မန္တလေးမြို့ ရေခဲစက်လုပ်ငန်းတစ်ခုတွင် တရားမဝင်လျှပ်စစ်ဓာတ်အား ရယူသုံးစွဲမှု လျှပ်စစ်ဥပဒေဖြင့် အရေးယူ
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် ၁၂ လမ်း၊ ၈၈ လမ်းနှင့် ၈၉ လမ်းကြားရှိ ရေခဲစက်လုပ်ငန်းတစ်ခုတွင် တရားမဝင်လျှပ်စစ်ဓာတ်အား ရယူသုံးစွဲထားသည်ကို စစ်ဆေးတွေ့ရှိသဖြင့် လျှပ်စစ်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
