ပြည်သူ့စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများအနက် ပြည်တွင်းအလုပ်အကိုင် ပြန်လည်နေရာချထားမှုခံယူလိုသူ၊ နိုင်ငံ့ဝန်ထမ်းလုပ်ကိုင်လိုသူ သုံးဦးနှင့် ပုဂ္ဂလိကလုပ်ငန်း လုပ်ကိုင်လိုသူငါးဦးတို့ကို အလုပ်အကိုင်ရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ပြည်သူ့စစ်မှုထမ်း တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေးအတွက် ပြည်တွင်းအလုပ်အကိုင် ခန့်အပ်ပေးနိုင်ရေး လုပ်ငန်းကော်မတီ (၂/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။
Aug 08, 2026
အားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၅၃၈၃ ဒသမ ၁၄၀ ဖြင့် အလျား ပေ ၂၀၀၊ အနံပေ ၁၅၀ ရှိ မြသီတာအားကစားခန်းမနှင့် အလျား ပေ ၁၀၀၊ အနံ ပေ ၄၀ ရှိ ငါးခန်းတွဲ နှစ်ထပ်ဝန်ထမ်းအိမ်ရာတို့ကို ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်၌ ယနေ့ဖွင့်လှစ်လိုက်သည်။
Aug 08, 2026
နိုင်ငံတော်ဘဏ္ဍာငွေအသုံးပြု၍ ဆောင်ရွက်ရသည့် စာအုပ်စာစောင်များ ပုံနှိပ်ခြင်းကို အစိုးရပိုင် ပုံနှိပ်စက်များတွင် စနစ်တကျ အပ်နှံလုပ်ဆောင်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 08, 2026
စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် (မအူပင်) ၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပထမနှစ်သင်တန်းတွင် ကျောင်းသား ကျောင်းသူ ၁၈၃ ဦး တက်ရောက်သင်ယူလျက်ရှိပြီး ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသား ကျောင်းသူ ၄၀၀ လက်ခံသင်ကြားပေးမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။
Aug 08, 2026
မြန်မာနိုင်ငံတွင် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ လှုပ်ရှားမှုကို ပြည်သူလူထုမှ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများအား ပိုမိုစိတ်ဝင်စားပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေရန်၊ အာဟာရပြည့်ဝစွာ စားသောက်တတ်စေရန်၊ ကျန်းမာသန်စွမ်း၍ ဉာဏ်ရည်ထက်မြက်သော နိုင်ငံသားကောင်းများကို ပြုစုပျိုးထောင်ပေးနိုင်ရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိသည်။
Aug 08, 2026
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖော်ဆောင်ရာတွင် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရန်နှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် အထူးလိုအပ်သည်ဟု ယုံကြည်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်ကန့်သတ်ချက်များမထားသည့် ဆွေးနွေးပွဲများ ပြုလုပ်နိုင်ရန် ကြေညာချက်အမှတ် ၁/၂၀၂၆ ဖြင့် ၂၁-၄-၂၀၂၆ တွင် ကမ်းလှမ်းဖိတ်ခေါ်ခဲ့သည်။
Aug 08, 2026
ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင်ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံ၌ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဩဂုတ်လ ၆ ရက်နေ့က “မြန်မာ-ထိုင်း စီးပွားရေးမိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၏ အနာဂတ်နှင့်စာမျက်နှာသစ်” ဟူသည့်ခေါင်းစဉ်ဖြင့်ကျင်းပသည့် “မြန်မာ-ထိုင်း စီးပွားရေးဖိုရမ်” သို့တက်ရောက်ပြီး နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုပိုမိုမြှင့်တင်နိုင်ရေး ဆိုင်ရာများနှင့်ပတ်သက်၍ မိန့်ခွန်းပြောကြားခဲ့သည်။
Aug 08, 2026
မြန်မာနိုင်ငံအတွင်း ဒေသအချို့တွင် မိုးရာသီသဘာဝဘေးအန္တရာယ်ဖြစ်သော ရေကြီးရေလျှံမှု ဖြစ်ပွားလျက်ရှိကြောင်း သတင်းများတွင် တွေ့ရသည်။ နိုင်ငံအထက်ပိုင်း မြစ်ညာဒေသများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေခြင်း၊ မုတ်သုံလေအားကောင်းနေခြင်း စသည့်သတင်းများအရလည်း မိမိတို့ နေထိုင်ရာဒေသများ၏ ပထဝီအနေအထားအရ ရေကြီးရေလျှံမှုဖြစ်လာနိုင်သည့် အခြေအနေများရှိပါက ကြိုတင်ပြင်ဆင်မှုဖြင့် သတိပြုနေထိုင်ကြရမည်ဖြစ်သည်။
Aug 07, 2026
နိုင်ငံတော်အစိုးရအနေဖြင့် ကမ္ဘာတစ်ဝန်းရှိ လူသားမျိုးနွယ်အားလုံး၏ လူမှုဘဝများကို ထိခိုက်ပျက်စီးစေပြီး အများပြည်သူအကျိုးစီးပွားကို ထိခိုက်ပျက်စီးအောင် အလုံးစုံအန္တရာယ်ပေးလျက်ရှိသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ လုံးဝပြန်လည်အခြေမချနိုင်သည်အထိ ထိရောက်စွာ ရှာဖွေနှိမ်နင်းလျက်ရှိသည်။
နောက်ဆုံးရသတင်းများ
Aug 08, 2026Latest News
ပြည်သူ့စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများအနက် ပြည်တွင်းအလုပ်အကိုင် ပြန်လည်နေရာချထားမှုခံယူလိုသူ၊ နိုင်ငံ့ဝန်ထမ်းလုပ်ကိုင်လိုသူ သုံးဦးနှင့် ပုဂ္ဂလိကလုပ်ငန်း လုပ်ကိုင်လိုသူငါးဦးတို့ကို အလုပ်အကိုင်ရရှိရေး ချိတ်ဆက်
Aug 08, 2026Latest News
အားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၅၃၈၃ ဒသမ ၁၄၀ ဖြင့် အလျား ပေ ၂၀၀၊ အနံပေ ၁၅၀ ရှိ မြသီတာအားကစားခန်းမနှင့် အလျား ပေ ၁၀၀၊ အန
Aug 08, 2026Latest News
နိုင်ငံတော်ဘဏ္ဍာငွေအသုံးပြု၍ ဆောင်ရွက်ရသည့် စာအုပ်စာစောင်များ ပုံနှိပ်ခြင်းကို အစိုးရပိုင် ပုံနှိပ်စက်များတွင် စနစ်တကျ အပ်နှံလုပ်ဆောင်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီ
Aug 08, 2026Latest News
စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် (မအူပင်) ၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပထမနှစ်သင်တန်းတွင် ကျောင်းသား ကျောင်းသူ ၁၈၃ ဦး တက်ရောက်သင်ယူလျက်ရှိပြီး ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသား ကျောင်းသူ ၄၀၀ လက်ခံသင်ကြားပေးမည်ဖြစ်ကြော
Aug 08, 2026Latest News
မြန်မာနိုင်ငံတွင် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ လှုပ်ရှားမှုကို ပြည်သူလူထုမှ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများအား ပိုမိုစိတ်ဝင်စားပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေရန်၊ အာဟာရပြည့်ဝစွာ စားသောက်တတ်စေရန်၊ ကျန်းမာသန်စွမ်း၍ ဉာဏ်ရ
