2nd International Forum of the Union State “Great Heritage – Common Future” ဖိုရမ်သို့တက်ရောက်ရန် ဘယ်လာရုစ်နိုင်ငံ ဘရက်စ်မြို့၌ ရောက်ရှိနေသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီဦးဆောင်သည့် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ဒေသစံတော်ချိန် ၁၂ နာရီတွင် ဘရက်စ်မြို့ Brest Regional Community and Cultural Center ၌ ကျင်းပပြုလုပ်သည့် 2nd International Forum of the Union State “Great Heritage – Common Future” ဖိုရမ်သို့ ဖိတ်ကြားထားသော နိုင်ငံ ၁၇ နိုင်ငံမှ လွှတ်တော်ဥက္ကဋ္ဌများ၊ အဆင့်မြင့်နိုင်ငံတကာ ကိုယ်စားလှယ်အဖွဲ့များနှင့်အတူ တက်ရောက်ကာ စုံညီအစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက မိန့်ခွန်းတစ်ရပ် ပြောကြားသည်။
Jun 23, 2026
နည်းပညာတိုးတက်လာမှုနှင့်အတူ နေ့စဉ်နှင့်အမျှ အကြောင်းအကျိုး၊ အကောင်းအဆိုးတို့ကို အလွယ်တကူသိမြင်လာရသည်။ ပြည်သူများ၏ အသိဉာဏ်ပညာဗဟုသုတရှိမှုအလိုက် အကြောင်းအကျိုး၊ အကောင်းအဆိုးတို့ကို ခွဲခြမ်းစိတ်ဖြာသုံးသပ်လာနိုင်ကြသည်။ မြန်မာနိုင်ငံအပေါ် အကောင်းမြင်စိတ်ထားရှိကြသူများနှင့် အပြုသဘောမဆောင် အကောင်းမမြင်သူများကြား၌ သတင်းတု၊ သတင်းမှား၊ မမှန်သတင်းဖြန့််ချိနေသူများ၏ နေ့စဉ်နှင့်အမျှ နှောင့်ယှက်မှုများရှိနေသည်။ မိမိနိုင်ငံ၏ ပုံရိပ်များကောင်းမွန်မှ မိမိနိုင်ငံ၏ ဂုဏ်သိက္ခာကောင်းမွန်မည်ဖြစ်၍ နိုင်ငံ့ပုံရိပ်ထိခိုက်အောင် နှောင့်ယှက်နေမှုများအား ရှောင်ရှားခြင်း၊ ပြန်လည်တုံ့ပြန်ခြင်း၊ ဝိုင်းဝန်းဆန့်ကျင် တိုက်ဖျက်ခြင်းတို့ ပြုလုပ်ကြရမည်ဖြစ်သည်။
Jun 23, 2026
လူတိုင်း ကျန်းမာအသက်ရှင်နိုင်ရေးအတွက် နေ့စဉ်မဖြစ်မနေ စားသောက်နေကြရသည့် ရေနှင့် အစားအစာတို့ ကျန်းမာရေးနှင့်ညီညွတ်ရန်၊ ဘေးကင်းလုံခြုံရန်လိုသည်။ မိမိတို့နိုင်ငံတွင် အရည်အသွေး စစ်မှန်ကောင်းမွန်ပြီး ဘေးဥပဒ်အန္တရာယ်ကင်းရှင်းသော အစားအသောက်ကို အများပြည်သူတို့ စားသုံးနိုင်ရန်၊ ဘေးဥပဒ်အန္တရာယ်ဖြစ်စေနိုင်သော၊ ကျန်းမာရေးကို ထိခိုက်စေနိုင်သော အစားအသောက်ကို အများပြည်သူတို့ စားသုံးမိခြင်းမှ ကာကွယ်ရန်၊ ထိန်းချုပ်အစားအသောက်ထုတ်လုပ်ခြင်းကို စနစ်တကျကြီးကြပ်ကွပ်ကဲနိုင်ရန်၊ အစားအသောက်များထုတ်လုပ်ခြင်း၊ ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်းများကို စနစ်တကျ ကွပ်ကဲထိန်းသိမ်းရန်အတွက် အမျိုးသားအစားအသောက်ဥပဒေကို ပြဋ္ဌာန်းထားရာ စားစရာ၊ သောက်စရာ ထုတ်လုပ်သူ၊ တင်သွင်းသူ၊ တင်ပို့သူ၊ သိုလှောင်သူ၊ သယ်ယူပို့ဆောင်သူ၊ ဖြန့်ဖြူးရောင်းချသူတိုင်း လိုက်နာကြရန်လိုသည်။
