ဝန်ကြီးဌာနသတင်း

Post date: 06/30/2020 - 19:51

ရုပ်ရှင်/ရုပ်သံ ပြန်လည်ရိုက်ကူးနိုင်ရေးနှင့် ရုပ်ရှင်ရုံများ ပြန်လည်ပြသနိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

Post date: 06/27/2020 - 08:43

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ၂၀၁၅ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု၊ သုတပဒေသာ (သိပ္ပံနှင့်အသုံးချသိပ္ပံ) တတိယဆုရရှိသည့် စာရေးဆရာ ဒေါက်တာမြင့်သန်း၏ “အိပ်စက်ခြင်းနှင့် ကျန်းမာရေး” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။

Post date: 06/27/2020 - 08:41

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ၂၀၁၆ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုရ၊ လူငယ်စာပေ ဒုတိယဆုရရှိသည့် စာရေးဆရာ ချစ်မုန်းငြိမ်း ၏ “အပျံသင်စနှင့် လူငယ်ဝတ္ထုတိုများ” စာအုပ်ကို ဖြန့်ချိ ရောင်းချလျက်ရှိသည်။

Post date: 06/19/2020 - 20:18

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလှုံဆော်ရေး အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်မှုနှင့် ပတ်သက်၍ တင်ပြဆွေးနွေးသည့်အစီအစဉ်ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

Post date: 06/17/2020 - 20:05

ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက် သည့် ပြန်ကြားရေးဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနတို့၏ သတင်းစာ ရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

Post date: 06/17/2020 - 17:28

မြန်မာ့ရုပ်ရှင်ရာပြည့်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြခန်းများ ခင်းကျင်းပြသရေးဆပ်ကော်မတီနှင့်ပြိုင်ပွဲများကျင်းပရေး ဆပ်ကော်မတီအစည်းအဝေး များကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ကျင်းပသည်။

Post date: 06/10/2020 - 16:38

မြန်မာ့ရုပ်ရှင်ရာပြည့်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး သမိုင်းဝင်ရုပ်ရှင် ဇာတ်ကားများ ဖော်ထုတ် ပြသရေး ဆပ်ကော်မတီနှင့် ပြခန်းများ ခင်းကျင်းပြသရေး ဆပ်ကော်မတီတို့၏ ဒုတိယအကြိမ် ညှိနှိုင်း အစည်းအဝေးများကို ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲ ပိုင်းတို့တွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

Post date: 06/08/2020 - 08:59

ကျွန်တော်ဟာ ဆက်တိုက်လိုလိုပဲ အေဝမ်းရုပ်ရှင်ကုမ္ပဏီအကြောင်းကို ပြောလာခဲ့ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကြီးမားတဲ့ရုပ်ရှင်ကုမ္ပဏီကြီးနှစ်ခု ရှိပါတယ်။ ဒီရုပ်ရှင်ကုမ္ပဏီကြီးနှစ်ခုရဲ့ အရိပ်အာဝါသအောက်က ဒီနေ့အထိကျွန်တော်တို့ဟာ မလွတ်နိုင်ဘူး ဆိုရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ကုမ္ပဏီကြီးနှစ်ခုက ပညာတွေ၊ အတွေ့အကြုံတွေ၊ ပစ္စည်းတွေကို အရင်းအနှီး ပြုပြီးတော့ ရုပ်ရှင်ပညာကို တတ်မြောက်လာခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီကုမ္ပဏီကြီးနှစ်ခုကတော့ အေဝမ်းရုပ်ရှင်ကုမ္ပဏီနဲ့ ဗြိတိသျှဘားမားရုပ်ရှင်ကုမ္ပဏီပဲ ဖြစ်ပါတယ်။ ဒီနေ့လှုပ်ရှားနေတဲ့ ရုပ်ရှင်လောကသားတွေကိုကြည့်ရင် ဒီကုမ္ပဏီကြီးတွေရဲ့ ဩဇာသက်ရောက်မှု မကင်းတာကိုလည်း ကျွန်တော်တို့တွေ့ရပါတယ်။ ဒါကြောင့်လည်း ကျွန်တော်ဟာ ဒီကုမ္ပဏီကြီးနှစ်ခုရဲ့ ကျေးဇူးကိုဆပ်တဲ့အနေနဲ့ ဒီကုမ္ပဏီကြီးနှစ်ခုရဲ့အကြောင်းကို ကျွန်တော်တင်ပြနေခြင်း ဖြစ်ပါတယ်။

Post date: 06/07/2020 - 08:10

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့တွင် ရန်ကုန်မြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင်နှင့် ပြည်သူ့စာကြည့်တိုက်၊ ကြေးမုံ၊ မြန်မာ့အလင်းနှင့် The Global New Light of Myanmar သတင်းစာတိုက်တို့တွင် လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နေမှုနှင့် ဝန်ထမ်းများ အန္တရာယ်ကင်းရှင်းစွာ တာဝန် ထမ်းဆောင်နိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

Pages