Jan 16, 2024

အားကစားဝါသနာရှင်တစ်ဦး
အိမ်ရှေ့ဥပစာမြေကွက်လပ်တစ်ခုတွင် သမီးငယ်နှစ်ဦး ကြက်တောင်ရိုက်ဆော့ကစားနေကြသည်။ ဟေမန္တရာသီဆောင်းနံနက်ခင်းက အေးမြမြချမ်းစိမ့်စိမ့်ရှိလှသော်လည်း သူတို့နှစ်ဦးအဖို့မူ ချွေးများပင်စို့လို့နေသည်။
Jan 16, 2024

၁၉၄၅ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့က ဂျပန်နိုင်ငံဟီရိုရှီးမားမြို့ပေါ်သို့ အမေရိကန်က အဏုမြူဗုံးတစ်လုံး ကြဲချခဲ့ရာ ထိုနေ့သည် သမိုင်းတစ်လျှောက် လူအသေအပျောက် အများဆုံးနေ့ ဖြစ်ခဲ့သည်။ နောက်သုံးရက်အကြာ ဩဂုတ်လ ၉ ရက်နေ့တွင် နာဂါဆာကီမြို့သို့ ဒုတိယမြောက် အဏုမြူဗုံးတစ်လုံးကို ထပ်မံကြဲချခဲ့ပြန်သည်။ ထိုစဉ်ကကြဲချခဲ့သော အဏုမြူဗုံးကြောင့် လူပေါင်း ၁၂၉၀၀၀ မှ ၂၂၆၀၀၀ အကြားသေဆုံးခဲ့ပြီး လူအများအပြား ဒဏ်ရာရရှိခဲ့သည်။ ထိုမြို့များရှိ အဆောက်အအုံပေါင်း၏ ၇၀ ရာခိုင်နှုန်းခန့်ပျက်စီးခဲ့ရသည်။ အသက်ရှင်ကျန်ရစ်သူ အများအပြားသည်လည်း အဏုမြူရောင်ခြည်သင့်မှုကြောင့် နောက်ဆက်တွဲရောဂါဝေဒနာများကို နှစ်ပေါင်းများစွာ ခံစားခဲ့ကြရသည်။ ဒုတိယကမ္ဘာစစ်တွင် ဂျာမနီသည် လက်နက်ချခဲ့ပြီး ဖြစ်သော်လည်း ဂျပန်က လက်နက်ချရန် ငြင်းဆန်နေသဖြင့် စစ်ပွဲအဆုံးသတ်ရန်အတွက် အမေရိကန်က အဏုမြူဗုံး အသုံးပြုခဲ့ခြင်းဖြစ်သည်။ ရွေးချယ်စရာမရှိသော ဂျပန်သည် ဩဂုတ် ၁၅ ရက်တွင် မဟာမိတ်များထံ လက်နက်ချခဲ့ရသည်။ လက်နက်ချအခမ်းအနားကို စက်တင်ဘာ ၂ ရက်တွင် တိုကျိုပင်လယ်အော်၌ လက်မှတ်ရေးထိုးခြင်းဖြင့် ဒုတိယကမ္ဘာစစ် ပြီးဆုံးခဲ့သည်။ အမေရိကန်သည် ဂျပန်ကို အဏုမြူဗုံးဖြင့် အနိုင်ယူခဲ့သော်လည်း အရပ်သားများအပေါ် ပစ်မှတ်ထားမှုကြောင့် ပြင်းထန်သော ဝေဖန်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။
Jan 15, 2024

