Skip to main content
Sep 21, 2023
ဆောင်းပါး
၁၉၉၃ ခုနှစ် စက်တင်ဘာလ ၂၄ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သော အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)သည် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင် နှစ် (၃၀) ပြည့်၍ ပုလဲရတုတိုင်ခဲ့ပြီဖြစ်သည်။
Sep 21, 2023
ဆောင်းပါး
ယနေ့အချိန်အခါတွင် မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုး၊ မိမိတို့ အမျိုးသားယဉ်ကျေးမှုဂုဏ်သိက္ခာနှင့်တန်ဖိုးကို အလေးထားမြတ်နိုးပြီး ကမ္ဘာတည်သရွေ့ အဓွန့်ရှည်အောင် လက်ဆင့်ကမ်း သယ်ဆောင်သွားနိုင်ရေး ရည်ရွယ်ချက်ဖြင့် ၂၀၂၃ ခုနှစ်တွင် ကျင်းပမည့် (၂၄) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နေကြသည်ကို တွေ့ရသည်။
Sep 21, 2023
လူဆိုတာ ချမ်းသာချင်ကြတာပဲ။ ချမ်းသာချင်တော့ စီးပွားရှာတယ်။ စီးပွားကောင်းကောင်းရှာဖို့ လောဘတော့ရှိရမယ်။ လောဘရှိမှ စီးပွားရှာလို့ရမယ်၊ မှန်ပါတယ်။ လောဘမရှိဘဲနဲ့တော့ ဘယ်လိုလုပ်စီးပွားဖြစ်ပါ့မလဲ။ ဒါက စီးပွားလောဘနဲ့ပတ်သက်တဲ့ သာမန်အသိ။ ဒီလိုသာမန်အသိလေးမှာ တရားမှု မတရားမှု၊ ရောင့်ရဲမှု မရောင့်ရဲမှု၊ မျှတမှုနဲ့ အစွန်းရောက်မှု၊ အလွန်အကျွံ စတဲ့အပိုင်းအခြားလေးတွေကို မှန်မှန်ကန်ကန်ပိုင်းခြားပြီး စီးပွားရှာနိုင်ပြီ၊ လုပ်တတ် ကိုင်တတ်ပြီဆိုရင်တော့. . . သာမန်အသိမှသည် မှန်ကန်သောအသိနဲ့ မှန်မှန်ကန်ကန်၊ သန့်သန့်ရှင်းရှင်းနဲ့ အသက်မွေး၀မ်းကျောင်းပြုခြင်းမည်တဲ့ သမ္မာ အာဇီ၀နဲ့ စီးပွားရှာခြင်းလို့ သတ်မှတ်လို့ရပါပြီ။
Sep 20, 2023
ဆောင်းပါး
မွေးမြူထုတ်လုပ်ရေးလုပ်ငန်းတွင် တိရစ္ဆာန်အစာသည် အဓိကအခန်းကဏ္ဍမှပါဝင်နေပေရာ မွေးမြူထုတ်လုပ်ရေးနည်းပညာများ ခေတ်မီတိုးတက်လာသည်နှင့်အမျှ တိရစ္ဆာန်အစာလုံလောက်ရုံမျှနှင့် မပြည့်စုံနိုင်ဘဲ ၎င်းတိရစ္ဆာန်အစာများမှ မည်မျှအသုံးချနိုင်မှုရှိသည် (Digestibility) သို့မဟုတ် မည်မျှ အကျိုးသက်ရောက်မှုရှိသည် (Net Energy)တို့ကို သိရှိရန်လိုအပ်ပေသည်။
Sep 20, 2023
သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာတွေ အားကောင်းလာတဲ့ခေတ်ကာလမှာ ကောင်းကျိုးတွေနဲ့အတူ ဆိုးကျိုးတွေပါလာတတ်တာကို တွေ့ရမှာဖြစ်ပါတယ်။ အဆိုးတွေကြောင့် အမှန်တရားတွေ တိမ်သလာဖုံးသလို အမှန်ကို ရှာရဖွေရခက်လာတတ်ပါတယ်။ ဒါကြောင့်လည်း ‘အမှန် တရားက ဖိနပ်စီးဖို့လုပ်နေတုန်း အမှားက ကမ္ဘာတစ်ပတ်ပတ်ပြီးပြီ’လို့ ပြောလာကြပါတယ်။ “ကိုယ့်ရှူးကိုယ်ပြန်ပတ်” “ကိုယ့်အတတ်ကိုယ်ပြန်စူး”ဆိုသလို နည်းပညာတွေ စတင်ဖန်တီးခဲ့တဲ့ နိုင်ငံကြီးတွေဟာလည်း နည်းပညာကြောင့်ပဲ သူ့နိုင်ငံရဲ့အကျိုးစီးပွားကို ထိခိုက်လာတာကြောင့် အကာအကွယ်အတားအဆီးတွေ ပြုလုပ်နေကြတာ တွေ့ရမှာဖြစ်ပါတယ်။
Sep 19, 2023
“မိုခါ” မုန်တိုင်းဒဏ်သင့်ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ချက်များ (၁၄) (ရခိုင်ပြည်နယ်အစိုးရအဖွဲ့)
