲပေးသည့်အခါတွင် အသက် ၆ဝ နှစ်နှင့်အထက်နှင့် ရွေးကောက်ပွဲတွင် တာဝန်ရှိသူ၊ ကျန်းမာရေးမကောင်းသူ အစရှိသည့် ဦးရေ ၁၀၀၀ ခန့်သာဖြစ်သော်လည်း အမှန်တကယ်မဲပေးသည့်အခါ ကြိုတင်မဲပေးသူ ၁၃၀၀ ခန့်ရှိသဖြင့် သတ်မှတ်ချက်နှင့် မကိုက်ညီသူ ၃၀၀ ကျော်ကို တရားမဝင်ထည့်သွင်း ဆောင်ရွက်ပေးခဲ့ခြင်း၊ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲရုံအမှတ် ၈၁ နှင့် ၈၆ တို့တွင် လွှတ်တော် မဲလက်မှတ်စာအုပ်များ မှားယွင်းထုတ်ပေးမိသည့်ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ရာတွင် မှားယွင်းထည့်သည့်မဲပုံးမှ မဲလက်မှတ်များကို ပယ်မဲပြုလုပ်ရမည့်အစား သက်ဆိုင်ရာမဲပုံးတွင်ထည့်သွင်း၍ ခိုင်လုံမဲအဖြစ် ထည့်သွင်းရေတွက်ဆောင်ရွက်ခြင်း၊ မဲရုံအမှတ် ၈၈တွင် ပယ်မဲအဖြစ် ဆောင်ရွက်ရမည့် မဲလက်မှတ်များကို ခိုင်လုံမဲအဖြစ် ရေတွက်ခြင်း၊ ရွေးကောက်ပွဲမတိုင်မီ ကြိုတင်ဆန္ဒမဲပေးမှုအင်အားများပြားစွာ ၁၀၀၀ ကျော်ခန့် ဆောင်ရွက်ရသဖြင့် ကြိုတင် ဆန္ဒမဲပေးသူစာရင်း ပုံစံ(၁၃)တွင် စာရင်းရေးသွင်းရန် ကျန်ရှိခြင်း၊ ကြိုတင်ဆန္ဒမဲပုံးနှင့်အတူ အပ်နှံရမည့် ပုံစံ(၁၃)စာရင်းများ အပ်နှံနိုင်မှုမရှိခြင်း အစရှိသည့် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့် ကိုက်ညီမှုမရှိသည့် ဖြစ်စဉ်များစွာ ဖြစ်ပေါ်ခဲ့ပါကြောင်း။ နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့အနေဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏နိုင်ငံတော်တာဝန်ထမ်းဆောင်ရာတွင် ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်ပါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် သက်ဆိုင်သည့် မဲစာရင်းစစ်ဆေးခြင်းအပါအဝင် လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်ရေးနှင့် အရေး ပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေဥပဒေ(၂၀၀၈ ခုနှစ်) နှင့် အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပရေးဆိုင်ရာ လုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ပြော ကြားသည်။ (ဆက်လက်ဖော်ပြပါမည်)