Skip to main content
Jun 27, 2024
ဆောင်းပါး
၂၀၂၄ ခုနှစ် မေ ၁၆ ရက်က မြန်မာ့အသံနှင့်ရုပ်မြင်သံကြား အစည်းအဝေးခန်းမတွင် မြန်မာ့ဂီတနေ့ကျင်းပရေး၊ ဂီတအကယ်ဒမီဆုပေးပွဲကျင်းပရေးကိစ္စများနှင့်စပ်လျဉ်းပြီး ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးလွင်မြင့်နှင့် တာဝန်ရှိသူများ၊ သီးခြားဖိတ်ကြားထားသော ဂီတပညာရှင်များနှင့် တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာ့ဂီတနေ့ကို ရန်ကုန်မြို့၌ ၂၀၂၄ ခုနှစ် ဇွန် ၂၇ ရက်တွင် ဂီတလောကသားများအားလုံး စုစည်းညီညွတ်စွာဖြင့် အောင်မြင်အောင် ဆောင်ရွက်ခြင်းအားဖြင့် ဂီတစွမ်းရည်ကို ပြသနိုင်ရန်ဖြစ်ပါကြောင်း၊ ဂီတအကယ်ဒမီဆုပေးပွဲကို ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ကျင်းပလိုမှုအပေါ် အချိန်မီဆောင်ရွက်နိုင်ရေး အခြားပညာရှင်များကိုဖိတ်ခေါ်၍ အကြံဉာဏ်ရယူပြီး အသေးစိတ်စီစဉ်ဆောင်ရွက်ကြရန် မိန့်မှာချက်များကို မြန်မာ့ရုပ်မြင်သံကြားသတင်းနှင့် နေ့စဉ်ထုတ်သတင်းစာများတွင် ကြားမြင်ဖတ်ရှုရသည်။
Jun 27, 2024
ဆောင်းပါး
“အိမ်နီးချင်းထက် စိတ်ချရတဲ့မိတ်ဆွေနိုင်ငံဆိုတာမရှိပါဘူး။ အိမ်နီးချင်းဆိုတာ အရင်းအနှီးဆုံးနိုင်ငံ ဖြစ်ရမယ်။ အိမ်နီးချင်းကောင်းပဲဖြစ်ရမယ်။ နိုင်ငံအားလုံးနဲ့ အိမ်နီးနားချင်း ငါးနိုင်ငံနဲ့ ချစ်ကြည်အောင် ဆောင်ရွက်ပါတယ်။ တရုတ်နဲ့ မြန်မာကလည်း ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ်ကို ကမ္ဘာမှာစပြီး လက်မှတ်ရေးထိုးခဲ့တဲ့ နိုင်ငံတွေဖြစ်တယ်”
Jun 26, 2024
ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Jun 26, 2024
ဆောင်းပါး
လောကတွင် အကောင်းနှင့်အဆိုး၊ အလင်းနှင့်အမှောင် ဒွန်တွဲနေတတ်သော သဘောရှိသည့်အားလျော်စွာ လူငယ်များ၏ဘဝ တိုးတက်ဖွံ့ဖြိုးစေမည့် နည်းပညာများ ထွန်းကားလာသကဲ့သို့ အမှောင်ထုချောက်ကမ်းပါးထဲဆွဲချမည့် မူးယစ်ဆေးဝါးများသည်လည်း နည်းပညာများနှင့်အတူ ပိုမိုများပြားဆန်းကြယ်စွာ လူငယ်ထုလက်ထဲသို့ ရောက်ရှိနေသည်ကို တွေ့မြင်ကြရမည်ဖြစ်ပါသည်။ ထိုသို့သော ဆွဲဆောင်မှုအမျိုးမျိုးဖြင့် လူငယ်ထုတစ်ရပ်လုံးကို လမ်းမှားရောက်စေမည့် မူးယစ်ဆေးဝါးအန္တရာယ်ကို သတိရှိစွာဖြင့် ကာကွယ်တိုက်ဖျက်ရန်မှာ လူသားအားလုံး၏ အဓိကတာဝန်ပင် ဖြစ်ပါသည်။
Jun 26, 2024
ဆောင်းပါး
