မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အများဆုံးအခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင်အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်းခြင်း၊ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်းစဉ်များတွင် အသုံးပြုခဲ့သည့်သိမ်းဆည်းရမိပစ္စည်းများနှင့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်းတာဝန်ရှိသူများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိသည်။
Dec 25, 2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ ည ၇ နာရီ ၂၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကလေး (အနောက်) ရပ်ကွက်၊ အထက်ပန်းဆိုးတန်းလမ်း၊ တိုက်အမှတ် ၈၄ နှင့် ၈၆ ကြားတွင် အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးသူများက အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်လုပ်မိုင်းအား အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် လမ်းဘေး၌ ရပ်တန့်ထားသော YGN-18 1E/7972 NISSAN TIIDA LATIO မော်တော်ယာဉ်တွင် ဝဲ/ယာဘက်မှန်တံခါး ၄ ချပ်နှင့် ယာဘက်ခြမ်းတံခါးများတွင် မိုင်းပေါက်ကွဲစများထိမှန်ခဲ့ရာ တန်ဖိုးကျပ် ၁၈ သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့သည်။
Dec 25, 2025
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၂၁ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်သတင်းအရ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၊ ၅၆(A) x ၁၁၀ လမ်းထောင့်တွင် အောင်မြင့် မောင်းနှင်ပြီး ဝင်းမြိုင် လိုက်ပါလာသော TOYOTA LAND CRUISER မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ဘိန်းဖြူ ၄ ဒသမ ၄ ကီလို (၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၁,၁၀၀)အား ဖမ်းဆီးရမိပြီး စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ည ၆ နာရီခွဲအချိန် ၎င်းတို့ ၂ ဦး နေထိုင်သည့် အမရပူရမြို့နယ်၊ “ဝဝ”(၂)ရပ်ကွက်ရှိနေအိမ်မှ ဘိန်းဖြူ ၉ ဒသမ ၉ ကီလို (၎င်းဒေသတန်ဖိုးငွေကျပ် ၂,၄၇၅ သိန်း)အား ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်း ဘိန်းဖြူ ၁၄ ဒသမ ၃ ကီလို (၎င်းဒေသတန်ဖိုးငွေကျပ် ၃,၅၇၅ သိန်း)အား ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း၊ ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိဘိန်းဖြူများအား ဖယ်ခုံမြို့နယ်နေ ကျော်ဦး(ဖမ်းဆီးရန်ကျန်)မှ မန္တလေးသို့ ပို့ဆောင်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
Dec 25, 2025
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် အေးမင်းဦးနှင့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများနှင့် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
Dec 25, 2025
၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)တွင် ပါဝင်သည့်မြို့နယ် (၁၀၂) မြို့နယ်ကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့တွင် ကြေညာချက်အမှတ် (၅၆/၂၀၂၅) ဖြင့်လည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအပိုင်း (၂)တွင် ပါဝင်သည့် မြို့နယ်(၁၀၀)မြို့နယ်ကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့တွင် ကြေညာချက်အမှတ် (၁၄၁/၂၀၂၅) ဖြင့်လည်းကောင်း သတ်မှတ်ကြေညာခဲ့ပြီး ဖြစ်ပါသည်။
Dec 25, 2025
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ပြည်နယ်လွှတ်တော်ခန်းမဆောင်၌ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်များမှ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) စက်များ လာရောက်ထုတ်ယူမှုအခြေအနေများကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
Dec 25, 2025
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Dec 25, 2025
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ယမန်နေ့နံနက်ပိုင်းတွင် မြနန်းစံကျော်ရွှေနန်းတော်ရှိ နန်းဆောင်များ ဆေးသုတ်ခြင်း၊ အမွှမ်းပန်းများ ထိန်းသိမ်းခြင်း၊ မြေနန်းပြာသာဒ်ဆောင်တွင် ယွန်းကြိုးထိုးခြင်း၊ ဝေါကြီးရိပ်ဝှဲ (ခြင်္သေ့ခံ) ပုံစံတူပြုလုပ်ပြသခြင်း၊ ရွှေတိုက်ဆောင်၊ မှန်နန်းဆောင်နှင့် ဘုရင့်အိပ်ခန်းဆောင်ရှိ နန်းသုံးပစ္စည်းများ ခင်းကျင်းပြသထားမှုများကို ကြည့်ရှုစစ်ဆေးသည်။
Dec 25, 2025
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ အားကစားရုံ (B) နှင့် ဖူဆယ်အားကစားရုံတို့အား ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
နောက်ဆုံးရသတင်းများ
Dec 25, 2025Latest News
မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အများဆုံးအခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင်အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်းခြင်း၊ အွန်လိုင်းလိမ်လည်လေ
Dec 25, 2025Latest News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ ည ၇ နာရီ ၂၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကလေး (အနောက်) ရပ်ကွက်၊ အထက်ပန်းဆိုးတန်းလမ်း၊ တိုက်အမှတ် ၈၄ နှင့် ၈၆ ကြားတွင် အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးသူများက အ
Dec 25, 2025Latest News
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၂၁ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်သတင်းအရ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၊ ၅၆(A) x ၁၁၀ လမ်းထောင့်တွင် အောင်မြင့် မောင်းနှင်ပြီး
Dec 25, 2025Latest News
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ အစည်း
Dec 25, 2025Latest News
၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)တွင် ပါဝင်သည့်မြို့နယ် (၁၀၂) မြို့နယ်ကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့တွင် က
ဆောင်းပါးကဏ္ဍ
Dec 24, 2025အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လန်ဒန်အခြေစိုက် ဘီဘီစီသတင်းဌာနကို အသရေဖျက်မှုနဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ တရားစွဲဆိုလိုက်ပြီး နစ်နာကြေးအဖြစ် ဒေါ်လာ ၁၀ ဘီလီယံပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့မှာ ပြောကြားခဲ့တဲ့ ထရမ့်ရဲ့မိန့်ခွန်းကို ဘီဘီစီသတင်းဌာနက အစီအစဉ်တစ်ခုမှာ တည်းဖြတ်ထုတ်လွှင့်မှုနဲ့ပတ်သက်လို့ တရားစွဲဆိုလိုက်တာလည်း ဖြစ်ပါတယ်။ သမ္မတထရမ့်ရဲ့ တရားစွဲဆိုမှုမှာ အမှုနှစ်ခုပါဝင်ပြီး စွဲချက်တစ်ခုကို ဒေါ်လာငါးဘီလီယံနဲ့ စွဲချက်နှစ်ခုလုံးအတွက် စုစုပေါင်း ဒေါ်လာ ၁၀ ဘီလီယံလျော်ကြေးပေးဖို့ သမ္မတဒေါ်နယ်ထရမ့်က ဘီဘီစီကို တောင်းဆိုထားပါတယ်။
Dec 23, 2025ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Dec 23, 2025လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ခြင်းသည် လူတစ်ဦးတစ်ယောက်ချင်း၏ နေထိုင်မှုဘဝအဆင်ပြေချောမွေ့ခြင်းမှသည် လူမှုဘဝနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်ခြင်း၊ အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ခြင်းနှင့်အတူ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ခြင်းတို့အတွက် အဓိကအခြေခံအချက် ဖြစ်ပါသည်။
Dec 23, 2025သမိုင်းကိုပြန်ကြည့်လျှင် ကိုယ့်ထီးကိုယ့်နန်း ကိုယ်ကြငှန်းနှင့် တိုင်းရင်းသားသွေးချင်းတို့ မြေသည် သာယာဝပြောစည်ကားခဲ့သည်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်နှင့်ရှမ်းတို့သည် မျိုးနွယ်စုကြီးများအဖြစ် ရှေးနှစ်ပရိစ္ဆေဒများစွာကတည်းက အေးအတူပူအမျှ ဤမြေတွင် အတူတကွနေလာခဲ့ပြီးသံယောဇဉ်က ကြီးမားခဲ့သည်။ မြန်မာတို့သည် မြင့်မားသည့် တောင်တန်းကြီးများနှင့် ဤတောင်တန်းများအကြား တသွင်သွင် စီးဆင်းနေသည့် ဧရာဝတီ၊ သံလွင်၊ စစ်တောင်း၊ ချင်းတွင်းမြစ်တို့ကို အကြောင်းပြုပြီး တိုင်းရင်းသား အပေါင်း စုစည်းနေထိုင်ခဲ့ကြသည်။
Dec 22, 2025ရောဂါအထူးအဆန်းများ တစ်မျိုးပြီးတစ်မျိုးပေါ်ထွက်လာနေသော၊ တစ်နေ့တခြား စိတ်ဖိစီးမှုများ ပိုမိုများပြားလာနေသော ယနေ့ကမ္ဘာတွင် အမှိုက်ကင်းစင်၍ သန့်ရှင်းသပ်ရပ်သောပတ်ဝန်းကျင်၌ နေထိုင်လုပ်ကိုင်ရှင်သန်နိုင်ရေးသည် လူသားတို့၏ နေ့စဉ်ဘဝအတွက် အလွန်အရေးပါသည့်အကြောင်းကိစ္စဖြစ်လာနေသည်။ နေအိမ်များ၊ လမ်းများ၊ ကျေးရွာ/ရပ်ကွက်များ၊ ရုံးဌာနများ စသဖြင့် နေ့စဉ်လူအများ မှီခိုနေထိုင်ရသည့်၊ ကျင်လည်လှုပ်ရှားနေရသည့်နေရာဝန်းကျင်တို့သည် သန့်သန့်ပြန့်ပြန့်၊ သပ်သပ်ရပ်ရပ်ရှိနေခြင်း၊ မျက်စိပသာဒအမြင်တွင် ရှင်းရှင်းလင်းလင်းရှိနေခြင်းတို့က ကိုယ်ခန္ဓာကျန်းမာရေးနှင့် စိတ်ခံစားမှုကောင်းမွန်ရေးတို့အတွက် များစွာအထောက်အကူပြုသည်ဟု သုတေသီများက ရှာဖွေတွေ့ရှိထားသည်။
Dec 22, 2025၂၀၂၅ ခုနှစ်အကုန်၊ ၂၀၂၆ ခုနှစ်ဆန်း ကာလအပိုင်းအခြားတစ်ခုကားနိုင်ငံအတွက် အလွန်အရေးကြီးသော ကာလတစ်ခု၊ ပြည်သူများအတွက် မလွဲမသွေဖြတ်ကျော်ရမည့် အချိုးအကွေ့တစ်ခုဖြစ်နေသည်။ ဒီဇင်ဘာလ ၂၈ ရက်နေ့မှစ၍ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို အပိုင်းသုံးပိုင်းဖြင့်ကျင်းပမည်ဖြစ်ရာ ပြည်သူများကလည်း နိုင်ငံသားတာဝန်ကျေပွန်စွာ မိမိတို့နှစ်သက်ရာ ကိုယ်စားလှယ်များ၊ ပါတီများကို မဲပေးရွေးချယ်ကြတော့မည်ဖြစ်ပါသည်။
