Skip to main content
Nov 06, 2023
ယခုတစ်လောတွင် အွန်လိုင်းလိမ်လည်မှုများ ပိုမိုမြင့်မားလာလျက်ရှိသကဲ့သို့ ဖမ်းဆီးရမိသည့် သတင်းများကိုလည်း သတင်းစာများတွင် မကြာခဏ ဖတ်ရှုရပါသည်။ Analytics Insight ၏ ၂၀၂၃ ခုနှစ် နှစ်ဆန်းမှတ်တမ်းများအရ ကမ္ဘာတစ်ဝန်း အွန်လိုင်းပေါ်၌ လိမ်လည်လှည့်ဖြားမှု အများဆုံး ကျူးလွန်သည့် ၁၀ နိုင်ငံမှာ အစဉ်လိုက်အားဖြင့် နိုင်ဂျီးရီးယား၊ ဂါနာ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ရိုမေးနီးယား၊ ရုရှား၊ တောင်အာဖရိက၊ ယူကရိန်းနှင့် အမေရိကန်ပြည်ထောင်စုတို့ဖြစ်သည်ဟု ဆိုသည်။ တစ်နိုင်ငံနှင့်တစ်နိုင်ငံ အွန်လိုင်းပေါ်ကျူးလွန်သည့် ပြစ်မှုအမျိုးအစားများမှာ မတူညီကြပေ။
Nov 06, 2023
01
ပဲခူးရိုးမမှ မြစ်ဖျားခံစီးဆင်းလာသော ရဲနွယ်ချောင်း၊ ဘိုင်းဒါးချောင်းတို့သည် ညောင်လေးပင်မြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းကာ စစ်တောင်းမြစ်အတွင်း စီးဝင်သွားသည်။ ရိုးမကို မြစ်ဖျားခံစီးဆင်းလာသော မြစ်ချောင်းများ၏ ရေချိုအရင်းအမြစ်ကို အလဟဿမဖြစ်စေဘဲ စိုက်ပျိုးရေးအတွက် အကျိုးရှိရှိအသုံးချသွားနိုင်ရန် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနသည် စီမံဆောင်ရွက်ခဲ့ရာ ရဲနွယ်ရေလှောင်တမံကို (၂၀၀၆-၂၀၀၇)ခုနှစ်တွင် လည်းကောင်း၊ ဘိုင်းဒါးချောင်းတွင် ဘိုင်းဒါးရေလှောင်တမံကို (၂၀၀၂-၂၀၀၃)ခုနှစ်တွင်လည်းကောင်း အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည်။
Nov 06, 2023
01
ရှမ်းပြည်နယ်သည် ၁၉၇၃ ခုနှစ် မြန်မာနိုင်ငံကို အိန္ဒိယနိုင်ငံမှ ခွဲထွက်ပြီးနောက် တောင်ကြီး မြို့နယ်တွင် ဗဟိုပြု၍ တိုင်းမင်းကြီးက အုပ်ချုပ်ခဲ့သည်။
Nov 06, 2023
နယ်စပ်ရေးရာဝန်ကြီးဌာနသည် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ နှစ်နိုင်ငံအစိုးရ ချင်း ပူးပေါင်းဆောင်ရွက်ခြင်း (Government to Government)၊ ကုလသမဂ္ဂအဖွဲ့အစည်းများ (UN Agencies) နှင့် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ (INGO) နှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြစ်သည်။
Nov 06, 2023
၁၉၅၉ ခုနှစ်၊ မေလ ၁၅ ရက်နေ့။ ရှမ်းရိုးမမှာ နှင်းရည်ခန်းလို့ မိုးပန်း​တွေကျဆင်းတဲ့ ဝသန္တရာသီတွင်းကို ချင်းနင်းစအချိန် လင်းအရုဏ် မြူးကြွစ ကြည်နူးစရာ ဒီအချိန်မှာ မြူခိုးပန်းကို ဆင်မြန်းထားကြတဲ့ ရှမ်းရိုးမတောင်တန်းကြီး​တွေကို မပီဝိုးတဝါး မြင်နေရတဲ့အချိန် စစ်မြေတစ်နေရာမှာ လွမ်းမောဖွယ်ရှုခင်းတွေကို ကြည်နူးနေစဉ်မှာ သဲသဲမဲမဲပေါက်ကွဲသွားကြတဲ့ ၈၁ မီလီမီတာ စိန်ပြောင်းသံ​တွေကြောင့် နံနက်စောစော အိပ်မောကျနေတဲ့ ဝမ်တုံခေါ် မိုင်ဖုံးဒေသကလေးကို လှုပ်နှိုးလိုက်သလို ရှိတော့တယ်။
Nov 05, 2023