Jun 22, 2026
PDF အမည်ခံအကြမ်းဖက်သမားများသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်စေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံအားပေးလာစေရန် ယုတ်မာသည့် ရည်ရွယ်ချက်များဖြင့် ပညာသင်ကြားပေးလျက်ရှိသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများအား ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ စာသင်ကျောင်းများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ Drop Bomb ချ တိုက်ခိုက်ခြင်းများကို နည်းလမ်းမျိုးစုံဖြင့် ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိကြသည်။
Jun 22, 2026
သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းနိုင်စေရန်နှင့် ရာသီဥတုကို အထောက်အကူဖြစ်စေရန်၊ အရိပ်အာဝါသ ရရှိစေရန်၊ နိုင်ငံ့စီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် တိုင်းစစ်ဌာနချုပ် အသီးသီးတို့တွင် ၂၀၁၁ ခုနှစ်မှစ၍ နှစ်စဉ် မိုးရာသီ တစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးပွဲများ ကျင်းပပြုလုပ်လျက်ရှိသည်။
Jun 22, 2026
နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ ကမ္ဘာတစ်ဝန်းရှိ လူသားမျိုးနွယ်အားလုံး၏ လူမှုဘဝများကို ထိခိုက်ပျက်စီးစေပြီး အများပြည်သူ အကျိုးစီးပွားကို ထိခိုက်ပျက်စီးအောင် အလုံးစုံအန္တရာယ်ပေးလျက်ရှိသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အလေးထားဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံ အစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ အဆက်မပြတ် အရှိန်အဟုန်မြှင့်တင် ပြတ်ပြတ်သားသား နှိမ်နင်းတိုက်ဖျက်လျက်ရှိသည်။
Jun 22, 2026
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဘင်းမ်စတက် အတွင်းရေးမှူးချုပ် H.E. Mr. Indra Mani Pandey ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ လာရောက်ဂါရဝပြု တွေ့ဆုံသည်။
Jun 22, 2026
ဂျပန်နိုင်ငံ ဖူကူအိုကာမြို့အခြေစိုက် အာရှ - ပစိဖိတ်ဒေသ ကလေးများဆိုင်ရာကွန်ဗင်းရှင်းက ဦးစီး၍ နှစ်စဉ် ဇူလိုင်လ၌ ကျင်းပမည့် နွေရာသီအပြည်ပြည်ဆိုင်ရာ ကျောင်းသားလူငယ်များ တွေ့ဆုံစခန်းချပွဲ (BRIDGE Summer Camp – 2026) သို့ Junior Ambassadors များအဖြစ် မြန်မာနိုင်ငံမှ ပါဝင်တက်ရောက်ရန် မြန်မာ - ဂျပန်ချစ်ကြည်ရေးအသင်း (MJA) က ဦးစီးပြီး အခြေခံပညာကျောင်းသား ကျောင်းသူ ခြောက်ဦးအား မတ်လမှစ၍ ရွေးချယ်ဖွဲ့စည်းလေ့ကျင့်ပေးခဲ့သည်။
Jun 22, 2026
အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ၏ ပင်လယ်ရေမျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အားအနည်းငယ်ရှိသော အယ်လ်နီညိုအခြေအနေတွင် ဆက်လက်တည်ရှိနေသည်။ နိုင်ငံတကာမိုးလေဝသဌာနများ၏ သင်္ချာပုံစံပြုမော်ဒယ်လ်များခန့်မှန်းချက်အရ ၂၀၂၆ ခုနှစ် ဇူလိုင်လအတွင်း အားအသင့်အတင့်ရှိသော အယ်လ်နီညိုအခြေအနေသို့လည်းကောင်း၊ ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် အားအလွန်ကောင်းသော အယ်လ်နီညိုအခြေအနေသို့လည်းကောင်း ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရသည်။
နောက်ဆုံးရသတင်းများ
Jun 23, 2026Latest News
2nd International Forum of the Union State “Great Heritage – Common Future” ဖိုရမ်သို့တက်ရောက်ရန် ဘယ်လာရုစ်နိုင်ငံ ဘရက်စ်မြို့၌ ရောက်ရှိနေသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီဦးဆောင်သည့် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည်
Jun 23, 2026Latest News
နည်းပညာတိုးတက်လာမှုနှင့်အတူ နေ့စဉ်နှင့်အမျှ အကြောင်းအကျိုး၊ အကောင်းအဆိုးတို့ကို အလွယ်တကူသိမြင်လာရသည်။ ပြည်သူများ၏ အသိဉာဏ်ပညာဗဟုသုတရှိမှုအလိုက် အကြောင်းအကျိုး၊ အကောင်းအဆိုးတို့ကို ခွဲခြမ်းစိတ်ဖြာသုံးသပ်လာနိုင်ကြသည်။ မြန်မ
Jun 23, 2026Latest News
လူတိုင်း ကျန်းမာအသက်ရှင်နိုင်ရေးအတွက် နေ့စဉ်မဖြစ်မနေ စားသောက်နေကြရသည့် ရေနှင့် အစားအစာတို့ ကျန်းမာရေးနှင့်ညီညွတ်ရန်၊ ဘေးကင်းလုံခြုံရန်လိုသည်။ မိမိတို့နိုင်ငံတွင် အရည်အသွေး စစ်မှန်ကောင်းမွန်ပြီး ဘေးဥပဒ်အန္တရာယ်ကင်းရှင်းသေ
Jun 22, 2026Latest News
PDF အမည်ခံအကြမ်းဖက်သမားများသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်စေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံအားပေးလာစေရန် ယုတ်မာသည့် ရည်ရွယ်ချက်များဖြင့် ပညာသ
Jun 22, 2026Latest News
သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းနိုင်စေရန်နှင့် ရာသီဥတုကို အထောက်အကူဖြစ်စေရန်၊ အရိပ်အာဝါသ ရရှိစေရန်၊ နိုင်ငံ့စီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများနှင
ဆောင်းပါးကဏ္ဍ
Jun 22, 2026အွန်လိုင်းစလော့ဂိမ်းလောင်းကစားများသည် ယနေ့ခေတ်တွင် “ဖျော်ဖြေရေး” သို့မဟုတ် “ဂိမ်း” အဖြစ် လူအများ၏ လက်ဖဝါးထဲက ဖုန်းမျက်နှာပြင်ပေါ်သို့ တိတ်တဆိတ် ဝင်ရောက်လာနေသည်။ သို့သော် ထိုမျက်နှာပြင်ပေါ်တွင် လူတစ်ယောက်၏ ငွေကြေး၊ စိတ်ဓာတ်နှင့် အနာဂတ်ကို တဖြည်းဖြည်းပျက်စီးသွားစေနိုင်သည့် ထောင်ချောက်တစ်ခုရှိနေသည်ကို လူအများသတိမထားမိကြပေ။