ကမ္ဘာ့နေရာအနှံ့ဖြစ်ပွားနေသော ကိုဗစ်ကပ်ရောဂါကြောင့် အများပြည်သူတို့အကြား စိတ်ပိုင်းဆိုင်ရာအခြေအနေများအပါအဝင် အခြားသော လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးပြဿနာတို့နှင့် ရင်ဆိုင်နေရချိန်ဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး ခပ်ဝေးဝေးနေထိုင်ကြရသည့်ဖြစ်စဉ်များကြောင့် အီလက်ထရွန်နစ်ကုန်သွယ်ရေး (e-commerce) လုပ်ငန်းများ၊ အွန်လိုင်းဈေးဝယ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်မှာ အဆိုးထဲမှ အကောင်းဟု မှတ်ယူရမည်ဖြစ်သည်။ အီလက်ထရွန်နစ် ကုန်သွယ်ရေးဆိုသည်မှာ အွန်လိုင်းဝန်ဆောင်မှုများ သို့မဟုတ် အင်တာနက်ပေါ်မှ ကုန်ပစ္စည်းများကို အီလက်ထရွန်နစ်နည်းဖြင့် ဝယ်ခြင်း သို့မဟုတ် ရောင်းချခြင်းဖြစ်သည်။ ကပ်ရောဂါကာလ၏ e-commerce ရောင်းအားလည်း လက်လီရောင်းချမှုအားလုံးတွင် သိသိသာသာမြင့်တက်ခဲ့သည်။ ကိုဗစ်ကာလအကျပ်အတည်းသည် ဒစ်ဂျစ်တယ်ဆန်းသစ်တီထွင်မှုကိုလည်း အရှိန်မြှင့်တင်ပေးခဲ့သည်။ စားသုံးသူများ၏ဘဝကို နေ့ချင်းညချင်းပြောင်းလဲသွားစေပြီး လက်လီရောင်းချမှုတွင် အွန်လိုင်းလက်လီဈေးကွက်က ထဲထဲဝင်ဝင် နေရာယူခဲ့သည်။
Jan 15, 2024

လူတိုင်းသည် အသက်ရှည်ကျန်းမာလိုကြသည်။ ကျန်းမာခြင်း၏တန်ဖိုးကို မကျန်းမာသည့်အချိန်မှသာ သိရှိကြသည်။ ငွေကြေးဓနမည်မျှပင်ကြွယ်ဝ ပိုင်ဆိုင်နေစေကာမူ ကျန်းမာရေးချို့ယွင်းနေသူ တစ်ဦး၏ဘဝသည် အဓိပ္ပာယ်မဲ့နေတတ်သည်။ လူတိုင်းသည် ကျန်းမာကြံ့ခိုင်ပြီး သက်တမ်းစေ့နေထိုင်လိုကြသော်လည်း ကျန်းမာရေးနှင့်ညီညွတ်စွာ နေထိုင်စားသောက်လေ့မရှိကြပေ။ စိတ်အလိုလိုက်ပြီး စားသောက်နေထိုင်တတ်ကြသည်။ ရလဒ်အနေဖြင့် ကျန်းမာရေးချူချာလာပြီး လူ့လောကမှ အချိန်မတိုင်မီ ထွက်ခွာသွားကြရသည်။
Jan 14, 2024

လတ်တလောမှာ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲကြောင့် ကမ္ဘာ့နိုင်ငံတစ်ဝန်းမှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုတွေထပ်မံတွေ့ရှိခဲ့ပါတယ်။ ဗီဇပြောင်းမျိုးကွဲကူးစက်ဖြစ်ပွားမှုဟာ အမေရိကန်မှသည် ဥရောပထိုမှတစ်ဖန် အာရှ၊ အရှေ့တောင်အာရှအထိ လွှမ်းမိုးလာခဲ့တာဖြစ်ပါတယ်။
Jan 13, 2024

မနေ့က ဆရာမကြီးက သိပ်နေမကောင်းဘူး။ ထုံးစံအတိုင်း အိပ်ရာထဲကွေးရင်း ဖုန်းဖွင့်မိတော့ “ဆရာမကြီး သမီးတို့လာနေပြီ၊ လမ်းမှာဆိုင်ဝင်ပြီး စားသောက်နေတယ်’’ လို့ message ရိုက် CB ကနေ ပြောထားတာတွေ့ရတယ်။
Jan 13, 2024

