Sep 23, 2025
ကျွန်တော်တို့နိုင်ငံသည် ရှေးနှစ်ပေါင်းထောင်ချီမှ မြန်မာမင်းများတည်ဆောက်အစပြုခဲ့သော အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး အေးအတူပူအမျှ တစ်ဦးနှင့်တစ်ဦး ချစ်ကြည်ရင်းနှီးစွာ ရှေးပဝေသဏီကတည်းက အတူတကွနေထိုင်ခဲ့ကြသော နိုင်ငံလည်းဖြစ်ပါသည်။ တိုင်းရင်းသားတစ်ဦးနှင့်တစ်ဦး ယုံကြည်စွာကူးလူးဆက်ဆံခြင်း၊ လူမျိုးစွဲ၊ ဝါဒစွဲ၊ ဒေသစွဲမထားရှိဘဲ ငြိမ်းချမ်းစွာအတူတကွနေထိုင်ခြင်း၊ ချစ်စရာကောင်းသည့် အမူအကျင့်များဖြင့် ပေါင်းစည်းခြင်း စသည်ဖြင့် ပြည်ထောင်စုစိတ်ဓာတ်အရင်းခံ၍ ဥမကွဲသိုက်မပျက်တင့်တယ်စွာ နေထိုင်လျက်ရှိပါသည်။
Sep 23, 2025
မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်နေပြည်သူများဖြစ်ပြီး လယ်ယာစိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်ကြကာ ဆန်စပါးသည် နိုင်ငံသားများ၏ အဓိကစားသုံးသီးနှံဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ဧရိယာအကျယ်အဝန်း ၁၆၇၁၈၅၈၂၄ ဧက ရှိသည့်အနက် ၂၀၂၄-၂၀၂၅ စိုက်ပျိုးရာသီကုန်၌ စိုက်ပျိုးမြေဧရိယာတည်ရှိမှုအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
Sep 23, 2025
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟေလုံကျန်းပြည်နယ် ဟာပင်းမြို့ကို အလုပ်သဘော ခရီးရောက်ရှိခဲ့သည့် နိုင်ငံတော်အကြီးအကဲနှင့်အဖွဲ့သည် ထိုမြို့တွင်တည်ရှိသော Beidahaung Smart Agriculture Exhabition Center ၌ ပြသသည့် ခေတ်မီဒစ်ဂျစ်တယ် လူမဲ့နည်းပညာ AI ဉာဏ်ရည်တုစနစ်အသုံးပြု စိုက်ပျိုးရေးပြုပြင်ပြောင်းလဲနေမှုများ၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုများကို လေ့လာခွင့်ရခဲ့ခြင်းက မိမိနိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးကဏ္ဍအတွက် အလွန်တန်ဖိုးရှိလှပါသည်။
Sep 22, 2025
ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Sep 21, 2025
ဩဂုတ်လ ၃၁ ရက်မှနေ့သည် စက်တင်ဘာလ ၇ ရက်နေ့အထိထုတ်ဝေခဲ့သော နိုင်ငံပိုင်သတင်းစာ များကို ကျွန်တော်မှတ်မှတ်ရရ ရွေးထုတ်လျက်ရှိသည်။ သာမန်အားဖြင့်ဆိုမူ ဖတ်ရှုပြီး သတင်းစာအဟောင်းများကို စက္ကူအဟောင်းဝယ်သူထံ ပိဿာချိန်ဖြင့် ပြန်လည်ရောင်းချလေ့ရှိသော်လည်း မှတ်တမ်းမှတ်ရာအဖြစ်ထားရှိရမည့်၊ ထားရှိသင့်သည့် သတင်းစာအချို့ကိုမူ သီးသန့်ဖိုင်တွဲ၍ သိမ်းဆည်းထားလေ့ရှိပါသည်။
Sep 21, 2025
ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပြည်တွင်းပညာရှင်များ တီထွင်ထုတ်လုပ်ထားသည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များ အသုံးပြု၍ ဆန္ဒမဲပေးနိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စီစဉ်ဆောင်ရွက်လျက်ရှိပြီး ရွေးကောက်ပွဲတွင် မဲရုံအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်မည့်သူများအား “မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း” သင်တန်းများကို မြို့နယ်အသီးသီးတွင် ဖွင့်လှစ်ပို့ချပေးလျက်ရှိပါသည်။
