ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Jan 23, 2026
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့သို့ သွားရောက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ငပုတောမြို့နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းများက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျက်စီး/ ပျောက်ဆုံးသွားသည့် ဒေသခံပြည်သူများနှင့် အသက် (၁၈) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား မလျှောက်ထား သေးသူများအား ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးကာ လာရောက်ဆောင်ရွက်ကြသည့် ဒေသခံပြည်သူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသည်။
Jan 23, 2026
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန/လုပ်ငန်းများမှ တာဝန်ရှိသူများ၊ ဧည့်ပါမောက္ခအဖြစ် လာရောက်သင်ကြားပေးနေသော စွမ်းအင်ဝန်ကြီးဌာနမှ အငြိမ်းစားအရာရှိကြီးများနှင့်အတူ ယနေ့တွင် နည်းပညာတက္ကသိုလ် (သန်လျင်) သို့ သွားရောက်၍ ပါမောက္ခချုပ်၊ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံသည်။
Jan 23, 2026
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးသုတေသနဦးစီးဌာနက မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၅) ဖြင့် ဆောင်ရွက်သည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မွေးမြူရေးတောင်သူအခြေပြု စိုက်ပျိုးရေးဘေးထွက်ပစ္စည်းများကို စားမြုံ့ပြန် သတ္တဝါ (ဒေသနွား၊ သိုး၊ ဆိတ်) များအတွက် အာဟာရပြည့်ဝသည့်အစာအဖြစ် ပြုပြင်ကျွေးမွေး၍ တစ်နိုင်တစ်ပိုင် မွေးမြူထုတ်လုပ်ရေးကို မြှင့်တင်ခြင်းစီမံကိန်းမိတ်ဆက် အလုပ်ရုံဆွေးနွေးပွဲနှင့် နည်းပညာဆိုင်ရာ သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက မင်္ဂလာသီရိဟိုတယ် Grand Ballroom ၌ ကျင်းပသည်။
Jan 23, 2026
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ဇန်နဝါရီ ၁၉ ရက် မွန်းလွဲပိုင်းက ယခင်ကွန်ပျူတာတက္ကသိုလ် (ကျိုင်းတုံ) သို့ ရောက်ရှိပြီး ကျိုင်းတုံပညာရေးဒီဂရီကောလိပ်ကို နေရာပြောင်းရွှေ့ဖွင့်လှစ်နိုင်ရေး သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Jan 23, 2026
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အသိပေးနှိုးဆော်စာ
Jan 23, 2026
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သန်းစိုးသည် ယနေ့နံနက်ပိုင်းတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ၊ ပုဒ်မ - ၈၉ အရ ကလေးသူငယ်များကို လက်ခံစောင့်ရှောက်ထားသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းနှင့် အမျိုးသမီးများ ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ သွားရောက်ကြည့်ရှုသည်။
Jan 23, 2026
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဇန်နဝါရီ ၁၈ ရက်က ဗဟန်းမြို့နယ်ရှိ စက်မှုနည်းပညာလေ့ကျင့်သင်ကြားရေးသင်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းအုပ်ကြီး ဒေါက်တာ နေဇာအောင်နှင့် ဆရာ ဆရာမများ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ပူးပေါင်းဖွင့်လှစ်လျက်ရှိသည့် ဆန်စပါးကြိတ်ခွဲထုတ်လုပ်မှုနည်းပညာသင်တန်းမှ သင်တန်းသားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။
Jan 23, 2026
စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆၁၅၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ
နောက်ဆုံးရသတင်းများ
Jan 23, 2026Latest News
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Jan 23, 2026Latest News