နေ့စဉ်နှင့်အမျှ ပြောင်းလဲမှုများဖြစ်ပေါ်နေသည့် မျက်မှောက်ခေတ်ကမ္ဘာတွင် ရှင်သန်ရပ်တည်နိုင်ရန်နှင့် မိမိတစ်ဦးချင်းစီ၊ အစုအဖွဲ့နှင့် နိုင်ငံအတွက် အကျိုးစီးပွားများကို မြှင့်တင်နိုင်ရန်တို့အတွက် စွမ်းဆောင်ရည်တည်ဆောက်ခြင်း (Capacity Building) သည် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။
Jan 12, 2024

၂၁ ရာစု ပညာရေးစနစ်တွင် ကျောင်းသားများကို ကျွမ်းကျင်စွာရေးတတ်၊ ဖတ်တတ်၊ ပြောတတ်စေရန် သင်ကြားပေးနိုင်ရုံဖြင့် မလုံလောက်တော့ဘဲ ပြဿနာအခြေပြုသင်ကြားခြင်း၊ စီမံကိန်းအခြေပြု သင်ကြားခြင်းများအဖြစ် ပြောင်းလဲခဲ့ကြသည်။ နိုင်ငံအများအပြား၏ သင်ရိုးညွှန်းတမ်းများတွင် အသိပညာ၊ အတတ်ပညာကျွမ်းကျင်မှု၊ မီဒီယာ၊ သတင်းနှင့် ဆက်သွယ်ရေးနည်းပညာတတ်မြောက်မှု၊ လက်တွေ့ဘဝနှင့်ကိုက်ညီသည့် ဘာသာရပ်ဖြစ်မှုစသည့် အခြေခံအချက်များပါဝင်ရန် ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိသည်။ ပညာရေးကိုလူတိုင်းလက်လှမ်းမမီနိုင်သေးခြင်းမှာ ကမ္ဘာကြီးအတွက် ကြီးမားသည့်စိန်ခေါ်မှုတစ်ရပ်အဖြစ် ရှိနေသည်။ နိုင်ငံအချို့တွင် အွန်လိုင်းပလက်ဖောင်းများ၊ တီဗွီ၊ ရေဒီယိုအစီအစဉ်များဖြင့် အဝေးသင်ပညာရေး ပလက်ဖောင်းများအသုံးပြု၍ သင်ယူမှုမပြတ်တောက်စေရန် လုပ်ဆောင်ခဲ့ကြသည်။ ဒစ်ဂျစ်တယ်နှင့် ကွာဟမှုရှိနေသည့် သုံးပုံတစ်ပုံကျော်သော ကျောင်းသားများအတွက်မူ အဆိုပါသင်ကြားမှုမျိုးကို လက်လှမ်းမမီဖြစ်နေရသည်။
Jan 12, 2024

