“ဘဘတို့ ကဗျာသာဓကတွေ တော်တော်များများ ကြည့်ပြီးပြီဆိုတော့ ဒီတစ်ခါ စကားပြေဘက်ကို လှည့်ကြဦးစို့”
“ဟုတ်ကဲ့ပါ ဘဘ”
“ဆရာသိပ္ပံမောင်ဝရဲ့ အဆိုအမိန့်တစ်ခုရှိတယ်ကွဲ့။ စာရေးရာမှာ အကြောင်းအရာနဲ့ အရေးအသား လိုက်ဖက်ရင် ကောင်းတယ် ဆိုတာကို သာဓကဆောင်ထားတာလေ။ ဘယ်လိုပြောသလဲဆိုတော့ မင်္ဂလာဆောင်မှာ ဖတ်မယ့် ဩဘာစာကို ဝါကျတိုတိုကလေး တွေနဲ့ရေးရင် လူရယ်စရာဖြစ်မယ်...တဲ့။ အဲဒီလိုပဲ ရန်ဖြစ်တဲ့အကြောင်း၊ မီးလောင်လို့ ပြေးရလွှားရတဲ့အကြောင်းကို ရေးတဲ့အခါ မင်္ဂလာဩဘာစာလို ဖွဲ့ ဖွဲ့နွဲ့နွဲ့ရေးနေရင်လည်း လူရယ်စရာဖြစ်မယ်... တဲ့”
“ဪ... ဟုတ်ကဲ့ပါ။ မှတ်သားစရာပဲနော် ဘဘ”
“နှင်းယွန်းခါဟေမာန်၊လေပြန်သွင်းလှုံ့ ညင်းညံညံတိမ်ယံကွန့်ဆိုင်း၊ အို…လေ မျှော်လေတိုင်း မှိုင်းမှုန်ဝေ”ဆောင်းကုန်တော့မည်။
ရာသီကုန်ဆုံး၍ နှုတ်ဆက်သည့်အလား ဟန်ရေးပြနေသည့် မြူခိုးပြာပြာ၊ တောင်ခိုးလဲ့လဲ့၊ ငွေနှင်းဖြူဖြူများက ပြင်စည်မင်းသားကြီး၏ နှင်းယွန်းခါဟေမာန်တောဘွဲ့ ယိုးဒယား သီချင်းထဲကလို အုံ့မှိုင်းဝေဆိုင်းနေသည်။ သည်ရာသီမျိုး ခရီးသွားရသည်က လွန်စွာကြည်နူးစရာ ကောင်း၏။ လမ်းတစ်လျှောက် မြင်တွေ့ရသည့် နှင်းသောက် နံနက်ခင်း အလှများက ကြည်လင်လှပနေသည်။ သွားရမည့်ခရီးက ရှည်လျားသည့်တိုင် တောတောင်သဘာဝ ရှုခင်းအလှများ ကိုတစ်ဝကြီး ကြည့်ရှုခံစားရမည်ဖြစ်၍ အပန်းဖြေခရီးတစ်ခုဟုပင် မှတ်ယူမိသည်။
သမိုင်းဦးလူသားတို့သည် ကျောက်ခေတ်သစ်ကတည်းက အိုးလုပ်တတ်ခဲ့ကြရာ အိုးလုပ်သည့် အတတ်ပညာမှာ ခေတ်ဦးလူသားတို့၏ ကြီးစွာသော လက်မှုဆိုင်ရာ တီထွင်အောင်မြင်မှု တစ်ရပ်ပင် ဖြစ်သည်။
2019 nCoV ဗိုင်းရပ်စ်ကို အများပြည်သူတို့ အထူးစိတ်ဝင်စားနေကြပြီဖြစ်သည်။
၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာ့လူဦးရေသည် ယခုလက်ရှိ ၇ ဒသမ ၅ ဘီလီယံထက် ၃၁ ရာခိုင်နှုန်း မြင့်တက်လာပြီး ၉ ဒသမ ၈ ဘီလီယံအထိ ရောက်ရှိနိုင်ကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြထားသည်။ အိန္ဒိယနိုင်ငံသည် ၁ ဒသမ ၇ ဘီလီယံဖြင့် ကမ္ဘာ့လူဦးရေအများဆုံး ဖြစ်လာ နိုင်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံက ၁ ဒသမ ၃ ဘီလီယံ ဖြင့် ဒုတိယနေရာတွင် ရှိလာနိုင်သည်ဟုလည်း ဖော်ပြထား သည်။