Jun 22, 2026တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိခဲ့သည့် နိုင်ငံတော်သမ္မတကြီး၏ခရီးစဉ်အတွင်း ပေကျင်းမြို့၊ ရှန်ဟိုင်းမြို့ လင်းကန်အထူးဧရိယာနှင့် ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့တို့သို့ သွားရောက်ခဲ့သည်။ ဇွန်လ ၁၈ ရက် ညပိုင်းတွင် ရှန်ဟိုင်းမြို့မှ G23 အမြန်ရထားဖြင့် ထွက်ခွာရာ လေဆိပ်ပုံသဏ္ဌာန် တည်ဆောက်ထားသည့် ဟန်ကျိုးဘူတာသို့ ရောက်ရှိခဲ့သည်။ ထို့နောက် ဟန်ကျိုးမြို့ Huajia Shanzhuang ဟိုတယ်၌ နိုင်ငံတော်သမ္မတ ခေတ္တတည်းခိုစဉ် ကျဲ့ကျန်းပြည်နယ် ပါတီအတွင်းရေးမှူး မစ္စတာဝမ်ဟောက် လာရောက်ဂါရဝပြုတွေ့ဆုံနှုတ်ဆက်ပြီး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ နည်းပညာကဏ္ဍ၊ အထည်အလိပ်ကဏ္ဍ၊ စိုက်ပျိုးရေးနှင့် လက်ဖက်ကဏ္ဍ၊ စွမ်းအင်ကဏ္ဍတို့တွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့်ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
Jun 22, 2026ကျေးလက်စီးပွားရေးစင်တာ (Rural Business Hubs-RBHs) ။ ကျေးလက်စီးပွားရေးစင်တာများ သည် ကျေးလက်လူငယ်များ အဆင့်မြင့်အလုပ်အကိုင်၊ နည်းပညာများရရှိစေရန်၊ စီးပွားရေးဖွံ့ဖြိုးမှုနှင့် ကိုယ်ပိုင်လုပ်ငန်း စတင်နိုင်စွမ်းတိုးတက်စေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ထားခြင်းဖြစ်ပါသည်။ လူငယ်များအတွက် ကျွမ်းကျင်မှုမြှင့်တင်ရေးအစီအစဉ်၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ လေ့ကျင့်သင်ကြားပေးခြင်း၊ ကိုယ့်အားကိုယ်ကိုးအစီအစဉ်နှင့် ဖွံ့ဖြိုးရေးလေ့ကျင့်မှုအစီအစဉ်များကို ပံ့ပိုးပေးပါသည်။
Jun 22, 2026နိုင်ငံတိုင်း ရင်ဆိုင်ကြုံတွေ့နေရသည့် ကမ္ဘာလုံးဆိုင်ရာ အကြီးမားဆုံးပြဿနာတစ်ရပ်ဖြစ်သည့် မူးယစ်ဆေးဝါးပြဿနာတွင် လူလုပ်ဆေးဝါးသစ်များ လွယ်ကူစွာ ဝယ်ယူရရှိမှုများသည် ပြဿနာကို ပိုမိုဆိုးရွားလာခြင်း၊ မူးယစ်ဆေးဝါးများကို ဆက်သွယ်ရေးလုပ်ငန်းများ၊ ပုဂ္ဂလိကအမြန်ချောပို့လုပ်ငန်းများ၊ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများကို အသုံးပြု၍ ပို့ဆောင်ရောင်းဝယ်မှုများ ပြုလုပ်နေခြင်းနှင့် အဓိကပင်လယ်ရေကြောင်းလမ်းများမှတစ်ဆင့် သယ်ဆောင်ရောင်းဝယ်မှုများ ပြုလုပ်နေကြသည်ကို ဖမ်းဆီးရမိမှုဖြစ်စဉ်များအရ တွေ့ရှိရခြင်း၊ နည်းပညာတိုးတက်လာမှုကြောင့် အွန်လိုင်းဘဏ်လုပ်ငန်းဝန်ဆောင်မှုများမှတစ်ဆင့် ငွေပေးချေမှုများအသုံးပြုလာပြီး အွန်လိုင်းမူးယစ်ဆေးဝါးဈေးကွက်သည်လည်း ကျယ်ပြန့်စွာနေရာယူ ထိုးဖောက်ဝင်ရောက်လာသည်ကို တွေ့ရှိရခြင်း၊ မူးယစ်ကုန်ကူးသူတို့က ကမ္ဘာ့စီးပွားရေးကျပ်တည်းမှုအခြေအနေများကြောင့် အလုပ်လက်မဲ့ဦးရေ များပြားလာမှုအပေါ် အခွင့်ကောင်းယူပြီး