Sep 20, 2025
မြန်မာနိုင်ငံမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးဟာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ အန္တိမရည်မှန်းချက်ဖြစ်တယ်လို့ နိုင်ငံတော်အကြီးအကဲက ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့မှာ မှတ်ပုံတင်ခွင့်ပြုထားတဲ့ နိုင်ငံရေးပါတီတွေက တာဝန်ရှိသူတွေနဲ့တွေ့ဆုံစဉ် ရှင်းလင်းပြောကြားခဲ့ပါတယ်။ ပြည်သူတွေရဲ့ မဲပေးပိုင်ခွင့်မဆုံးရှုံးစေဖို့နဲ့ စည်းစနစ်ကျနမှုရှိတဲ့ ရွေးကောက်ပွဲတစ်ရပ်ဖြစ်မြောက်စေဖို့ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း ကတိပြုထားပါတယ်။
Sep 19, 2025
မန္တလေးတက္ကသိုလ် သင်္ချာပါမောက္ခဆရာကြီး ဦးနက်၏ သင်ကြားပုံတစ်ခုကို သတိတရ ရေးပြချင်ပါသည်။ ဆရာကြီးက မန်းရာပြည့်ကျင်းပသည့် ကာလကတက္ကသိုလ်ပရိဝုဏ်အတွင်း ကိုယ်တိုင် ရေဒီယိုတည်ထောင်အသံလွှင့်ခဲ့သည်ဟု တပည့်များ သိခဲ့ရပါသည်။
Sep 19, 2025
၂၀၂၅ ခုနှစ်သည် ကုလသမဂ္ဂတည်ထောင်ခြင်း နှစ် ၈၀ ပြည့် နှစ်ပတ်လည်နေ့ဖြစ်သည်။ လွန်ခဲ့သည့် နှစ် ၈၀ ကျော်က ကမ္ဘာစစ်ကြီးနှစ်ခု၏ နာကျင်ဖွယ်ရာ သင်ခန်းစာများကို လေးနက်စွာ တွေးတောဆင်ခြင်မှုအပေါ်အခြေခံ၍ နိုင်ငံတကာအသိုက်အဝန်းက ကုလသမဂ္ဂကိုတည်ထောင်ရန် ဆုံးဖြတ်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု၏ လက်တွေ့ကျလုပ်ဆောင်မှု အသစ်တစ်ရပ်ကို စတင်ခဲ့သည်။
Sep 18, 2025
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (Shanghai Cooperation Organisation-SCO) ဆိုတာ အဓိပ္ပာယ်များစွာရှိတဲ့၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် အလားအလာကောင်းများစွာရှိတဲ့ နိုင်ငံတကာအဖွဲ့အစည်းကြီးတစ်ခုဖြစ်ပါတယ်။ ရှန်ဟိုင်းစိတ်ဓာတ်အပေါ်အခြေခံထားတဲ့ SCO အဖွဲ့ရဲ့ ထိပ်သီးအစည်းအဝေးကို ဩဂုတ်လ ၃၁ ရက်နဲ့ စက်တင်ဘာလ ၁ ရက်တုန်းက တရုတ်နိုင်ငံ တီယန်ကျင်းမြို့မှာ အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါပြီ။ အဲဒီအစည်းအဝေးကို အိမ်ရှင်ဖြစ်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်၊ အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာနာရန်ဒရာမိုဒီတို့လိုမျိုး ဂုဏ်သိက္ခာမြင့်မားတဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံများမှ ခေါင်းဆောင်များအပါအဝင် နိုင်ငံပေါင်း ၂၀ ကျော်မှ နိုင်ငံ့ခေါင်းဆောင်များကိုယ်တိုင် တက်ရောက်ခြင်းဖြင့် အစည်းအဝေးက မြိုင်မြိုင်ဆိုင်ဆိုင်နဲ့အောင်မြင်ခဲ့ပါတယ်။ ဒါသည်လည်း SCO အဖွဲ့ရဲ့ စည်းလုံးညီညွတ်မှုအားကို ဖော်ပြနေတာဖြစ်တယ်လို့ ဆိုရမှာပါ။
