Skip to main content

Apr 06, 2025

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 05, 2025

KMH Generation Structural Design Group မှ Structure Design Engineer ဦးကျော်မျိုးဟန် ဦးဆောင်သော ကျွမ်းကျင်ပညာရှင်များသည် ငလျင်ဘေးသင့်ခဲ့သည့် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ရုံးအဆောက်အအုံပျက်စီးမှုနှင့် ကြံ့ခိုင်မှု ရှိ ၊ မရှိအခြေအနေကို ယနေ့နံနက်ပိုင်းတွင် လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 05, 2025

မြန်မာနိုင်ငံ၌ မတ် ၂၈ ရက်က အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဝန်ကြီးဌာနများမှ ဝန်ထမ်းများ ငလျင်ဘေးဒဏ်သင့်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ပြန်ကြားရေးဝန်ကြီးဌာနမှ ငလျင်ဘေးဒဏ်သင့်ဝန်ထမ်းများအား စောင်နှင့် ခြင်ထောင်များကို ပြန်ကြားရေးဝန်ကြီးဌာနရုံး၌ လာရောက်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 05, 2025

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် ဒုတိယဝန်ကြီးများသည် ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာနမှ ငလျင်‌‌ဘေးသင့်ဝန်ထမ်းများ ယာယီရွှေ့ပြောင်းနေထိုင်ရာနေရာများသို့ သွားရောက်ကြည့်ရှုအားပေး၍ ထောက်ပံ့ငွေများပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 05, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်သည် ဒုတိယဝန်ကြီးများလိုက်ပါ၍ ယနေ့ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် မတ် ၂၈ ရက်၌ ထိုင်းနိုင်ငံ၌ ငလျင်လှုပ်ခတ်မှုဖြစ်ပွားစဉ်အတွင်း အဆောက်အအုံပြိုကျမှုကြောင့် ထိခိုက်ဒဏ်ရာရရှိပြီး Phyathai Phaholyothin Hospital ၌ ဆေးကုသမှုခံယူလျက်ရှိသည့် မြန်မာနိုင်ငံသားများအား သွားရောက်ကြည့်ရှုအားပေးစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 05, 2025

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှအဖွဲ့ဝင် ၅၅ ဦးပါဝင်သည့် ကယ်ဆယ်ရေးနှင့်ဆေးဘက်ဆိုင်ရာအဖွဲ့သည် ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်သို့ရောက်ရှိပြီး ငလျင်ဒဏ်သင့်ပြည်သူများအား လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 05, 2025

မတ် ၂၈ ရက်တွင် ဖြစ်ပွားခဲ့သော ငလျင်ဒဏ်ကြောင့် နိုင်ငံ၏အဓိကလေဆိပ်ကြီးနှစ်ခုဖြစ်သော နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ရထားလမ်းပိုင်းအချို့နေရာများ၌ ပြိုကျပျက်စီးမှုများဖြစ်ပွားခဲ့သောကြောင့် ပို့ဆောင်ရေးလုပ်ငန်းများ ယာယီရပ်တန့်နေမှုနှင့် ဆက်သွယ်ရေးကွန်ရက်များ ယာယီချို့ယွင်းနေမှုတို့အပေါ် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် လူအင်အား၊ အရန်ပစ္စည်းများ၊ စက်ယန္တရားအင်အား၊ ထိရောက်သော ထောက်ပံ့ပို့ဆောင်မှုများကို အသုံးပြု၍ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေကြောင်း သတင်းထုတ်ပြန်ထားပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 05, 2025

မြန်မာနိုင်ငံ၌လှုပ်ခတ်ခဲ့သည့် ငလျင်ဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Center-DMC)၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၅)ကို ယနေ့မွန်းလွဲ ၂ နာရီတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌများဦးဆောင်၍ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 05, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် အဖွဲ့ဝင်များသည် မတ် ၂၈ ရက်တွင် အင်အားပြင်းထန်သည့် မြေငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု အခြေအနေတို့အား ဧပြီ ၃ ရက် ညနေပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Apr 05, 2025

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးနှင့် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့သည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ရုံးအမှတ်(၁၄)၌ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအားတွေ့ဆုံပြီး မတ် ၂၈ ရက်တွင်ဖြစ်ပွားခဲ့သည့် အင်အားအလွန်ပြင်းထန်သော ငလျင်ဒဏ်ကြောင့် ထိခိုက်မှုအပေါ်နိုင်ငံတော်က ဆက်လက်ဆောင်ရွက်ပေးမည့် အစီအစဉ်များ၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အစီအစဉ်များကို ဝန်ထမ်းများအား ရှင်းပြသည်။

ဆက်လက်ဖတ်ရှုရန်