အလွယ်တကူ ဝင်ငွေရလွယ်သော မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုအတွက် သယ်ဆောင်ခပေး၍ အသုံးချလာခြင်း၊ မူးယစ်ဆေးဝါးပျံ့နှံ့နေမှု အကျိုးဆက်အနေဖြင့် အချို့နိုင်ငံများတွင် မူးယစ်ဆေးဝါးသုံးစွဲမှုများ မြင့်တက်လာနေသည် ကို တွေ့ရှိရခြင်း၊ UNODC ၏ ၂၀၂၁ ခုနှစ်အတွင်း အရှေ့နှင့် အရှေ့တောင်အာရှဒေသရှိ လူလုပ်ဆေးဝါးနှင့်ပတ်သက်သည့် အစီရင်ခံစာအရ မက်သ်အဖက်တမင်း (Methamphetamine) နှင့် အိုက်စ်ဟုခေါ်သော မက်သ်အဖက်တမင်းပုံဆောင်ခဲ (Crystal Methampheta - mine (Ice)) ဖမ်းဆီးရမိမှုမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာသည်နှင့်အညီ ထုတ်လုပ်မှုနှင့် သုံးစွဲသူဦးရေလည်း တိုးမြင့်လာခြင်း၊ လူလုပ်ဆေးဝါးများ ထုတ်လုပ်သယ်ဆောင်ရောင်းဝယ်မှုများသည်လည်း လျော့ကျသွားခြင်းမရှိဘဲ ဆက်လက်ကျယ်ပြန့်လျက်ရှိခြင်းတို့ကို မူးယစ်ဆေးဝါးပြဿနာများအဖြစ် တွေ့မြင်နေရပါသည်။- Jun 21, 2026မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ မဟာဗျူဟာနှင့် စီးပွားရေးတိုးတက်မှု အလားအလာများအတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်သို့ ဆက်သွယ်ချိတ်ဆက်ပေးထားသည့် ပေါင်းကူးတံတားသဖွယ်ဖြစ်သည်။ ပထဝီအနေအထားအရ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့် ပိုးလမ်းမကြီး (Belt and Road Initiatives - BRI) စီမံကိန်းနှင့် မြန်မာ-တရုတ်စီးပွားရေးစင်္ကြံ (CMEC)တွင် မဟာဗျူဟာမြောက်ဝင်ပေါက် (Strategic Gateway)၊ အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ကို ဖန်တီးပေးနိုင် မည့်နေရာတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံဖြစ်ရုံမျှမက အာဆီယံနိုင်ငံများတွင် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်လမ်းကြောင်း အတိုဆုံးပေးနိုင်သောနိုင်ငံ ဖြစ်သည်။ နိုင်ငံတော်သမ္မတနှင့်အဖွဲ့ တရုတ်နိုင်ငံသို့ ရောက်ရှိလာချိန်တွင် တရုတ်နိုင်ငံက အကောင်အထည်ဖော်လျက်ရှိသည့် ရပ်ဝန်းနှင့်ပိုးလမ်းမကြီးစီမံကိန်း၏စီးပွားရေးဖွံ့ဖြိုးမှု အရှိန်အဟုန် မြှင့်တင်ရေးတွင် မြန်မာနိုင်ငံလည်း ပါဝင်မည့်အခွင့်အလမ်းသစ်များ ပေါ်ထွက်လာသည်။
Jun 21, 2026တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတမစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန် ၁၉ ရက်တွင် ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့ရှိ နည်းပညာမြင့် စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်လေ့လာကြရာ ဦးစွာ Zhejiang Leapmotor Technology Co., Ltd. သို့ ရောက်ရှိကြသည်။
