ဖလမ်း ဩဂုတ် ၈
ချင်းပြည်နယ် ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးသွားသည့် ဒေသခံနေအိမ်များ ပြန်လည်ပြုပြင်ရန် ဘိလပ်မြေ၊ သွပ်နှင့်သွပ်ရိုက်သံများကို ပျက်စီးဆုံးရှုံးမှုအလိုက် ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
ထို့အပြင် ဖလမ်းမြို့ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးဆောင်ရွက်နေမှုများကို ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ကျော်စွာဦးသည် ပြည်နယ်ဝန်ကြီးများ၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီအဖွဲ့ ဝင်များနှင့်အတူ ကြည့်ရှုအားပေးသည်။
ကြည့်ရှုအားပေး
အလားတူ ရှုခင်းသာလမ်းနှင့် ကြွန်ဘိခ်လမ်းတစ်လျှောက် သန့်ရှင်းရေးဆောင်ရွက်နေမှု၊ လွတ်လပ်ရေးဆုတောင်းပြည့်စေတီနှင့် မဟာဗောဓိညောင်ပင်စေတီတော်ပရိဝုဏ်အတွင်းနှင့် စေတီပတ်ဝန်းကျင်ရှိ အမှိုက်သရိုက်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းနေမှု၊ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ဌာနဆိုင်ရာဝန်ထမ်းအိမ်ရာနှင့် ဒေသခံပြည်သူများ၏ နေအိမ်များပြုပြင်နေမှုကို ကြည့်ရှုအားပေးပြီး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေသည့် နယ်မြေခံတပ်မှတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများကို မုန့်နှင့်အချိုရည်များ ဝေငှပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