ဆောင်းပါးကဏ္ဍ
Aug 07, 2026လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးရာတွင် လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု (Unit Losses) လျော့နည်းရေးက အဓိကအချက်ဖြစ်ပါသည်။ လျှပ်စစ်ဌာန၏ ဝင်ငွေရရှိမှုအရှုံး၊ အမြတ်သည် ဓာတ်အားပျောက်ဆုံးမှု ရာခိုင်နှုန်းပေါ်တွင်လည်း မူတည်နေပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဓာတ်အားပျောက်ဆုံးမှုရာခိုင်နှုန်းမြင့်မားမှုတွင် တရားမဝင် လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် အရေးပါသောအချက်တစ်ခုဖြစ်ပါသည်။
Aug 07, 2026ပုဂ္ဂလိကပညာရေး ဥပဒေ၊ ညွှန်ကြားချက်နှင့် တာဝန်ဝတ္တရားများ မြန်မာနိုင်ငံတွင် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းသား ကျောင်းသူများ၏ ပညာသင်ယူခွင့်များကို ကာကွယ်စောင့်ရှောက်ရေးနှင့် ပညာရေးအရည်အသွေး အာမခံနိုင်ရေးတို့အတွက် ပညာရေးဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့် ညွှန်ကြားချက်များကို ပြဋ္ဌာန်းထားရှိပြီးဖြစ်သည်။
Aug 06, 2026လူ့ဘဝသက်တမ်းရဲ့တစ်ဝက်ကျော် နေထိုင်လာပြီးတဲ့နောက်မှာ ကိုယ်ဖြတ်သန်းလာခဲ့တဲ့ဘဝခရီးကို ပြန်တွေးမိတယ်။ ကောင်းတာတွေလည်းပါရဲ့၊ မကောင်းတာတွေလည်းပါရဲ့၊ အောင်မြင်တာ ကျရှုံးတာ၊ အနိမ့်အမြင့်၊ အတက်အကျ၊ အကွေ့အကောက်တွေလည်း ပါတာပေါ့။
Aug 06, 2026၂၁ ရာစု ဒီဂျစ်တယ်နှင့် ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် ပညာရေးကဏ္ဍသည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု၊ ယှဉ်ပြိုင်နိုင်စွမ်းနှင့် လူ့စွမ်းအားအရင်းအမြစ်တည်ဆောက်ရေးအတွက် အရေးပါဆုံးသော အခြေခံမဏ္ဍိုင်တစ်ရပ် ဖြစ်လာပါသည်။ ယနေ့မိဘများနှင့် ကျောင်းသားလူငယ်များသည် ကမ္ဘာ့အဆင့်မီ အသိပညာ၊ ဘာသာစကားကျွမ်းကျင်မှု၊ နည်းပညာအသုံးချနိုင်မှုနှင့် နိုင်ငံတကာအလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ရေးအတွက် နိုင်ငံတကာသင်ရိုးညွှန်းတမ်းများ၊ နိုင်ငံတကာတက္ကသိုလ်၊ တက္ကသိုလ်ပူးပေါင်းအစီအစဉ်များနှင့် အရည်အသွေးမြင့် ပညာရေးဝန်ဆောင်မှုများကို ပိုမိုစိတ်ဝင်စားလာကြသည်။
Aug 05, 2026ယခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် “တရုတ်ပြည်သူ့သမ္မတနိုင်ငံ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် တိုးတက်မှုမြှင့်တင်ရေးဥပဒေ”ကို ပြဋ္ဌာန်းကျင့်သုံးခဲ့ပါသည်။ ဤဥပဒေသည် အဓိကကျသောအောင်မြင်မှုကြီး သုံးရပ်ကို “ပထမဆုံးအကြိမ်” ဖော်ဆောင်နိုင်ခဲ့ပါသည်။
Aug 04, 2026၂၁ ရာစု အသိပညာအခြေပြုလူ့အဖွဲ့အစည်း တည်ဆောက်ရေးတွင် စာဖတ်ခြင်းအလေ့အထသည် လူတစ်ဦးချင်းစီ၏ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်မှု၊ ဝေဖန် ဆန်းစစ်နိုင်စွမ်း၊ ဖန်တီးတီထွင်နိုင်စွမ်းနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုတို့အတွက် အခြေခံကျသော အခန်းကဏ္ဍတစ်ရပ်အဖြစ် တည်ရှိနေပါသည်။
