May 04, 2026
စာပေဟောပြောပွဲတစ်ခုမှ နားထောင်ခဲ့ရတာတစ်ခုကို ပြန်လည်မျှဝေချင်ပါသည်။ နားထဲစွဲမြဲခဲ့ပြီး ယနေ့ တိုင်မှတ်သားမိနေခြင်းလည်းဖြစ်သည်။ တစ်ခါက ရွာတစ်ရွာမှာ ဖိုးထောင်ဆိုသည့် အသက်၂၀ ဝန်းကျင် လူငယ်တစ်ဦးနေထိုင်သည်။ ဖိုးထောင်က မိဘမရှိ၊ ပညာမတတ်။ ဆင်းရဲသည်မှာ ခါးတွင်ဝတ်ထားသည့် အဝတ်အထည်အပြင်အပိုမရှိ။ ဓားမတိုလေးတစ် ချောင်းသာပိုင်ပြီး ရွာထိပ်ကအကြော်ဖိုတဲတွင် အိပ်ရသည်။ ထင်းခုတ်၍ အကြော်သည်ထံသွင်းရပြီး အကြော်သည်ကပေးသည့် ထမင်းကြမ်းခဲနှင့်အကြော်ကိုစားကာ အသက်ဆက်နေရသည်။ ထင်းသွားခုတ် အကြော်သည်ထံတွင်ရောင်းရင်း ဖိုးထောင်အသက်ရှင်သန်ခဲ့ရသည်။