လူဆိုသည်မှာ တစ်ဦးတည်း၊ တစ်‌ယောက်တည်းခွဲ၍ နေထိုင်ကျက်စားနိုင်သော သတ္တဝါအမျိုးအစား  မဟုတ်ပါ။ ပတ်ဝန်းကျင်အသိုင်းအဝိုင်းနှင့်စုဖွဲ့၍ နေထိုင်ကျက်စားသော သတ္တဝါအမျိုးအစား ဖြစ်သည်။
Nov 05, 2023
ဆောင်းပါး
စားသုံးဆီသည် လူသားတို့ နေ့စဉ် စားသောက်နေသော အစားအစာများထဲတွင် အင်အားဓာတ်ကို ပေးစွမ်းနိုင်သော ပင်မရင်းမြစ်တစ်ခုဖြစ်ပါသည်။ ဆီထွက်ပင်ရင်းအပေါ် မူတည်ပြီး အပင်ထွက်ဆီ (Vegetable Oil) နှင့် တိရစ္ဆာန်ထွက်အဆီ (Animal Fat) ဟူ၍ နှစ်မျိုးခွဲခြားထားရာ နေ့စဉ် ချက်ပြုတ်စားသောက်ကြရာ၌ အပင်ထွက်ဆီများကိုသာ အများဆုံး အသုံးပြုကြသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။
Nov 05, 2023
လေ့လာမှုစစ်တမ်းအရ ကျေးလက်အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးသည် ကျေးလက်နေပြည်သူများ၏ လူမှုဘဝတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတို့အတွက် မရှိမဖြစ် အရေးပါလျက်ရှိသည်ကို တွေ့ရှိရပြီး အင်ဒိုနီးရှားနိုင်ငံအပါအဝင် အခြားနိုင်ငံများတွင်လည်း အခြေခံအဆောက်အအုံဖွံ့ဖြိုးမှုသည် ကျေးလက်ဒေသဆင်းရဲနွမ်းပါးမှုကို သိသိသာသာလျော့ကျသွားစေကြောင်း တွေ့ရှိရသည်။ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးဆောင်ရွက်ရာတွင် နိုင်ငံတော်အဆင့်အနေဖြင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုး တိုးတက်ရေးကို ကျေးလက်ဒေသများတွင် စဉ်ဆက်မပြတ် ဦးတည်ဆောင်ရွက်ခြင်း၊ ဗဟိုချုပ်ကိုင်မှုစနစ်ကိုဖြေလျှော့ပြီး ဒေသဆိုင်ရာအစိုးရများက ဦးဆောင်၍ ကျေးလက်ဒေသအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားဆောင်ရွက်ခြင်းတို့ကို မူဝါဒပိုင်းအရချမှတ်သင့်ပါကြောင်း အကြံပြုတင်ပြထားရှိသည်ကို လေ့လာတွေ့ရှိရပါသည်။
Nov 04, 2023
ဆောင်းပါး
အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် အကြီးဆုံးကျွန်းစုနိုင်ငံဖြစ်ပြီး စတုရန်းမိုင်ပေါင်း ၇၃၅၃၅၈ မိုင်(စတုရန်းကီလိုမီတာ ၁၉၀၄၅၆၉)ရှိသောကြောင့် ကုန်းမြေဧရိယာအားဖြင့် ကမ္ဘာပေါ်တွင် ၁၄ ခုမြောက် အကြီးဆုံးနိုင်ငံဖြစ်သည်။ လူဦးရေ ၂၆၁ သန်းခန့်နေထိုင်ကြခြင်းကြောင့် ကမ္ဘာပေါ်တွင် စတုတ္ထမြောက် လူဦးရေအများဆုံးနိုင်ငံလည်းဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံ၏ အဓိကကုန်သွယ်ဖက်နိုင်ငံများမှာ တရုတ်နိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ ဂျပန်နိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ဖြစ်ကြသည်။
Nov 03, 2023
ဆောင်းပါး
နှစ်ထောင်ချီကြာ အရှေ့အလယ်ပိုင်းသမိုင်းနဲ့အတူ ရှည်လျားလှတဲ့ အစ္စရေး - ပါလက်စတိုင်း ပဋိပက္ခ အဆိုးသံသရာအောက်မှာ ကွဲပြားနေတဲ့ အစွန်းရောက်အမြင်တွေနဲ့ သံသယအာဃာတတွေကြောင့် တစ်ကျော့ပြန် ထတောက်ခဲ့တဲ့စစ်မီးဟာ ၂၅ ရက် ရှိသွားခဲ့ပါပြီ၊၊