ကမ္ဘာဦးမှစတင်ပြီး လူသားတို့သည် နေထိုင်မှုပုံစံအမျိုးမျိုးဖြင့် သဘာဝဖြစ်စဉ် အထူးသဖြင့် ရာသီဥတုစနစ်နှင့် လိုက်လျောညီထွေဖြစ်စေရန် ကြိုးစားနေထိုင်ခဲ့ကြပါသည်။ ခေတ်အဆက်ဆက် တိုးတက်ပြောင်းလဲလာခဲ့ကြပြီး လူသားတို့၏ နေထိုင်မှုပုံစံသည်လည်း အဆင့်ဆင့်တိုးတက် ပြောင်းလဲလာခဲ့ပါသည်။ လူသားတို့၏ နေထိုင်မှုပုံစံတိုးတက်ပြောင်းလဲလာခြင်းတွင် လေအေးပေးစက်များသည်လည်း အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။
Jun 25, 2024
ဆောင်းပါး
ကျန်းမာရေးကောင်းမွန်မှသာ မိမိတစ်ဦးတည်း အတွက်ဖြစ်စေ၊ မိမိမိသားစုအတွက်ဖြစ်စေ၊ မိမိအဖွဲ့အစည်းအတွက်ဖြစ်စေ၊ မိမိနိုင်ငံအတွက်ဖြစ်စေ အကျိုးပြုနိုင်မည် ဖြစ်ပါသည်။ ယနေ့ခေတ် ကာလအခြေအနေတွင် လူအများကြုံတွေ့နေရသည့် ရောဂါများသည် ၎င်းတို့၏ လူနေမှုပုံစံများနှင့် တိုက်ရိုက်အချိုးကျလျက်ရှိပါသည်။
Jun 25, 2024
ဆောင်းပါး
၂၀၁၄ ခုနှစ် ပြည်ထောင်စုလူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းတွင် ပညာရေးကဏ္ဍ၌ စာတတ်မြောက်မှုနှုန်းမှာ ၈၉ ဒသမ ၅ ရာခိုင်နှုန်းခန့်ရှိသဖြင့် အသက် ၁၅ နှစ်နှင့် အထက် နိုင်ငံလူဦးရေ၏ ၁၀ ရာခိုင်နှုန်းမှာ စာမတတ်သူများဖြစ်နေကြောင်း ထုတ်ပြန်ထားပါသည်။ ထို့အတူ ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၏ ပညာရေးကဏ္ဍတွင် စာတတ်မြောက်မှုနှုန်းမှာ ၈၉ ဒသမ ၁ ရာခိုင်နှုန်းခန့်ရှိကြောင်း ထုတ်ပြန်ခဲ့သဖြင့် ယခင်ကထက်နိုင်ငံအတွင်း စာတတ်မြောက်မှုရာခိုင်နှုန်း အနည်းငယ်လျော့ကျလာကြောင်း တွေ့ရှိရပါသည်။
Jun 25, 2024
ယခုရက်ပိုင်းအတွင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres ၏ “မြန်မာနိုင်ငံတစ်ဝန်းတွင် အကြမ်းဖက်မှုများ တိုးလာနေသဖြင့် အလွန်စိုးရိမ်မိကြောင်း၊ ရခိုင် ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအပါအဝင် အရပ်သားအများအပြား သေဆုံးခဲ့ရသည့် မြန်မာစစ်တပ်၏ လတ်တလောတိုက်ခိုက်မှုများကို ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း၊ မြန်မာနိုင်ငံအနောက်ခြမ်းရှိ ရခိုင်တိုင်းရင်းသားများကို ပစ်မှတ်ထားသော နောက်ဆုံးဖြစ်ရပ်နှင့် ရိုဟင်ဂျာများ အပေါ်ဖိနှိပ်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းကို လူမှုအသိုင်းအဝိုင်းအားလုံးက အကာအကွယ်ပေးဖို့လိုကြောင်း”ပြောကြားချက်ကို အတွင်းရေးမှူး ချုပ်ရုံးကထုတ်ပြန်ခဲ့သည်။
Jun 25, 2024