အစည်းအဝေးတွင် အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်မှုသည် ရှီကျင့်ဖျင်သံတမန်ဆက်ဆံရေး အတွေးအခေါ်၏ အဓိကအယူအဆဖြစ်ကြောင်း၊ ရေရှည်ငြိမ်းချမ်းသော၊ ယေဘုယျအားဖြင့် လုံခြုံသော၊ အတူတကွစည်ပင်ဝပြောသော၊ တံခါးဖွင့်၍ အားလုံးပါဝင်မှုရှိသော၊ သန့်ရှင်းသာယာလှပသော ကမ္ဘာကြီးတည်ဆောက်ခြင်းကို ကြိုးပမ်းမှုရည်မှန်းချက်အဖြစ်ထားရှိခြင်း၊ အတူတကွ ဆွေးနွေး၊ အတူတကွတည်ဆောက်၊ အတူတကွမျှဝေသည့် ကမ္ဘာလုံးဆိုင်ရာစီမံအုပ်ချုပ်မှု တွန်းအားပေးခြင်းအား အကောင်အထည် ဖော်ဆောင်သည့် လမ်းကြောင်းအဖြစ်ထားရှိခြင်း၊ လူသားအားလုံး ဘုံတန်ဖိုးဖော်ဆောင်ခြင်းအား ယေဘုယျအားဖြင့်လိုက်နာခြင်း၊ နိုင်ငံတကာဆက်ဆံရေး ပုံစံအသစ်တည်ဆောက်ခြင်းကို အခြေခံကျားကန်မှုအဖြစ်ထားရှိခြင်း၊ ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု အစီအမံ၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ၊ ကမ္ဘာလုံးဆိုင်ရာ လူသားယဉ်ကျေးမှုအစီအမံ အကောင်အထည်ဖော်ဆောင်ခြင်းအားမဟာဗျူဟာမြောက် ဦးဆောင်မှုအဖြစ်ထားရှိခြင်း၊ “Belt and Road” အရည်အသွေးမြင့် အတူတကွတည်ဆောက်ခြင်းအား လက်တွေ့အကောင်အထည်ဖော်ဆောင်သည့် ပလက်ဖောင်းထားရှိခြင်းတို့ဖြင့် နိုင်ငံအသီးသီးနှင့်အတူလက်တွဲကာ စိန်ခေါ်မှုများရင်ဆိုင်၍ အတူတကွစည်ပင်ဝပြောမှု အကောင်အထည်ဖော်ဆောင် ပြီး ကမ္ဘာကြီးက ငြိမ်းချမ်းသော၊ လုံခြုံသော၊ စည်ပင်ဝပြောသော၊ တိုးတက်သော ထွန်းပြောင်သည့်အနာဂတ်သို့ လျှောက်လှမ်းရန် တွန်းအားပေး ဖော်ဆောင်ရမည်ဖြစ်ကြောင်း ထောက်ပြပြောဆို ခဲ့သည်။
Jan 12, 2024

နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် ကြိုးစားကြသောနိုင်ငံတို့သည် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားအောင် ကြိုးစားဆောင်ရွက်ကြပါသည်။ လယ်ယာလုပ်ငန်းတွင် ကုန်ထုတ်လုပ်မှုစွမ်းအား မြင့်မားလာခြင်းသည် အခြားကဏ္ဍများအတွက် အလုပ်သမားများကို ဖြန့်ဖြူးပေးပြီး လုံလောက်သော အစားအစာနှင့်စက်မှုကုန်ထုတ် လုပ်ခြင်းအတွက် ကုန်ကြမ်းပစ္စည်းများကိုလည်း ထောက်ပံ့ပေးနိုင်ပါသည်။ စိုက်ပျိုးရေးတွင် အလုပ်သမားတို့၏ ကုန်ထုတ်လုပ်မှုနှုန်းကြီးထွားမှုသည် စက်မှုနိုင်ငံများတွင် စီးပွားရေးဆိုင်ရာအခြားကဏ္ဍများထက် ပိုမိုများပြားပါသည်။ ၁၉၆၇-၁၉၆၈ ခုနှစ် မှ ၁၉၈၃-၁၉၈၄ ခုနှစ်အထိ စက်မှုနိုင်ငံ ၁၈ နိုင်ငံမှ ၁၇ နိုင်ငံကို အချက်အလက်ကောက်ယူခဲ့ရာ စိုက်ပျိုးရေး၏ နှစ်စဉ်ကြီးထွားမှုနှုန်းသည် ၄ ဒသမ ၃ ရာခိုင်နှုန်းဖြစ်၍ အခြားကဏ္ဍများသည် ၂ ဒသမ ၆ ရာခိုင်နှုန်းဖြစ်နေပါသည်။ ထို့ကြောင့် စိုက်ပျိုးထုတ်လုပ်မှုနှုန်းတိုးတက်မှုသည် ခေတ်သစ်လူ့အဖွဲ့အစည်းတွင် အလုံးစုံသောစီးပွားရေးဆိုင်ရာ ကောင်းကျိုးချမ်းသာများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိကကျသော အရင်းအမြစ်တစ်ခုဖြစ်ပါသည်။