​နေပြည်တော်

မြန်မာအမျိုးသမီးအသင်းနှင့် ထိုင်းအမျိုးသမီးအသင်း ဒုတိယခြေစမ်းပွဲ ယနေ့ ကျင်းပမည်

အိုလံပစ် တတိယအဆင့် ခြေစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် ထိုင်းလက်ရွေးစင် အမျိုးသမီး အသင်းတို့၏ ဒုတိယခြေစွမ်းပွဲကို ဇန်နဝါရီ ၂၈ ရက် (ယနေ့) ညနေ ၄ နာရီတွင် မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ကျင်းပမည်ဖြစ်သည်။

ဒုတိယဝန်ကြီး ဦးတင်လတ် ကျိုက်ထိုမြို့၌ ဟိုတယ်လုပ်ငန်းရှင်များ၊ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်သည် ယမန်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ကျိုက်ထီးရိုး တောင် ဩဝါဒါစရိယ ဆရာတော်များကို ဖူးမြော်ကြည်ညို၍ ကျိုက်ထီးရိုး ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးဆိုင်ရာများကို လျှောက်ထားတင်ပြသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ပြင်းထန်အဆုတ်ရောင်ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်

တရုတ်နိုင်ငံ ဝူဟန်မြို့မှစ၍ ကူးစက်ပြန့်ပွားနေသည့် ပြင်းထန်အဆုတ်ရောင်ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းများ ဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပြည်ထောင်စုလွှတ်တော်သို့ လာရောက်လေ့လာ

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့သို့ Taunggyi Youth Center မှ သင်တန်းသား၊ သင်တန်းသူများနှင့် လွှတ်တော်ကိုယ်စားလှယ်များမှ တစ်ဆင့် လာရောက်လေ့လာကြသည့် ပြည်သူများ စုစုပေါင်း ၂၉၀ တက်ရောက် လေ့လာခဲ့ကြသည်။

ဆရာတော် ဘဒ္ဒန္တ နိမလအား ဂုဏ်ပြုပူဇော်ပွဲနှင့် (၁၂) ကြိမ်မြောက် အလှူပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ငါးထပ်ကြီးမြောက်ရပ်ကွက် လိပ်ပြာကန်ကျောင်းတိုက် နန္ဒာအောင်မြေကျောင်း နန္ဒာအောင်မြေ ပရဟိတအသင်း ဦးစီးပဓာန နာယက ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တနိမလအား အမှူးပြု၍ အလှူရှင်များ၏ (၁၂)ကြိမ် မြောက် ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ်နှင့် ကျိုက်လတ်မြို့နယ်တို့မှ သံဃာတော်များ၊ သက်ကြီး ဘိုးဘွားများ၊ အခြေခံပညာအလယ်တန်း၊ မူလတန်းကျောင်း များမှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား လှူဒါန်းခြင်းအခမ်းအနားကို ဇန်နဝါရီ ၂၆ ရက် နံနက် ၉ နာရီက ဒေးဒရဲမြို့နယ် ဂုံမင်းကွင်းကျေးရွာအုပ်စု ထိုင်ကူ မြစ်တန်းကျေးရွာ ကျောင်းသစ်ကျောင်းတိုက်၌ ကျင်းပသည်။

Our Life Scholarship Program ပညာသင်ဆုဆိုင်ရာ ဟောပြောဆွေးနွေး

Our Life Scholarship Program ပညာသင်ဆု ဆိုင်ရာ ဟောပြောဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်း က ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း ရွှေဥဒေါင်းခန်းမ၌ ကျင်းပသည်။

စာရေးနည်း အခြေခံလမ်းညွှန် သင်တန်းဖွင့်

မြန်မာနိုင်ငံ စာရေးဆရာအသင်းက ကြီးမှူးကျင်းပသည့် စာရေးနည်းအခြေခံလမ်းညွှန်သင်တန်း အမှတ်စဉ် (၁၀) သင်တန်းဖွင့်ပွဲကို ယနေ့မွန်းလွဲပိုင်း တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံစာရေးဆရာအသင်း ရုံးခန်းမ၌ ကျင်းပသည်။

အမျိုးသားလွှတ်တော်သို့ လာရောက်ကြည့်ရှုလေ့လာ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့တွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဘမျိုးသိန်း၏ မိတ်ဆွေခြောက်ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄) မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဦး၏ မိတ်ဆွေတစ်ဦး၊ ကရင်ပြည်နယ် မြဝတီမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဗိုလ်၏မိတ်ဆွေ ၃၆ ဦးနှင့် အမျိုးသားလွှတ်တော်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဌေးဌေးဝင်း၏ မိတ်ဆွေသုံးဦး စုစုပေါင်း ၄၆ ဦး တို့သည် အမျိုးသားလွှတ်တော်အစည်းအဝေး ကျင်းပနေမှုကို တက်ရောက်လေ့လာကြပြီး မွန်းလွဲပိုင်းတွင် တောင်ကြီးလူငယ်စင်တာ (Taunggyi Youth Center) မှ သင်တန်းသား သင်တန်းသူ ၅၂ ဦးတို့သည် အမျိုးသား လွှတ်တော်သို့ လာရောက်လေ့လာကြကြောင်း သိရ သည်။

အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့်အာမခံစနစ် လုပ်ငန်းစဉ်ဖြေလျှော့မှု စမ်းသပ်စီမံကိန်း တိုးချဲ့ဆောင်ရွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

လူမှုဖူလုံရေးအဖွဲ့နှင့် ILO မှ ကိုယ်စားလှယ်များ၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များ၊ သုတေသနပညာရှင်များ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့တို့တွေ့ဆုံ၍ အလုပ်တွင်ထိခိုက်မှုအကျိုးခံစားခွင့် အာမခံစနစ်လုပ်ငန်းစဉ်ဖြေလျှော့မှု စမ်းသပ်စီမံကိန်း တိုးချဲ့ ဆောင်ရွက်ခြင်း ဆိုင်ရာ အလုပ် ရုံဆွေးနွေးပွဲကို ဇန်နဝါရီ ၂၄ ရက်က နေပြည်တော်ရှိ လူမှု ဖူလုံရေးအဖွဲ့ရုံးချုပ် စုဝေးခန်းမ၌ ကျင်းပသည်။

Around the World အစီအစဉ် ထိုင်းနိုင်ငံမှ လာရောက်မှတ်တမ်းရိုက်ကူး

ထိုင်းနိုင်ငံမှ Around the World အစီအစဉ်ရိုက်ကူးရေးအဖွဲ့သည် ယနေ့တွင် ရန်ကုန်မြို့ရှိ ဆူးလေဘုရားတစ်ဝိုက်နှင့် ပန်းဆိုးတန်း လမ်းတစ်လျှောက်ရှိ ရှေးဟောင်း အဆောက်အဦများ မွမ်းမံထိန်းသိမ်းခြင်းလုပ်ငန်းကို ရိုက်ကူးသည်။

Pages

Subscribe to RSS - ​နေပြည်တော်