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့သို့ သွားရောက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ငပုတောမြို့နယ်ဦးစီးမှူးရ
Jan 23, 2026Latest News
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန/လုပ်ငန်းများမှ တာဝန်ရှိသူများ၊ ဧည့်ပါမောက္ခအဖြစ် လာရောက်သင်ကြားပေးနေသော စွမ်းအင်ဝန်ကြီးဌာနမှ အငြိမ်းစားအရာရှိကြီးများနှင့်အတူ ယ
Jan 23, 2026Latest News
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးသုတေသနဦးစီးဌာနက မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၅) ဖြင့် ဆောင်ရွက်သည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မွေးမြူရေးတောင်သူအခြေပြု စို
Jan 23, 2026Latest News
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ဇန်နဝါရီ ၁၉ ရက် မွန်းလွဲပိုင်းက ယခင်ကွန်ပျူတာတက္ကသိုလ် (ကျိုင်းတုံ) သို့ ရောက်ရှိပြီး ကျိုင်းတုံပညာရေးဒီဂရီကောလိပ်ကို နေရာပြောင်းရွှေ့ဖွင့်လှစ်နိုင်ရေး သွားရောက်ကြည့်ရှုစ
ဆောင်းပါးကဏ္ဍ
Jan 23, 2026၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့သည် အသက် ၁၉ နှစ်အရွယ် မဇူးဇူးအတွက် ပထမဆုံးမဲပေးရသည့်နေ့ဖြစ်သည်။ အတွေ့အကြုံသစ်ဖြစ်သည့်အတွက် စိတ်စောနေပြီး ဒီဇင်ဘာနံနက်ခင်း နှင်းမကွဲခင်အချိန်ကပင် မဲရုံဆီသို့ သုတ်ခြေတင်ခဲ့သော်လည်း မဇူးဇူးကဲ့သို့ ဝီရိယကောင်းသည့် လူများစွာက မဲရုံတွင် ရောက်ရှိနေကာ စနစ်တကျ တန်းစီနေရာယူထားကြသည်။
Jan 22, 2026နိုင်ငံတစ်နိုင်ငံလို့ ဆိုလိုက်တာနဲ့ အဲဒီနိုင်ငံရဲ့အချုပ်အခြာအာဏာ(Sovereignty)နဲ့ နယ်မြေလုံခြုံရေးဆိုတာ အသက်တမျှအရေးကြီးပါတယ်။ ကမ္ဘာ့မြေပုံပေါ်က ဘယ်နိုင်ငံရဲ့ အစိုးရမဆို သူတို့ရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ ရဲစခန်းတွေနဲ့ အပြစ်မဲ့ပြည်သူတွေကို အကြမ်းဖက်သမားတွေက ဝင်ရောက်စီးနင်းတိုက်ခိုက် လာရင် လက်ပိုက်ကြည့်နေမှာမဟုတ်ပါဘူး။ ဒါဟာနိုင်ငံတကာဥပဒေအရရော နိုင်ငံတစ်နိုင်ငံရဲ့ ခုခံပိုင်ခွင့်အရပါ တရားဝင်တဲ့တုံ့ပြန်မှုဖြစ်ပါတယ်။
Jan 20, 2026လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခု နီးပါးကာလအတွင်း ဝါရှင်တန်၏ မြန်မာနိုင်ငံအပေါ် ထားရှိသော မူဝါဒရပ်တည်ချက်မှာ ကိုယ်ကျင့်တရားဆိုင်ရာ အမျက်ထွက်မှုနှင့် မဟာဗျူဟာမြောက် လျစ်လျူရှုမှုတို့အကြား လူးလားခေါက်တုံ့ ဖြစ်နေခဲ့ပါသည်။ မြန်မာနိုင်ငံ၏ အတိတ်သမိုင်းတွင် လူ့အခွင့်အရေးချိုးဖောက် မှုများရှိခဲ့သည်ဆိုသည့်အပေါ် မည်သို့မျှ ငြင်းဆိုမည် မဟုတ်သော်လည်း မေးခွန်းထုတ်စရာမှာ အနာဂတ်အတွက် မဟာဗျူဟာမြောက် စဉ်းစားရမည့်အစား ထိုကိစ္စရပ်များကို အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒ အပေါ် ဘယ်လောက်ကြာကြာ လွှမ်းမိုးခွင့်ပေးထား မည်နည်းဟူသော အချက်ဖြစ်ပါသည်။
Jan 20, 2026ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Jan 19, 2026မြန်မာနိုင်ငံမှာ အများစုဗုဒ္ဓဘာသာဝင်ပြည်သူတွေက အနည်းစုအခြားဘာသာဝင်တွေနဲ့အတူ အေးချမ်းစွာ အတူယှဉ်တွဲနေထိုင်ကြပါတယ်။ အရေးကြုံတိုင်းအပြန်အလှန်ကူညီထောက်ပံ့ အားပေးကြပါတယ်။ ၁၃၅ မျိုးမည်သောတိုင်းရင်းသားမျိုးနွယ်စုတွေဟာ အေးအတူ၊ ပူအမျှ လက်တွဲ နေထိုင်ကြပါတယ်။ ပြဿနာတွေဖြစ်လာတိုင်းလည်း လက်တွဲဖြေရှင်းလေ့ရှိကြတယ်။
Jan 16, 2026မှောင်လွန်းလှသော အမှောင်ဆုံးညသည် တည်တည်ငြိမ်ငြိမ် မပြောင်းလဲဘဲ ပုံမှန်ပြီးဆုံး နိဂုံးချုပ်အဆုံးသတ်သွားလိမ့်မည်ဖြစ်သည့်အပြင် နေမင်းကြီးသည်လည်း ထွန်းလင်းထွက်ပေါ်လာလိမ့်မည်ပင်ဖြစ်ပါသည်။
