ရန်ကုန် ဩဂုတ် ၂
ဒေသတွင်း ကော်ဖီပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် မြန်မာနိုင်ငံ ကော်ဖီ အသင်း(MCA)နှင့် ဗီယက်နမ်နိုင်ငံ ကော်ဖီသုတေသနဌာနတို့ ဇူလိုင် ၃၁ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံကော်ဖီအသင်းမှ သိရသည်။
မြန်မာနိုင်ငံ၏ ကော်ဖီကဏ္ဍကို မြန်မာပြည်၏ မတူကွဲပြားသော ပထဝီဝင်အနေအထား ဒေသအမျိုး မျိုးတွင် ပိုမိုတိုးတက်မြင့်မားလာစေရန် ရည်ရွယ် ၍ အဆင့်မြင့် ကော်ဖီမျိုးစေ့နည်းပညာ၊ ရာသီဥတု ဒဏ်ခံနိုင်ရည်ရှိသော မျိုးဗီဇအရင်းအမြစ်များနှင့် မျိုးရွေးချယ်မှုများအပေါ် အဓိကထား ဆွေးနွေးသည်။
မြန်မာနိုင်ငံ၏ ပေါ်ထွန်းလာမည့် အလားအလာ များကို ကမ္ဘာ့အဆင့်မီ စိုက်ပျိုးရေးသုတေသန လုပ်ငန်းများနှင့် ချိတ်ဆက်ခြင်းအားဖြင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးကျင့်စဉ်များ၊ တိကျခိုင်မာသော နည်းပညာအသိပညာ ဖလှယ်မှုများနှင့် ပိုမိုခိုင်မာအားကောင်းသော အရှေ့တောင်အာရှကော်ဖီ အသိုက်အဝန်းကြီးပေါ်ထွန်းလာစေရန်နှင့် ဗီယက်နမ်- မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရေးကို ဖော်ဆောင်ပေးနိုင် မည်ဖြစ်ကြောင်း မြန်မာနိုင်ငံကော်ဖီအသင်းမှ ထုတ်ပြန်ထားသည်။
MT