ရခိုင်ပြည်နယ်အတွင်းသို့ “မိုခါ” မုန်တိုင်း ဝင်ရောက်တိုက်ခတ်သည့် အချိန်ကာလမှာ စက်တင်ဘာ ၁၄ ရက်က လေးလပြည့်ခဲ့ပြီ။ မုန်တိုင်းဒဏ်သင့် မေလ ၁၄ ရက်နေ့ မှ ယနေ့ချိန်အထိ ကာလတစ်လျှောက်လုံး နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှု၊ အနီးကပ်ကြီးကြပ်ကွပ်ကဲနေသော ပြည်ထောင်စုဝန်ကြီးများနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ကဏ္ဍအလိုက် ပူးပေါင်းကူညီဆောင်ရွက်မှုများ၊
Sep 18, 2023
ဆောင်းပါး
မြကမ္ဗလာ ခင်းထားသကဲ့သို့ စိမ်းစိုနေသော စပါးပင်များကို မျှော်ကြည့်ရင်း တောင်သူ ဦးစိုးတင့် သည် စပါးအထွက်ကောင်းမည်ဟု သုံးသပ်ရင်း စပါးပေါ်ချိန် ငွေပေါ်ချိန်အတွက် ကြိုတင်ပြုံးပျော်နေသည်။ တောင်သူဦးစိုးတင့်၏ လယ်ယာမြေသည် မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် ပုဂံမျှော် ကျေးရွာတွင်တည်ရှိပြီး ပုလင်းရေလှောင်တမံမှ စိုက်ပျိုးရေရရှိသည့်အတွက် သီးနှံရာသီပတ်လုံး စိုက်ပျိုးနိုင်သည်။
Sep 18, 2023
ဆောင်းပါး
အေးမြသောတောင်ပေါ်ဒေသ ချင်းတို့ဌာနေ၏ တောင်တန်း၊ တောင်စောင်းများ၊ ဆင်ခြေလျှောလှေကားထစ်စိုက်ခင်းများ၊ တောင်ယာခင်းများရှိ ကောင်းမွန်သောမြေဆီလွှာပေါ်၌ သဘာဝအတိုင်း စိုက်ပျိုးရှင်သန်ကြသည့် ဝဥများသည် အရည်အသွေးထူးကဲကောင်းမွန်လှသည်ဖြစ်ရာ ပြည်တွင်းသာမက ပြည်ပပို့ကုန် စက်မှုကုန်ကြမ်းသီးနှံ ဒေသထုတ်ကုန်တစ်ခုအဖြစ် တည်ရှိနေသည်။
Sep 18, 2023
ဆောင်းပါး
“ကိုအောင်ရေ- ညနေ ရုပ်မြင်သံကြားသတင်းမှာ မင်းတို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန (၂၅) ကြိမ်မြောက်စကားဝိုင်းမှာ ပုစွန်မွေးမြူရေး တိုးချဲ့ဆောင်ရွက်ကြဖို့ ဆွေးနွေးကြတဲ့ သတင်းပါလာတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကလည်း မင်းတနင်္သာရီတိုင်းကိုသွားပြီး ပုစွန်မွေးမြူရေးကန်တွေကို လိုက်ပြီးစစ်၊ ပုစွန်မွေးမြူရေးသမားတွေနဲ့ တွေ့ဆုံတဲ့သတင်းတွေ ဖတ်လိုက်ရတယ်။ မင်းတို့လိုင်းက ပုစွန်ဘက်ကို ပြောင်းသွားတာလား။”
Sep 17, 2023
မကောင်းမှုဒုစရိုက်များ ကြီးစိုးရာသည် အမှောင်လောက၊ အမှောင်လောကသားများ တွင်ကျယ်ရာသည် မြေအောက်လောက။ အပြန်အလှန် အမှီသဟဲပြုနေသည့် သဘောတရားတစ်ခုကို တရားဥပဒေစိုးမိုးမှုနှင့် လုံခြုံမှုကင်းမဲ့နေသည့် နယ်စပ်ဒေသအချို့ရှိ ဥပဒေမဲ့လုပ်ရပ်များနှင့် ဆက်စပ်စဉ်းစားလိုက်သည့်အခါ အချို့သောနယ်စပ် ဖြတ်ကျော်မှုခင်းများသည် နိုင်ငံ၏ပုံရိပ်၊ ဒေသ၏ပုံရိပ်ကိုကျဆင်းသွားစေသည့်အပြင် သက်ဆိုင်ရာနိုင်ငံများနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝများ၊ ကိုယ်ကျင့်တရားများကိုပါ ထိခိုက်ပျက်စီး‌သွားစေသည်ကို တွေ့ရှိရသည်၊၊ နောက်ဆက်တွဲအနေဖြင့် နယ်နိမိတ်ဖြတ်ကျော် တရားမဝင်လုပ်ငန်းများ ကြောင့်ပင် အိမ်နီးချင်းပြည်သူအချင်းချင်းကြား အထင်မှား၊ အမြင်မှားဖြစ်ကြရသည်။