ယခုနှစ်ပိုင်း နိုင်ငံပိုင်သတင်းစာများ၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ၊ စိတ်ကြွဆေးများ ဖမ်းဆီးရမှုသတင်းများကို နေ့စဉ်နှင့်အမျှ တွေ့မြင်ကြားသိနေရပြီး မူးယစ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့၏ ၂၀၂၃ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာအရ နိုင်ငံတစ်ဝန်း၌ မူးယစ်ဆေးဝါး အမှုပေါင်း ၆၅၃၉ မှု၊ တရားခံ ၈၈၅၃ ဦးနှင့် စုစုပေါင်း တန်ဖိုးငွေကျပ် ၁၀၅၇၇၆၃ ဒသမ ၁၉၉၃၄ သန်း (အမေရိကန်ဒေါ်လာ ၅၀၃ ဒသမ ၆၉၆ သန်း) တန်ဖိုးခန့် ဖမ်းဆီးရမိနေကြောင်း၊ ရှမ်းပြည်နယ်ရှိခရိုင်လေးခုမှ အဓိကပါဝင်နေပြီး စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမှုမှာ အများဆုံးဖြစ်ကြောင်းနှင့် ၂၀၁၆ ခုနှစ်မှ လက်ရှိအချိန်အထိ ရှမ်းပြည်နယ်မှထုတ်လုပ်သည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများနှင့် စိတ်ကြွဆေးများကို ရခိုင်ပြည်နယ်သို့ ကုန်းလမ်းမှသယ်ယူပို့ဆောင်ပြီး ပြည်ပသို့ ရေလမ်းခရီးပို့ဆောင်၍ ဖြန့်ဖြူးရောင်းချနေသည့် မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှု ၁၀ ကြိမ်အတွင်း ကျပ်သန်း ၂၉၄ ဒသမ ၁၂ ဘီလီယံ (အမေရိကန် ဒေါ်လာသန်း ၁၄၀၀‌ ကျော်) ရှိကြောင်း၊ လူမသိသည့် သာမန်မီးဖိုချောင်တစ်ခုမှအစပြု၍ ဓာတုဆေးဝါး ပစ္စည်းမျိုးစုံနှင့် ရောစပ်ပြီး ဆေးပြားရိုက်စက်ကို အသုံးပြုကာစိတ်ကြွဆေးများ အလွယ်တကူထုတ်လုပ်‌ဖြန့်ဖြူး ရောင်းချနေကြောင်းများလည်း ကြားသိနေရသောကြောင့် ဤမကောင်းဆိုးဝါး မူးယစ်ဆေးဝါးများနှင့် ယင်းတို့ကိုပြုလုပ်နိုင်သည့် အန္တရာယ်ရှိဓာတုပစ္စည်းများ (Hazardous Chemicals) အကြောင်းကို အများပြည်သူ သိရှိ ရှောင်ရှားနိုင်စေရန်အတွက် ၂၀၂၄ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် (၃၇) နှစ်မြောက် “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့”အထိမ်း အမှတ်အခမ်းအနားကို ဂုဏ်ပြုကြိုဆိုလျက် ဤဆောင်းပါးကို အကျယ်တဝင့်ရေးသားဖော်ပြ ရခြင်းဖြစ်ပါသည်။ အဓိကဦးတည်ချက်ဖြစ်သည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ၊ စိတ်ကြွဆေးများအကြောင်းမတင်ပြမီ အဆိုပါကိစ္စများကို အဓိကကိုင်တွယ်ထိန်းသိမ်း ဖြေရှင်းဆောင်ရွက်နေရသော တာဝန်အရှိဆုံးအဖွဲ့ အစည်းဖြစ်သည့် ပြည်ထဲရေးဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဖြစ်ပေါ်လာပုံနှင့် ဖွဲ့စည်းတည်ဆောက်ထားရှိမှု အခြေအနေများကို ဦးစွာတင်ပြလိုပါသည်။
Jun 25, 2024
ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။