၂၀၅၀ ပြည့်နှစ်တွင် ၃၉ နိုင်ငံရှိ လူဦးရေသည် ၂၀၁၇ ခုနှစ်အောက် လျော့နည်းနိုင်ပြီး အာဖရိကတိုက်ရှိ နိုင်ငံ ၃၀ တွင်မူ လူဦးရေ နှစ်ဆခန့် မြင့်တက်လာဖွယ်ရှိကြောင်း၊ အမေရိကန်ပြည်ထောင်စုမှာမူ ၃၂၅ သန်းမှ ၃၇၉ သန်း အထိ တိုးလာနိုင်ကြောင်းလည်း ဖော်ပြထားသည်။
ပြီးခဲ့တဲ့ စနေနေ့က မြန်မာဟာသ ဗီဒီယိုကားလေး တစ်ခု ကို ကြည့်ဖြစ်တယ်။ ဇာတ်လိုက်က ဆင်းရဲသားဖြစ်တဲ့ သ
ဆင်းကတ်များ မှတ်ပုံတင်ခြင်း
မောင်လွမ်းရည် (ရွှေတောင်)
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ (၁၀)
ရွေးကောက်ပွဲနှင့် အသုံးပြုသည့်နည်းစနစ်
နိုင်ငံတော်တည်ဆောက်ရာတွင် နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဟူသည့် မဏ္ဍိုင်ကြီးသုံးရပ်ဖြင့် အချင်းချင်း အပြန်အလှန်ထိန်းကျောင်း ဆောင်ရွက်သည်ဟု ဆိုထားရာ ဥပဒေဆိုင်ရာ အကြောင်းအရာများကို ပြည်သူများ သိရှိလေ့လာနိုင်ရန် စာရေးသူ မောင်စာဂ၏ ဥပဒေနှင့်စပ်ဆိုင်သော ဆောင်းပါးများကို ဖော်ပြပေးသွားပါမည်။ ဆောင်းပါးတွင် ပါရှိသည့် အကြောင်းအရာများသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။ (စာတည်းအဖွဲ့)
ကင်းထောက်ဆိုသည်မှာ ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို ကင်းထောက်ချုပ် ဒေါက်တာတင်ညို၊ ဒုတိယကင်းထောက်ချုပ် ဦးသာစိန်၊ အပြည်ပြည်ဆိုင်ရာ ကင်းထောက်မှူးချုပ် ဦးမောင်မောင်ဝင်း၊ သီဟကင်းထောက်ကြီး ဦးကျော်၊ ကင်းထောက်ကြီး အလင်္ကာကျော်စွာ၊ ဂီတစာဆို ဟင်္သာတမြင့်ငွေနှင့် ကင်းထောက်အစီအစဉ်မှူးချုပ် ဦးအေးကြိုင်တို့ပါဝင် ဆွေးနွေးခဲ့ကြသည်များကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက ရိုက်ကူးထုတ်လွှင့်ခဲ့သည်။ အဆိုပါစကားဝိုင်းတွင် ဆွေးနွေးခဲ့ကြသည်များကို ဖော်ပြအပ်ပါသည်။
ဦးအေးကြိုင်။ ။ ကျွန်တော်တို့ ကင်းထောက်သမိုင်း အစကို ကင်းထောက်ချုပ် ဒေါက်တာ တင်ညိုကနေ စတင်ဆွေးနွေးပေးဖို့ ဖိတ်ခေါ်ပါတယ်။
